ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


အခုချိန်မှာ ခေါင်းအစခြေအဆုံး လက်သီးစုပ်အရွယ် ၃ စင်တီမီတာရှိပါတယ်။ ဖွံ့ဖြိုးဆဲကလေးလေးကို အထောက်အပံံ့ပေးဖို့အချင်းထဲက သွေးကြောတွေက အရွယ်အစားကြီးလာပြီး သွေးကနေတစ်ဆင့် ကလေးလေးဆီပို့တဲ့အာဟာရအကြိမ်ရေလည်း များလာပါတယ်။ ဒီအချိန်ဆိုရင်တော့ သန္ဓေသားလေးက တရားဝင်သန္ဓေသားလေးဖြစ်သွားပါပြီ။ ကလေးလေးရဲ့ခေါင်းက ဖွံ့ဖြိုးနေတုန်းပါပဲ။ ပုံမှန်ဆို ခေါင်းကကိုယ်ရဲ့တစ်ဝက်ကျော်လောက်ကို ပိုရှည်ပါတယ်။ ဒါပေမယ့် နောက်အပတ်တွေထဲမှာ ခန္ဓာကိုယ်ကြီးထွားနှုန်းကမြန်လာပြီးတော့ လိုက်လို့မီလာမှာပါ။ ဒီအပတ်အကုန်မှာဆို လိင်အင်္ဂါပေါ်လာပြီး ကျားမစကွဲတော့မှာပါ။ နောက်အပတ် နည်းနည်းလောက်ကြာတဲ့အထိကို ဆက်ဖွံ့ဖြိုးနေမှာဖြစ်ပြီးတော့ ၁၈-၂၀ ပတ်လောက် မအာထရာဆောင်းရိုက်ပြီး ကွဲကွဲပြားပြားသိရမှာပါ။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

အခုဆိုအားတွေ နည်းနည်းပြန်ပြည့်လာသလို ခံစားရပြီးတော့ ပျို့ချင်တာလည်း သက်သာလာမှာပါ။ ဒါပေမယ့် ဆိုးတာက နောက်ထပ် မနှစ်မြို့စရာ လက္ခဏာတွေထပ်ဖြစ်တော့တာပါပဲ။ ဝမ်းချုပ်တာလည်း တစ်ခုအပါအဝင်ပါ။ ဝမ်းသွားဖို

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...
0
3
မှတ်ချက် 0 ခု
ကိုယ်ဝန် ဆောင် ပျို့အန် ခြင်း

ဒီနေ့တော့ မေမေတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာနဲ့ ပတ်သက်ပြီး နည်းလမ်းကောင်းတွေ ပြောပြပေးပါမယ်။

ကိုယ်ဝန်၃−၄လလောက်ထိ ပျို့တာ၊ အန်တာက ဖြစ်တတ်ပါတယ်။ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။

ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက် ခံရခက်ပြီး အစားမဝင်တာ၊ စိတ်ရှုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မေမေတို့ကို အကြံပေးရရင်

−အရင်ဆုံး ဒါက သဘာဝပဲ၊ ၃လလောက်နေရင် သက်သာသွားမယ်ဆိုတာကို နားလည်ထားပါ။

−အစာသိပ်မဝင်တဲ့အတွက် နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

−နည်းနည်းပဲ စားနိုင်တဲ့အတွက် ဘာစားစား အာဟာရဖြစ်ပြီး အားရှိတာတွေ စားပေးပါ။ ဥပမာ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ၊ အစာကြေလွယ်တာတွေပါ။

−ရေများများသောက်ပါ။

−အိမ်ထဲမှာ လေဝင်လေထွက်ကောင်းအောင် ထားပါ။ အနံ့တွေရရင် ပိုအန်ချင်တတ်ပါတယ်။

−နောက်ပြီး ချင်းစားပေးပါ။ ချင်းသကြားလုံးတို့၊ ချင်းပြုတ်ရည်တို့ သောက်ပေးလို့လည်း ရပါတယ်။ ရင်ပူတတ်ရင်တော့ လျှော့သောက်ပါ။ ချင်း အန်တာကို သက်သာစေပါတယ်။

တကယ်လို့ အန်တာက ပိုပိုဆိုးလာတယ်။ အစားမဝင်၊ အရည်မဝင်လို့ အားနည်းလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ကိုယ်ဝန် ဆောင် ပျို့အန် ခြင်းကိုယ်ဝန် ဆောင် ပျို့အန် ခြင်း
1
25
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ...

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ဆီးချို အမျိုးအစား တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာကြောင့် ကိုယ်ဝန်ဆောင် ဆီးချိုလို့ ခေါ်တာပါ။ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်စေဖို့နဲ့ မိခင်ရော ကလေးမှာပါ ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို သိထားဖို့လိုအပ်ပါတယ်။ မနက်ဖြန် ပို့စ်လေးမှာ ပြောပြသွားပါမယ်နော်။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ... ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ... 
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ရနေတာများလား?

Dem22 ရက်နေ့က ရာသီလာပြီး 24 ရက်နေ့မှာပြီးပါတယ် 27 ရက်နေ့နဲ့ 31 ရက်နေ့မှာ တူတူနေခဲ့ပါတယ် အခု ရာသီမလာသေးလို့ ကိုယ်ဝန်ရနေတာများလား ဖြေပေးပါလား ဆီးစစ်မယ် ဆိုရင်ရော ဘယ်နေ့လောက်မှာ စစ်ရမလည်း

0
20
မှတ်ချက် 2 ခု
Q. 'ကျွန်မက ရိုးရိုးမွေးထားတာ ၃−၄လလောက် ရှိပါပြီ။ အဲ့တာ အတူတူပြန်နေတော့ ကျယ်နေသလို ခံစားရလို့ ဘာလုပ်ရမလဲဟင်။'

ဒီမေမေပြောတဲ့ ကျယ်နေတယ်ဆိုတာ မိန်းမကိုယ် ကျယ်နေတာကို ပြောတာပါ။ ကလေးမွေးပြီးစဆို အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေက ဒီလိုပဲ အပြောင်းအလဲဖြစ်တတ်ပါတယ်။

မိန်းမကိုယ်လည်း ကျယ်တတ်ပါတယ်။ ဒါပေမယ့် ဒါက ခဏပါပဲ။ မိန်းမကိုယ်ကလ လူတွေထင်ထားတာထက် အများကြီး သန်မာပါတယ်။ ကြွက်သားတွေနဲ့ဆိုတော့ ကျုံ့နိုင် ဆန့်နိုင်လုပ်နိုင်ပါတယ်။

ဒီတော့ ကလေးမွေးပြီး မိန်းမကိုယ်ကျယ်တယ်ဆိုတာ ခဏပါ။ တစ်သက်လုံး ဟောင်းလောင်းကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။ သဘာဝအရကို အမျိုးသမီး အများစုမှာ သူ့အလိုလို ပြန်ကျုံ့ပါတယ်။

အဲ့တာကို ပိုပြီး အထောက်အကူ ဖြစ်စေချင်တယ်ဆိုရင်တော့Kegel လေ့ကျင့်ခန်းကို ကိုယ်နိုင်သလောက် လုပ်နိုင်ပါတယ်။

Q. 'ကျွန်မက ရိုးရိုးမွေးထားတာ ၃−၄လလောက် ရှိပါပြီ။ အဲ့တာ အတူတူပြန်နေတော့ ကျယ်နေသလို ခံစားရလို့ ဘာလုပ်ရမလဲဟင်။'Q. 'ကျွန်မက ရိုးရိုးမွေးထားတာ ၃−၄လလောက် ရှိပါပြီ။ အဲ့တာ အတူတူပြန်နေတော့ ကျယ်နေသလို ခံစားရလို့ ဘာလုပ်ရမလဲဟင်။'
0
18
မှတ်ချက် 0 ခု
မေမေတို့ ဘေဘီလေးမွေးပြီးနောက်ပိုင်း အသားရေတွဲလို့ စိတ်ညစ်နေလား....

မေမေတို့ မီးဖွားပြီးလည်း အကြောပျက်ရာတွေ အသားရေ လျော့တွဲတာတွေ သက်သာအောင် ဒါလေးတွေလုပ်ပါနော် ။



မေမေတို့ ဘေဘီလေးမွေးပြီးနောက်ပိုင်း အသားရေတွဲလို့ စိတ်ညစ်နေလား....မေမေတို့ ဘေဘီလေးမွေးပြီးနောက်ပိုင်း အသားရေတွဲလို့ စိတ်ညစ်နေလား....
0
11
မှတ်ချက် 0 ခု
မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


ဒီအပတ်မှာ ၇ဂရမ်၊ ၂.၅၄စင်တီမီတာလောက်ရှိပါပြီ။ ၁၀ပတ်မြောက်မှာ အင်္ဂါအစုံပေါ်နေပါပြီ။ ဒါပေမယ့် ဆက်ကြီးထွားလာဖို့တော့ လိုပါသေးတယ်နော်။ ခြေထောက်မှာ

ဒူးတွေခြေချင်းဝတ်တွေဖြစ်လာဖို့အရိုး၊ အရိုးနုတွေစဖြစ်လာပါပြီ ။တစ်ချိန်တည်းမှာ

လက်မောင်းတွေက ပုံပေါ်လာပြီး ပိုသန်မာလာပါတယ်။ အရိုးတွေသန်မာလာပြီဆိုတော့

သွားဖုံးအောက်မှာ သွားတွေပေါ်လာမှာပါနော်။ မွေးပြီး ၆လ မတိုင်ခင်အထိ သွားဖုံးကို

မဖောက်နိုင်ပါဘူး။ တစ်ခြားနေရာတွေမှာလည်း ကြီးထွားနေပါတယ်။ အစာချေအဖွဲ့အစည်းကလည်းအစာခြေရည်တွေ ထုတ်နေသလိုကျောက်ကပ်ကလည်း မေမေတွေရဲ့ဆီးနဲ့အတူပါသွားမယ့် ရှုးရှုးတွေကို ထုတ်နေပါပြီ။သားသားလေးဖြစ်မယ်ဆို ကပ္ပါယ်အိတ်ကနေ ကျားဟော်မုန်း(တက်စတိုစတီရုမ်း)တွေစထွက်ပါပြီ။


ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ


ကိုယ်ဝန်မရှိခင်က သားအိမ်ကသစ်တော်သီးအရွယ်လောက်ရှိပါတယ်။ ဒီအပတ်မှာတော့

ကျွဲကောသီးအရွယ်လောက်ကြီးလာပါပြီ။ အဲဒီတော့ ဗိုက်လေးကရှေ့ကို ထွက်လာတော့တာပေါ့။ ဗိုက်ဖုံးအင်္ကျီလေးတွေလည်း

ဝတ်ချင်လာလောက်ရောပေါ့။ အဲလောက်ထိမလိုသေးပေ

... ပိုမိုကြည့်ရှုရန်
မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...
1
8
မှတ်ချက် 0 ခု
Q. 'ကလေး မွေးရင် လိုအပ်တဲ့ ပစ္စည်းတွေကဘာတွေလဲ၊ ဘာတွေယူသွားရမလဲ'

ဒီတစ်ခါ မေမေတစ်ယောက်မေးထားတာက ဆေးရုံမှာ ကလေးမွေးတဲ့အခါ ဘာတွေယူသွားရမလဲတဲ့။ မေမေတွေက ဂျူးဒိတ်နီးလာပြီဆိုရင် ခြင်းပြင်ထားသင့်ပါတယ်။ အဲ့ဒီခြင်းထဲမှာ လိုတာအကုန်ထည့်ထားမှ မွေးတော့မယ်ဆို ခြင်းဆွဲပြီးဆေးရုံပြေးရုံပါပဲ။

ဘာတွေ ပါရမလဲဆိုတော့

−ကိုယ်ဝန်အပ်ထားတဲ့ ကတ်တွေ၊ ဆေးမှတ်တမ်းတွေ၊ သောက်လက်စဆေးတွေ

အမေအတွက်

−သက်သောင့်သက်သာ ဝတ်လို့ရမယ့် အင်္ကျီ

−နို့တိုက်ဇစ်ပါတဲ့ အင်္ကျီ

−ထဘီအပို

−ဘော်လီ

−မီးနေသည် ဘောင်းဘီ

−နို့တိုက်ခေါင်းအုံး

−နို့ညှစ်ပန့်

-တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေ (wet tissue၊ ပိုးသတ်ထားတဲ့ဂွမ်းတွေ အပါ)

−အဆာပြေ စားစရာနဲ့ ရေ

−ကိုယ်တက်တဲ့ ဆေးရုံပေါ်မူတည်ပြီး ခေါင်းအုံးတွေ စောင်တွေလည်း လိုကောင်းလိုနိုင်ပါတယ်။

ကလေးအတွက်ကတော့

−အနှီး (ပရုတ်လုံးနဲ့ မသိမ်းထားရပါ)

−ခြေအိတ်၊ လက်အိတ်၊ ဦးထုတ်လေးတွေ

−သေးခံ စတာတွေ လိုမှာပါ။

ရိုးရိုးမွေးတဲ့သူဆိုရင် တစ်ရက်လောက်ပဲ နေရမှာဆိုတော့ အများကြီး မလိုပါဘူး။

ခွဲမွေးတယ်ဆိုရင်လည်း ချုပ်ရိုးကောင်းတယ်ဆိုရင် ရက်ပိုင်းလောက်နဲ့ ဆင်းရမှာပါ။

ဒါက ခုချက်

... ပိုမိုကြည့်ရှုရန်
Q. 'ကလေး မွေးရင် လိုအပ်တဲ့ ပစ္စည်းတွေကဘာတွေလဲ၊ ဘာတွေယူသွားရမလဲ'Q. 'ကလေး မွေးရင် လိုအပ်တဲ့ ပစ္စည်းတွေကဘာတွေလဲ၊ ဘာတွေယူသွားရမလဲ'
1
1
မှတ်ချက် 0 ခု
အိမ်မွေးခွေး၊ ကြောင်တို့က ကိုယ်ဝန်သည်အတွက် အန္တရာယ်ရှိတယ်ဆိုတာ မှန်ပါသလား

လူအတော်များများက လောကမှာ တန်ဖိုးရှိပြီး သာယာကြည်နူးဖွယ် ကောင်းတဲ့ အတွေ့အကြုံ တစ်ခုဟာ အိမ်မွေးတိရိစ္ဆာန် မွေးခြင်းလို့ ယူဆကြပါတယ်။ ဒါပေမယ့်

ကိုယ်ဝန် ရှိနေတယ် ဆိုရင်တော့ သူတို့ဟာ ပြဿနာတွေ ဖြစ်စေပါတယ်။ ဒီတော့ မေးစရာ ရှိတာက အိမ်မွေးခွေး၊ ကြောင်တို့က ကိုယ်ဝန်သည်အတွက် အန္တရာယ် ရှိတယ် ဆိုတာ မှန်ပါသလား ဆိုတာပါ။ ဒီမေးခွန်းရဲ့ အဖြေကို ဆောင်းပါးလေးမှာ အဖြေရှာလိုက်ပါ။

2
2
မှတ်ချက် 0 ခု
မေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

၉ပတ်တောင်ရှိလာပြီနော်။ ကလေးလေးရဲ့ကြီးထွားနှုန်းက ပိုမြန်လာပါပြီ။ အခုဆို စပျစ်သီးအရွယ်၂၈ ဂရမ် ၂.၅၄ စင်တီမီတာလောက် ရှိနေပါပြီ။ နှလုံးလေးကလည်း ဖွံ့ဖြိုးတာပြီးခါနီးနေပါပြီ။ အခန်း၄ခန်းပြည့်သွားပါပြီ။ အဆို့ရှင်လေးတွေလည်း ပေါ်လာလို့စပြီး ခုန်နေပါပြီ။ မေမေတွေ ဒီတိုင်းနားထောင်လို့ မကြားနိုင်ပေမယ့် ဒေါ်ပလာလို့

ခေါ်တဲ့စက်တစ်မျိုးနဲ့ဆို ကြားနိုင်ပါတယ်။ ဆရာဝန်က ကလေးရဲ့ နှလုံးခုန်သံကြားဖို့ဒီစက်ကို သုံးပါတယ်။ အဲဒီစက်နဲ့ နှလုံးခုန်သံကိုကြားရတဲ့အခါ မေမေတို့ရဲ့ကလေးလေးတစ်နေ့တစ်ခြား ကြီးပြင်းလာပြီဆိုတဲ့ စိတ်တဲ့ပျော်နေမိကြမှာပါ။


ခန္ဓာကိုယ်မှရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သူငယ်ချင်းတော်တော်များများက ကိုယ့်ကိုကိုယ်ဝန်ကပိုချောလာစေတယ်လို့ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ကလေးလေးကို အထောက်အပံ့ပေးဖို့ခန္ဓာကိုယ်က သွေးစီးဆင်းမှု ပိုကောင်းလာလို့ပါ။ အဲဒါကြောင့် သွေးတွေက အရေပြားဆီရောက်လာပြီး နီနီရဲရဲလေးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ခေါင်းမူးတာ၊ အားနည်းပြီး မူးချင်သလိုဖြစ်တာ၊ အရမ်းပူလာတာ၊ ချွေးထွက်များတာလည်းဖြစ်နိုင်ပ

... ပိုမိုကြည့်ရှုရန်
မေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲမေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲ
1
2
မှတ်ချက် 0 ခု