ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့် ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး

စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ ဒီလို စိုးရိမ်မှုက ဘေဘီလေးကို စပြီး

ကိုယ်ဝန်ဆောင်ထားချိန်ကနေစလို့ မမွေးဖွားခင်အထိ ၉ လကျော် ၁၀ လ နီးပါးလုံးပါ။ မေမေနဲ့ ဘေဘီလေးကို ကျန်းမာစေလား ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။

0
13
မှတ်ချက် 5 ခု
ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့် ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ဒီတစ်ခေါက်တော့ အမောပြေအနေနဲ့ သောက်မိတဲ့ အုန်းစိမ်းရည် လေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး မနက်ဖြန် ဆောင်းပါးလေးမှာ ဖော်ပြပေးပါမယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?
0
3
မှတ်ချက် 4 ခု
ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်...

ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ မွေးမယ့်ရက်ကို ဂျုးဒိတ်ကနေတဆင့် သိနိုင်ပါတယ်။ ရာသီလာမယ့်ရက်ကနေ တွက်တာနဲ့ အယ်ထွာဆောင်းကနေ တွက်တာ နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဒါပေမယ့် ဂျူးဒိတ်ကျော် တဲ့အထိ မမွေးသေးဘူးဆိုရင်ရော ဘာလုပ်ကြမလဲ။ ဒီဆောင်းပါးလေးမှာ အဖြစ်ရှာလိုက်ကြရအောင်နော်။

0
2
မှတ်ချက် 0 ခု
ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။

ကိုယ်ဝန်ရအောင် လိင်ဆက်ဆံတဲ့အခါမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုက ဆက်ဆံတဲ့ပုံစံရယ်၊ နောက်တစ်ခုက ဆက်ဆံတဲ့ရက်ရယ်ပါ။

ဆက်ဆံတဲ့ ပုံစံကတော့ သိပ္ပံနည်းကျလေ့လာမှု မရှိပေမယ့် အမျိုးသားက အပေါ်ကနေ ဆက်ဆံတာ၊ အနောက်ကနေ ဆက်ဆံတာက ကလေးရဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သုက်ကောင်တွေက သားအိမ်ခေါင်းနားကို ရောက်သွားတဲ့အတွက် သားဥနဲ့ တွေ့ဖို့ ပိုနီးသွားလို့ပါတဲ့။

တကယ်ကတော့ အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲကို သုက်လွှတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ဒါကို သိပ်ပြီး အစွဲအလမ်းမထားဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ပုံစံနဲ့သာနေကြပါ။


နောက်တစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ ဘယ်နေ့တွေမှာ နေမလဲဆိုတာပါ။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေက

  • ၂−၃ရက်ခြား တစ်ခါလောက် အတူနေသင့်ပါတယ်။
  • သားဥမကြွေခင် ၂−၃ရက်လောက် အလိုမှာလည်း ကြိုနေထားသင့်ပါတယ်။ သုက်ကောင်က မိန်းမကိုယ်ထဲမှာ ၅ရက်လောက် ရှင်နိုင်တော့ ကြိုနေထားရင် သားဥကြွေတာနဲ့ မျိုးအောင်ဖို့အခွင့်အလမ်းများပါတယ်။
  • သားဥဘယ်တော့ ကြွေမလဲဆိုတာကိုတော့ ဒီမှာ တွက်ကြည့်ပါ။

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။
1
2
မှတ်ချက် 0 ခု
Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...

Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာ မွေးလတူတဲ့ ဘေဘီလေးတွေ ပိုင်ဆိုင်ထားတဲ့ မေမေတွေ ဒါမှမဟုတ် ဘေဘီလေးကို မွေးမဲ့လတူတဲ့ ကိုယ်ဝန်ဆောင်မေမေအချင်းချင်း ကျန်းမာရေးကိစ္စတွေ၊ အတွေ့အကြုံတွေ

အချင်းချင်းမျှဝေလို့ရမဲ့ နေတရာလေး တစ်ခုပါ။


မေမေတို့ရဲ့ ဘေဘီလေးက ဘယ်လဖွားလေးလဲ? မွေးလတူမဲ့ မေမေတို့ အချင်းချင်း

အတွေ့ကြုံတွေ အချင်းချင်းမျှဝေပြီး ရင်းနှီးမှုရယူဖို့ Hello ဆရာဝန်ရဲ့ စာဖတ်ပရိသတ်မေမေတို့ကို Birth Month Mini Community လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်နော်။


ဝင်ရောက်ရန် - https://hellosayarwon.com/community/koewansaawinkyaanmayae/

Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...
1
14
မှတ်ချက် 0 ခု
ကိုယ်ဝန်ရှိနေပြီလား မရှိသေးဘူးလား ဘယ်လိုပြုလုပ်သင့်သလဲ အကူအညီလိုအပ်နေသဖြင့် ဆရာတို့အား ကျေးဇူးပြုအကူအညီတောင်းခံအပ်ပါသည်

ကိုယ်ဝန်နဲ့ပတ်သတ်သည့် အခက်အခဲရှိနေသည့်အတွက် အကူအညီပေးနိုင်ပါရန် ဆရာတို့အား မေတ္တာရပ်ခံအပ်ပါ သည် လိုအပ်ချက်များအား နည်းလမ်းမှန် ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ပြသပေးပါရန်နှင့် စာအား ဂရုပြုပြန်ကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်



0
28
မှတ်ချက် 8 ခု
ကလေးယူသင့်မယူသင့် သိလိုပါသဖြင့်

ညီမရဲ့အမျိုးသားကမွေးရာပါ Thalassemia minor ရှိပါတယ် ညီမက ကလေးလိုချင်ပါတယ် အမျိုးသားက သူ့ရဲ့ ရောဂါ ကလေးမှာပါလာမှာစိုးလို့ မယူရဲဘူးပြောပါတယ်ရှင် Hello Sayarwon ရှင့် ကလေးယူသင့်မယူသင့် ညီမကိုအကြံလေးပေးစေချင်ပါတယ်ရှင် ❤

2
7
မှတ်ချက် 1 ခု
မီးနေသည်မေမေတို့ ဒီလို စောင့်ရှောင့်လို့ရပါတယ်နေ်

မီးနေသည် ဆိုတာ ကလေးမွေးပြီး နာလန်ပြန်ထူတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နည်းတူစောင့်ရှောက်ဖို့လိုပါတယ်။

မီးနေသည်မေမေတို့ ဒီလို စောင့်ရှောင့်လို့ရပါတယ်နေ် မီးနေသည်မေမေတို့ ဒီလို စောင့်ရှောင့်လို့ရပါတယ်နေ် 
1
6
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အချက်တွေက လက်သည်းခြေသည်းတွေကို ပြောင်းလဲမှု ဖြစ်စေတာလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ ဆိုတာလိုမျိုး ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားဖို့ လိုမယ့် အချက်လေးတွေကို ဒီနေရာကနေ မျှဝေပေးလိုက်ပါတယ်။

0
1
မှတ်ချက် 0 ခု
ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်း

ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်းက စိုးရိမ်စရာကောင်းလားဆိုပြီး မေမေတွေ မေးတတ်ကြပါတယ်။ အဲ့တာကတော့ ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆီးစပ်အောင့်တာက အကြောင်းရင်း အများကြီး ရှိပြီး အရေးကြီးတာလည်း ပါသလို အရေးမကြီးတာလည်း ပါပါတယ်။

သိပ်အရေးမကြီးတဲ့ အကြောင်းတွေကတော့

  • ကိုယ်ဝန်လရင့်လာလို့ အောင့်တာ
  • ကိုယ်ဝန်ကြီးလာလို့ ဆီးစပ်က အရွတ်တွေ တင်းပြီး အောင့်တာ
  • လေပွတာ
  • ဝမ်းချုပ်တာ
  • အမွေးသင်တာ စတာတွေကြောင့်ပါ။

အရေးကြီးပြီး သတိထားရမယ့် အကြောင်းရင်းတွေကတော့

  • ဆီးလမ်းကြောင့်း ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်တာ
  • ကိုယ်ဝန်ပျက်တာ
  • သားဥပြွန်မှာ သန္ဓေတည်တာ
  • ကလေးစောမွေးချင်တာ
  • ကိုယ်ဝန်ဆိပ်တက်တာ
  • အချင်းစောကွာတာ စတာတွေပဲ ဖြစ်ပါတယ်။

မေမေတို့က ဆီးစပ်ကိုက်ရင် အရေးကြီးလား မကြီးလားဆိုတာကို ခွဲတတ်မှာမဟုတ်ပါဘူး။ ဒီတော့ မှတ်ရလွယ်အောင် ဆီးစပ်ကိုက်တာနဲ့အတူ

  • အောက်ကနေ သွေးဆင်းတာ
  • ဖျားတာ
  • ဆီးကျင်တာ
  • ခေါင်းမူးတာ
  • အန်တာ
  • ပုံ
... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်းကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်း
2
2
မှတ်ချက် 19 ခု