ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကျေးဇူးပြု၍ဖြေပေးပါနော်

၂၈လုံးပါတားဆေးရပ်တာ ၃လရှိပါပီရှင့်ရပ်ပီးပီးချင်း ရာသီရက် စောပါတယ် အခုတော့နောက်ဆုံးလာတဲ့ရက်အတိုင်းမှတ်ထားတာထက် ၄ရက်ကျော်နေပါပီ ရင်သားနဲ့ ခါးတွေနာပါတယ် အဲ့တာဆိုရင်ရှိနေပီလားဟင်ပထမကလေေးတုန်းက ၄လနဲ့ပျက်ကျဖူးလို့စိုးရိမ်နေလို့ပါ

0
4
မှတ်ချက် 1 ခု
မွေးဖွားမယ့်ရက်တွက်ချက်ခြင်း ကိရိယာ

မေမေတို့ရဲ့ နောက်ဆုံးရာသီရက် ဒါမှမဟုတ် မေမေတို့ ကိုယ်ဝန်ရရှိတဲ့ရက်ပေါ်မူတည်ပြီး ဘေဘီလေး မွေးဖွားလာမယ့်ရက် ကိုတွက်ချက်လို့ရတယ်ဆိုတာ သိပြီးပြီလား? မေမေတို့ ဘေဘီလေး မွေးဖွားမယ့်ရက်ကို Helloဆရာဝန် ရဲ့ မွေးဖွားမယ့်ရက်တွက်ချက်ခြင်း ကိရိယာလေး မှာ တွက်ချက်လိုက်ပါနော်။

မွေးဖွားမယ့်ရက်တွက်ချက်ခြင်း ကိရိယာ မွေးဖွားမယ့်ရက်တွက်ချက်ခြင်း ကိရိယာ 
0
မှတ်ချက် 0 ခု
ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်

ကလေးမွေးပြီး နို့တိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ သားဦးမေမေတွေဆို ပိုတောင် လိုပါသေးတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကပိုကြီးလာလို့ သက်သောင့်သက်သာ မဖြစ်တာလည်း ပါပါတယ်။

နို့တိုက်ရတာလွယ်ပြီး အမေလည်း သက်သောင့်သက်သာဖြစ်စေဖို့

−နို့တိုက်ခေါင်းအုံး ဝယ်ထားပါ။

ကလေးကို ပွေ့ပြီး ကြာကြာတိုက်နိုင်ဖို့ ပေါင်ပေါင် တင်ပြီးတိုင်နိုင်ပါတယ်။ ရိုးရိုးခေါင်းအုံးတွေနဲ့လည်း ကွာပါတယ်။

−ကိုယ်နဲ့ တော်တဲ့ ဘရာဝတ်ပါ။

ရင်သားက တင်းနေတဲ့အခါကျတော့ ဘရာဆိုဒ် အံမဝင်ရင် နာနေနိုင်ပါတယ်။ ဘရာဆိုဒ်ကြီးကြီး ရင်သားကို ပင့်နိုင်တာမျိုး ဝတ်ပေးပါ။

−Breast pump ဝယ်ထားပါ။

စစချင်း နို့သိပ်မထွက်တာဖြစ်ဖြစ်၊ နို့ထွက်များပြီး ကလေးက လိုက်မစို့နိုင်လို့ ရင်သးတင်းနေတာ ဖြစ်ဖြစ် ပန့်လေးနဲ့ ညှစ်ထုတ်နိုင်ပါတယ်။ အလုပ်သွားမယ်ဆိုရင်လည်း နို့ကို ညှစ်ပြီး သိမ်းထားခဲ့လို့ ရပါတယ်။

−နို့တိုက်အင်္ကျီဝတ်ပါ။

ရင်ဘတ်မှာ ဇစ်ပါတဲ့ အင်္ကျီတွေလိုမျိုးပါ။ နို့တိုက်မယ်ဆိုရင် အင်္ကျီလှန်နေစရာ မလိုတော့ပါဘူး။ အပြင်သွားလို့ နို့တိုက်မယ်ဆိုရင်လည်း လုံလုံခြုံခြုံတိုက်နိုင်ပါတယ်။

−Breast

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်
0
1
မှတ်ချက် 0 ခု
မေမေတို့ ဘေဘီ‌လေးမွေးဖွားချိန်မှာ လွယ်ကူစေဖို့

ကလေးမွေးဖွားတယ်ဆိုတာက မိခင်တစ်ယောက်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီလို မှတ်တိုင်ကို ခက်ခဲမှု ကင်းကင်းနဲ့ စိုက်ထူနိုင်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

1
2
မှတ်ချက် 0 ခု
မေမေတို့ ဘေဘီ‌လေးမွေးဖွားချိန်မှာ လွယ်ကူစေဖို့ ဘာတွေ လိုက်နာရမလဲ...

ဗိုက်ထဲမှာ ဘေဘီလေး ရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကို မွေးဖွားရမယ့်ရက် နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ မနက်ဖြန်ကြရင် ဘေဘီလေးမွေးဖွားရ လွယ်ကူစေရန် ဘာတွေလိုက်နာသင့်သလဲဆိုတာ ပြောပြပေးမယ်နော် .....

မေမေတို့ ဘေဘီ‌လေးမွေးဖွားချိန်မှာ လွယ်ကူစေဖို့ ဘာတွေ လိုက်နာရမလဲ... မေမေတို့ ဘေဘီ‌လေးမွေးဖွားချိန်မှာ လွယ်ကူစေဖို့ ဘာတွေ လိုက်နာရမလဲ... 
0
1
မှတ်ချက် 0 ခု
ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား

မေမေတို့ ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ ကိုယ်က အမြွှာမွေးနိုင်ခြေ များသလားဆိုတာ သိထားသင့်တယ်နော်။


https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-can-you-get-twin-pregnancy/

0
1
မှတ်ချက် 0 ခု
Q. " သားလေးက မွေးလာတုန်းက ဆံပင်သိပ်မသန်ဘူး။ ကိုယ်ဝန်ဆောင်တုန်းက ပါးစပ်ပျက်တာကြောင့် ဟင်းအစပ်လေးတွေ စားမိလို့လားရှင့်။'

ကိုယ်ဝန်ဆောင်ပြီဆိုရင် လူကြီးတွေက အစပ်မစားနဲ့။ ကလေးမှာ ဆံပင်မပါလာဘဲနေမယ်။ ထိပ်ပြောင်လေးမွေးမယ်။ ဒီလိုလေးတွေ ပြောတတ်တယ်နော်။

တကယ်တမ်း ဒီလိုလေး မွေးလာတော့ မေမေတွေက သူတို့ အစပ်စားမိလို့လားပေါ့။ တချို့မေမေကျတော့လည်း သူလည်း ဘာမှမစားဘဲနဲ့ ကလေးက ဘာလို့ ဆံပင်ပါးရတာလဲဆိုပြီး စိတ်ပူကြပါတယ်။

ကလေးတွေ ဆံပင်ပါးတယ်၊ ထူတယ်ဆိုတာက မျိုးဗီဇနဲ့ပဲ ဆိုင်ပါတယ်။ နောက်ပြီး ကလေးတော်တော်များများက မွေးစကနေ ၆လလောက်ထိဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ကြပါတယ်။ ကလေးကို ဆံပင်ထူအောင် ခေါင်းတုံးတုံးပေးတာတွေလည်း မလုပ်ရပါဘူး။ ခေါင်းတုံးတုံးတာက ဆံပင်မသန်စေပါဘူး။ ပြန်ထွက်လာတဲ့ ဆံပင်ငုပ်စိလေးတွေက ကြမ်းနေလို့ ထူတယ်လို့ ထင်ရတာပါ။

နောက်တစ်ခုက အစပ်စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာပါးစပ်ပျက်တယ်ဆို အစပ်လေး အချဉ်လေးစားပေးလို့ ရပါတယ်။ အနည်းငယ်လောက်ပေါ့။ ဒါပေမယ့် အလွန်အကျွံစားရင်တော့ ရင်ပူတတ်ပါတယ်။ ဗိုက်အောင့်တတ်ပါတယ်။

ကြည့်ရတာ လူကြီးတွေက အမေတွေကို ရင်ပူတယ် အစပ်မစားနဲ့လို့ ပြောတာ နားမထောင်လို့ ကလေးဆံပင်ပါးမယ်လို့ ခြိမ်းခြောက်ခဲ့သလားပဲ။

Q. " သားလေးက မွေးလာတုန်းက ဆံပင်သိပ်မသန်ဘူး။ ကိုယ်ဝန်ဆောင်တုန်းက ပါးစပ်ပျက်တာကြောင့် ဟင်းအစပ်လေးတွေ စားမိလို့လားရှင့်။'Q. " သားလေးက မွေးလာတုန်းက ဆံပင်သိပ်မသန်ဘူး။ ကိုယ်ဝန်ဆောင်တုန်းက ပါးစပ်ပျက်တာကြောင့် ဟင်းအစပ်လေးတွေ စားမိလို့လားရှင့်။'
1
2
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


ဒီအပတ်ကတော့ ပဲစေ့အရွယ် ၂.၇ စင်တီမီတာအထိ ကြီးလာပါပြီနော်။ ကလေးလေးက ဗိုက်ထဲမှာ ဆက်တိုက် အပြောင်းအလဲတွေဖြစ်နေပါတယ်။ ခြေချောင်းလက်ချောင်လေးတွေ ထွက်လာပါပြီ။ ကလေးလေးနဲ့ ပိုတူလာပါပြီ။ အရင်က ကပ်နေတဲ့ ခြေလက်တွေ အခုဆို ကွဲလာပါပြီ။ အပေါ်နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခွံလေးတွေလည်း စပေါ်လာပါပြီ။ အပြောင်းအလဲတွေက စိတ်လှုပ်ရှားစရာနော်။ ဒီပြောင်းလဲမှုတွေ အကုန်လုံးဝင်ဆံ့အောင် ရေမြွှာရေတွေက တစ်ပတ်ကို ၃၀ မီလီလီတာနှုန်းနဲ့တိုးလာပါတယ်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ပြီးခဲ့တဲအပတ်ကပြောခဲ့သလိုပဲ ရင်သားတင်းတာ ယောင်တာတွေဖြစ်မှာပါ။ နာလာတာလည်း ဖြစ်တတ်ပါတယ်။ အတွင်းခံတွေကျပ်ပြီး သက်သောင့်သက်သာမဖြစ်တော့ပါဘူး။ ပိုကြီးတဲ့ဆိုဒ်ဝယ်သင့်ပါပြီ။ ကိုယ်ဝန်ဟော်မုန်းတွေက ကလေးလေးကိုနို့တိုက်ဖို့ ရင်သားကိုကြိုတင်ပြင်ဆင်နေတာပါ။ နောက်အပတ်ကျရင် သက်သာလာပါလိမ့်မယ်။


ပိုပြီးပင်ပန်းသလို ခံစားနေရလား။အရင်တုန်းမဖြစ်ဖူးရင် အခုဖြစ်ပါလိမ့်မယ်။ကိုယ်ဝန်ဟော်မုန်းတွေမှာ ခေါင်းမူးစေတဲ့ ပရိုဂျက်စတာရုမ်း ပါပါတ

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာ
1
3
မှတ်ချက် 0 ခု
မေမေတို့ နို့ကြောင်းပိတ်တဲ့အခါ....

နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ ....

မေမေတို့ နို့ကြောင်းပိတ်တဲ့အခါ.... မေမေတို့ နို့ကြောင်းပိတ်တဲ့အခါ.... 
0
4
မှတ်ချက် 0 ခု
မမျိုးဥအိမ် ရေအိတ်တည်ခြင်းနဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ဆိုတာ

မမျိုးဥအိမ် ရေအိတ်တည်တဲ့ပြဿနာဟာ မိန်းကလေးတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိကြတဲ့ဆိုပေမယ့် မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့ ပြဿနာ

ကိုယ့်မှာရှိနေတယ်ဆိုတဲ့အကြောင်း သိတဲ့ မိန်းကလေးတွေက နည်းပါတယ်။ ဒီအကြောင်းကို ဆောင်းပါးလေးမှာ လေ့လာကြည့်ကြရအောင်နော်...

0
8
မှတ်ချက် 0 ခု