ခွဲမွေးထားတဲ့အခါ ချုပ်ရိုးမြန်မြန်ကျက်ဖို့ အရေးကြီးပါတယ်။ ဒါမှ ချုပ်ရိုးကွဲတာ၊ ပိုးဝင်တာတွေ မဖြစ်မှာပါ။ ချုပ်ရိုးမြန်မြန်ကျက်ဖို့ လိုက်နာရမယ့် အချက်တွေကတော့
-အနားယူပါ။ အထူးသဖြင့် အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။
-လမ်းလျှောက်ပါ။ ပြန်လှုပ်ရှားလို့ရပြီဆိုတာနဲ့ နည်းနည်းစီ ပြန်လျှောက်ပေးပါ။ ဒါမှသွေးလည်ပတ်မှုကောင်းပြီး အနာကျက်မြန်မှာပါ။
-ဝမ်းချုပ်မခံပါနဲ့။ ဝမ်းသွားဖို့ ညှစ်တဲ့အခါ အခန့်မသင့်ရင် ချုပ်ရိုးကွဲတတ်ပါတယ်။ ဝမ်းမချုပ်အောင် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။
-ချောင်းဆိုးနေရင် ကုသပါ။ မကြာခဏ ချောင်းဆိုးရင် ချုပ်ရိုးပွင့်တတ်လို့ နှာချေချောင်းဆိုးဖြစ်နေရင် ကုသပါ။
-အနာမြန်မြန်ကျက်အောင် ပရိုတင်းကြွယ်ဝတဲ့ အသား၊ ပဲ၊ ဥ စားပါ။ ဗီတာမင်စီ၊ ဇင့် ကြွယ်ဝတာ စားပေးပါ။