ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်မရလိုခြင်း

အတူမနေတာ ၁လကျော်ပြီ ဖြစ်ပြီးပြီချင်း အရေးပေါ်တားဆေးသောက်တယ် အက်တာအခုထိ အဖြူဆင်းတာမရပ်လို့ နားမလည်လို့ပါ


0
24
မှတ်ချက် 1 ခု
ကိုယ်ဝန်ရရှိလိုခြင်း

သားဥ ကြွေရက်က ဒီလ 19 ရက်နေ့ပါ

Hello Dr စစ်တမ်းမှာ ဖော်ပြတာက

17 ရက် 18 ရက်က လေးရဖို့

19 ရက်နေ့ထက် ရာခိုင်နှုန်းပိုများနေလို့ပါခင်ဗျ အဲ့ဒါ ဘယ်ချိန်နေရင် ကလေးရနူိင်ချ ပိုများမလို့ သိချင်လို့ပါခင်ဗျာ ကျေးဇူးပြုပီး ပြန်လည်ဖြေကြားပေးစေလိုပါတယ်

0
27
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်မေမေတို့ ညအိပ်ပျော်အောင် ဘာတွေစားရမလဲ...?

အရင်က အိပ်မပျော်တာမျိုး မရှိပါဘူး။ကိုယ်ဝန်ရမှပဲ သေချာကို အိပ်မပျော်ဘူးဆိုတဲ့ မေမေတွေရှိလား……

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝဝ

အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့

ဘာစားရမလဲဆိုတာ သိထားမှရမှာပေါ့ ...

ကိုယ်ဝန်ဆောင်မေမေတို့ ညအိပ်ပျော်အောင် ဘာတွေစားရမလဲဆိုတာ မနက်ဖြန်

ဆောင်းပါးလေးနဲ့တကွ ဖော်ပြပေးမယ်နော်....

ကိုယ်ဝန်ဆောင်မေမေတို့ ညအိပ်ပျော်အောင် ဘာတွေစားရမလဲ...?ကိုယ်ဝန်ဆောင်မေမေတို့ ညအိပ်ပျော်အောင် ဘာတွေစားရမလဲ...?
0
5
မှတ်ချက် 0 ခု
လူခြောက် လေးက စီးပွားတက်စေသလား... ?

ဒီအဖွဲ့ထဲက မေမေတို့ လူခြောက်လေးမွေးတယ်ဆိုတာ ကြားဖူးကြတယ် ဟုတ်။ လူခြောက် လေးမွေးပြီဆိုရင် မိဘတွေက စီးပွားတက်တယ် ဒီကလေးကအိပ်မက်ပေးတယ် စတဲ့ လောကီထဲက အယူတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ သိပ္ပံပညာမှာတော့ လူခြောက်လေးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ မေမေတို့ ဗဟုသုတရအောင် လူခြောက်လေးအကြောင်းကို ဒီမှာဖတ်ရှု လိုက်ပါနော်....

0
3
မှတ်ချက် 0 ခု
အယ်ထွာဆောင်းက အန္တရာယ်ကင်းရဲ့လား

မေမေတွေကို အယ်ထွာဆောင်းရိုက်ပါဆိုရင်လေ ကလေးလေးကို ဓာတ်ရောင်ခြည်ထိမှာလားဆိုပြီး ပြန်ပြန်မေးတတ်ကြပါတယ်။

တကယ်တော့ အယ်ထွာဆောင်းက အသံလှိုင်းနဲ့ ရိုက်တာမို့လို့ ကလေးလေးကို မထိခိုက်ပါဘူးနော်။ မေမေတို့ တွေ့နေကြ ဓာတ်မှန်ရိုက်တာတွေနဲ့ မတူပါဘူး။ ဒါက အန္တရာယ်ကင်းပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အယ်ထွာဆောင်းရိုက်တာက အရေးကြီးပါတယ်။ မေမေတို့ဗိုက်ထဲမှာ ဘာဖြစ်နေလဲ။ ကလေးလေး ကျန်းမာရဲ့လားဆိုတာကို ဒီအယ်ထွာဆောင်းကနေ ကြည့်တာပါ။

အနည်းဆုံးတော့ Dating scanနဲ့ Anomaly scanဆိုပြီး ရိုက်ကြပါတယ်။ ၆ပတ်ဝန်းကျင်လောက်မှာ မေမေတို့ ဘယ်တော့မွေးမှာလဲဆိုပြီး ရိုက်တာတစ်ခု၊ ၅လလောက် ဝန်းကျင်မှာ မေမေတို့ ကလေး ကိုယ်လက်အင်္ဂါစုံရဲ့လား။ ဘာလေးလဲဆိုပြီး ရိုက်တာက တစ်ခုပေါ့နော်။

အနည်းဆုံးတော့ ဒီနှစ်ခုရိုက်ရပါတယ်။ ကြားထဲမှာ ထပ်လိုရင်တော့ ထပ်ရိုက်ရပါတယ်။

ပြောချင်တာကတော့ မေမေတို့ အယ်ထွာဆောင်းရိုက်ဖို့ မကြောက်ကြဖို့ပါ။ ဒါက အရေးကြီးတယ်လေနော်။

အယ်ထွာဆောင်းက အန္တရာယ်ကင်းရဲ့လားအယ်ထွာဆောင်းက အန္တရာယ်ကင်းရဲ့လား
0
34
မှတ်ချက် 0 ခု
ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?

မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာအနုနယ်ဆုံးဖြစ်တဲ့ ပထမ ကိုယ်ဝန် ၃ လ မှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ ကြည့်ကြရအောင်။

ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?
ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?
ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?ပထမကိုယ်ဝန် ၃ လမှာ မေမေတို့ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ... ?
0
1
မှတ်ချက် 0 ခု
နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ...?

မေမေတွေကကလေးရဲ့ကျန်းမာရေးနဲ့အာဟာရကိုပဲ အလေးထားကြတော့ ကိုယ့်ဒုက္ခတွေကျမေ့ထားရတာပေါ့။ နို့ချိုတိုက်ကျွေးတဲ့ မေမေတွေရဲ့ဒုက္ခတွေထဲက အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ နို့နာ ဖြစ်ပါတယ်။

မိခင်တွေမှာဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းနာကျင်မှုက ယာယီဝေဒနာတစ်ခုဖြစ်တာကြောင့် စိုးရိမ်စရာတော့မရှိပါဘူး။ ဒီနို့နာဝေဒနာနဲ့ ပက်သက်ပြီး သေချာသိရအောင် ဒီဆောင်းပါးလေး ကို ဖတ်ကြည့်လိုက်ကြရအောင်နော်....

0
8
မှတ်ချက် 0 ခု
ဘေဘီလေး နေမကောင်းဖြစ်ချိန် ဘယ်လိုဂရုစိုက်ပေးရမလဲ...?

ဘေဘီလေးက အစားမစားတတ်သေးတာမို့နေထိုင်မကောင်းချိန်မှာ ဘယ်လိုတွေများ

ဂရုစိုက်ပေးရမလဲဆိုပြီးစိတ်ဖိစီးနေပြီလား…….. မေမေတို့ရေ။ ဒါဆိုရင်တော့

နို့စို့အရွယ် ဘေဘီလေးဖျားနာနေချိန်မှာ ဘေဘီလေး ကျန်းမာလာစေဖို့ မေမေတို့ ဘာတွေစားပေးသင့်လဲဆိုတာကြည့်ကြည့်ရအောင်။ အပြည့်အစုံကိုလည်း ဒီဆောင်းပါးလေး မှာ ဖတ်ရှုနိုင်ပါတယ်။

ဘေဘီလေး နေမကောင်းဖြစ်ချိန် ဘယ်လိုဂရုစိုက်ပေးရမလဲ...?ဘေဘီလေး နေမကောင်းဖြစ်ချိန် ဘယ်လိုဂရုစိုက်ပေးရမလဲ...?
0
7
မှတ်ချက် 0 ခု
ကိုယ်၀န်​ဆောင်ကျန်းမာ​ရေး

ကျွန်မ အသက် ၂၉ နှစ်ပါ သားဦး​မေ​မေပါ DD က ၂၁.၉.၂၂ ပါ ကိုယ်၀န်ကာလ တစ်​လျှောက်လုံး​ရော အခု​၈လ ၉လ ၂လ​လောက်ကအများဆုံး အဖြူလိုကန်​တော့နို့နှစ်​တွေ​တော်​တော်ဆင်းပါတယ်အနံ့က​တော့ချဥ်နံ့လိုပဲအနံ့ဆိုးတာမရှိ​ပေမယ် ​နေ့တိုင်း ဆင်းလို့ ပါရှင့် ဒါက ပုံမှန်ပဲလား တစ်ခုခု များဖြစ်​​နေမလား က​လေးကိုထိခိုက်နိုင်လား ​ဖြေ​​​ပေးပါရှင့်

0
1
မှတ်ချက် 1 ခု
ဗိုက်ခွဲမွေးမယ်ဆိုရင် ဘယ်နှကြိမ်ထိမွေးလို့ရလဲ...?

Hello ဆရာဝန်ရဲ့ ကိုယ်ဝန်ဆောင်အဖွဲ့ အစည်းလေးထဲက မေမေတို့ သိလောက်မယ်ထင်တဲ့ မေးခွန်းလေးတစ်ခုကို မေးကြည့်မယ်နော်... ဒါကတော့ မေမေတို့ ဗိုက်ခွဲမွေးမယ်ဆိုရင် ဘယ်နှကြိမ်ထိမွေးလို့ရလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ကဲ မေမေတို့ ဖြေကြည့်လိုက်ြရအောင်နော်....

ဗိုက်ခွဲမွေးမယ်ဆိုရင် ဘယ်နှကြိမ်ထိမွေးလို့ရလဲ...?ဗိုက်ခွဲမွေးမယ်ဆိုရင် ဘယ်နှကြိမ်ထိမွေးလို့ရလဲ...?
1
135
မှတ်ချက် 6 ခု