backup og meta

ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ

    ကြက်သွန်နီက ကမ္ဘာတလွှားမှာ အသုံးအများဆုံး ဟင်းခတ်တစ်မျိုးပါ။ ကြော်ပဲစားစား၊ ဟင်းအနှစ်အနေနဲ့ ထောင်းတည့်ပြီးပဲ ချက်ချက်၊ အသုပ်တွေထဲကို ခပ်ပါးပါးလှီးထည့်ပြီးပဲ သုပ်သုပ် အမျိုးမျိုးစားလေ့ရှိတဲ့ ကြက်သွန်နီကို ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ ရမလား။ ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ မေမေ နဲ့ ဘေဘီလေးအတွက် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ကြက်သွန်နီက အနံ့စူးသလို အရသာလည်းပြင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးကတော့ တော်တော်လေး များပါတယ်။ အချို့ ကိုယ်ဝန်ဆောင်မေမေတွေဆိုရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ကြက်သွန်နီကို တောင့်တောင့်တတ စားချင်တာမျိုးတောင် ရှိတတ်ပါတယ်။ ဒီလိုမျိုး တောင့်တောင့်တတ စားချင်လာတဲ့အခါ စားသာစားလိုက်ပါလို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ကြက်သွန်နီ

    အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေ အထပ်ထပ်ပါ။ ကြက်သွန်နီက ကြက်သွန်ပင်ရဲ့ ဥပါ။ မြေကြီးထဲမှာ ရှိပြီး ပုပုဝိုင်းဝိုးလေးကနေ လုံးလုံးရှည်ရှည်လေး ပုံစံအမျိုးမျိုး ရှိပါတယ်။

    ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲ ထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။

    ကြက်သွန်နီကပေးတဲ့ အာဟာရ

    ကြက်သွန်နီမှာ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်နီ စားလို့ ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်နီ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်နီစားတာက ဘေးကင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတတ်တဲ့၊ အစာအိမ်အောင့်တတ်တဲ့ မေမေတွေကတော့ စားဖို့မသင့်ပါဘူး။

    ကြက်သွန်နီကို အသင့်အတင့် စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပေမယ့် အရမ်းအများကြီးစားရင်တော့ ဘေဘီလေးအတွက် မသင့်တော်ပါဘူး။

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

    ကြက်သွန်နီမှာ cysteine နဲ့ methionine တို့လိုမျိုး အမိုင်နိုအက်ဆစ်တွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ကြက်သွန်နီမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပြီး ဘေဘီလေးကို ဗိုက်ထဲမှာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဝမ်းမှန်စေတယ်

    ကြက်သွန်နီမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး အူတွေနဲ့ အူမကြီး လှုပ်ရှားမှု ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်မှုကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

    သွေးပေါင်ချိန် ထိန်းညှိပေးတယ်

    ကြက်သွန်နီမှာ phytonutrientsတွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ ကြက်သွန်နီ ပါဝင်အောင်စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိုးစေဖို့ ကာကွယ်ပေးပြီး ကိုယ်ဝန်ဆိပ် တက်တာနဲ့ သွေးတိုးတာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်

    ကြက်သွန်နီမှာ ပါတဲ့  chromium က အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

    အဝမလွန်အောင် ကာကွယ်ပေးတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတော်တော်များများ ရင်ဆိုင်ရတာက အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များလာတာပါ။ ဒါကို ကာကွယ်ဖို့ဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီ ပုံမှန်လေး စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး မေမေ့ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    သွားဖုံး ကျန်းမာစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့် သွားချေးတွေ ဖြစ်ပြီး သွားဖုံးတွေ ရောင်ရမ်းတာ၊ သွားဖုံး သွေးယိုတာတွေ ခံစားရနိုင်ပါတယ်။ ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    လည်ချောင်းနာတာ သက်သာစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ လည်ချောင်းနာတယ်။ ဒါပေမယ့် ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာစိုးလို့ ပဋိဇီဝပိုးသတ်ဆေးတွေလည်း မသောက်ချင်ဘူးဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ပြီး ပျားရည်နဲ့ သောက်ပေးလို့လည်း ရပါတယ်။

    အိပ်ပျော်စေတယ်

    ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ Homocysteine တွေ ပိုလျှံမနေအောင် ကာကွယ်ပေးပါတယ်။

    Homocysteine တွေ အရမ်းများလာရင် စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေ ခံစားရစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ
    • ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
    • ကိုယ်ခံအား ကောင်းစေတယ်
    • ဝမ်းမှန်စေတယ်
    • သွေးပေါင်ချိန် ထိန်းညှိပေးတယ်
    • ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
    • အဝမလွန်အောင် ကာကွယ်ပေးတယ်
    • သွားဖုံး ကျန်းမာစေတယ်
    • လည်ချောင်းနာတာ သက်သာစေတယ်
    • အိပ်ပျော်စေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement