ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

9.3k 

Total posts

1 

Total experts

232 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ဆရာဝန်ထံ မေးမြန်းခြင်း အခမဲ့

Icon heart

မျှဝေမည့်ပို့စ်

နှလုံး​သွေးတိုး​​ရောဂါ

ဆရာရှင့် အ​မေက အသက် ၅၂ပါ ​သွေးလဲဆုံးပီးပါပီ အ​မေကလွန်ခဲ့တဲ့၇နှစ်​လောက်က cardivas 6.25 ကိုစ​သောက်ခဲ့ပါတယ် အဲ့တုန်းက ၆လ​လောက် အစား​တေ​ရှောင် အချုိ​တေ​ရှောင်ပီး​နောက် ​နေမ​ကောင်းဖြစ်ပီး​မော​နေတယ်ဆိုပီး အထူးကုဆရာဝန်ဆီ​ရောက်သွားပါတယ် အဲ့တုန်းက​ဆေးခနိးက ​သွေး​ပေါင်​တေတက် အချိုဓါတ်​တေကျ ​မော​နေတယ်ဆိုပီးcardivas 6.25ကို စ​သောက်ခုိင်းခဲ့ပါတယ် ခုက နှစ်​တေကြာလာပီဆို​တော့ ​​ဆေးmg​​ပြောင်း​သောက်သင့်လား ဖျက်သင့်လား ဆက်ပီး အဲ့​​ဆေးပဲဆက်​သောက်ရမလားသိချင်လို့ပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
2
1
Hello ဆရာ

ဆရာ ကျွန်မကောင်လေးနဲ့ အတူနေတာ တစ်ပတ်နဲ့ခြောက်ရက်လောက်တော့ရှိပါပြီဆရာ ကတော့"ကျွန်မတို့သုံးထားတဲ့ Condom ကပြဲနေသလိုခံစားရတယ်😔ဒါမဲ့ ပြဲတဲ့နေရာက အချွန်ဘက်မဟုတ်တော့ ဘာမှမဖြစ်လောက်ဘူးလို့ထင်ထားပြီးတော့ တားဆေးလည်းမသောက်ထားပါဘူးဆရာ ။ ဒါမဲ့ကျွန်မ အင်္ဂါကနေ ဖြူဖက်ဖက် ခပ်ချွဲချွဲ အနုအဖက်တွေ အစုလိုက် ထွက်လာတယ် ပြီးတော့ အထဲမာ အဲ့တာတွေကပ်နေသလို ခံစားရတယ် ။ ပြီးတော့ ဒီနေ့ ဆီးစစ်တံနဲ့တော့ စစ်ထားတယ် မရှိတဲ့လက္ခဏာတော့ပြတယ် အဲ့တာစိုးရိမ်ရသေးလားဆရာ ပြီးတော့ ဖြူဖက်ဖက်တွေက ဘာလက္ခဏာလဲဆရာ ကျွန်မအရမ်းစိုးရိမ်လို့ပါ ဆရာ အမြန်ဖြေပေးပါနော်ဆရာ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
46
3
မှတ်ချက်များကို ကြည့်မည်။
ကိုယ်ဝန်ဆောင်ခြင်း

မင်္ဂလာပါခင်မျာ

ကျွန်တော်ကောင်မလေးနဲ့ ပုံမှန်ရာသီလာတဲ့ရက်မတိုင်ခင် ၆ရက်လောက်အလိုမှာ အတူနေခဲ့ပါတယ်ကွန်ဒုံးလည်းသုံးခဲ့ပေမယ့်

ကောင်မလေးက အခုပုံမှန်ရာသီလာမဲ့ရက်ထက်တစ်ရက်တော့ကျော်နေပေမယ့် မလာသေးလို့ပါဆရာ

အခုကောင်မလေးက

မအီမသာနဲ့ခေါင်းမူသလိုလို

ဇက်ကြောတက်သလို

အန်ချင်သလိလို

အိမ်သာသွားချင်သလိိုလိုဖြစ်နေတယ်ပြောတယ်ဆရာ

အဲ့ဒါတွေကကိုယ်ဝန်ရှိတဲ့လက္ခာတွေလားဆိုတာသိချင်ပါတယ်ဆရာ

နောက်တစ်ခုကအတူနေပီးတစ်ပတ်လောက်အတွင်းမှာပဲ

ကိုယ်ဝန်ရတဲ့လက္ခဏာတွေပြနိုင်လားဆိုတာလေးသိချင်ပါတယ်ဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
1
ကိုယ်ဝန်တားဆေး

ညီမကအိမ်ထောင်ကျတာ ၁နှစ်လောက်ရှိပါပြီ အိမ်ထောင်ကျခါစကတော့မြန်မာမှာလည်းမဟုတ်တဲ့အတွက်ကြောင့် drospern လို့ခေါ်တဲ့ကိုယ်ဝန်တားဆေးကိုသောက်ခဲ့ပါတယ်

နောက်ပိုင်းရှာဝယ်ရခက်တာတွေကြောင့်သူ့အစားထိုးmarvelon 28 ကိုလက်ရှိသောက်နေပါတယ်

လတ်တလောမှာ ဆေးဒဏ်ကြောင့်ဝလာတာပါ အဲ့လိုဖြစ်လို့ အမျိုးသားနဲ့တိုင်ပင်ပြီးဆေးဖြတ်ပြီး အပြင်မှာပြီးတာရယ် ကွန်ဒုံးသုံးဖို့ရယ်ကိုရွေးချယ်ထားပါတယ်

ခက်တာက လက်ရှိသောက်နေတဲ့တားဆေးကိုဘယ်တော့ရပ်လိုက်ရမှန်းမသိတာပါ ချက်ချင်းရပ်လိုက်ရင်ကြ ကိုယ်ဝန်ရမှာစိတိပူလို့ပါ ဘယ်တော့လောက်ရပ်ရမလဲဆိူတာ ဖြေပေးပါဦးရှင့် ကျေးဇူးတင်ပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1
ကိုယ်ဝန်မမြဲ​ခြင်း

ကလေးယူနေတာပါ ကိုယ်ဝန်က ၆ပတ် ၇ပတ်ထဲရောက်ရင် သွေးဆင်းပြီး ပျက်ပါတယ် ၂ခါရှိပါပြီး ခုကိုယ်ဝန်၇ပတ်နဲ့ ၂ရက်နေ့ကမှ သွေးဆင်းပြီးပျက်သွားတာပါ ပျက်မှာကြောက်လို့လည်း ကိုယ်ဝန်ရှိတာနဲ့ ချက်ချင်း သွားအပ်ပါတယ် ပေးတဲ့ Folic acid, calcium, FBCလည်း ပုံမှန်သောက်ပါတယ် အဲ့ဒါလည်း ပျက်ပါတယ် ဆရာက သားအိမ်ခြစ်စရာမလိုဘူး အကုန်ဆင်းတယ်လို့လည်း ပြောပါတယ် သားအိမ်ကပဲ ပြဿနာရှိနေတာလားလို့မေးတော့လည်း ရာက မဆိုင်ဘူး သန္ဓေသားက မကပ်တာလို့ပြောပါတယ်

သိချင်တာက ကိုယ်ဝန်ပြန်ယူမယ်ဆို ဘာတွေကြိုပြင်ဆင်ရမလဲ ပျက်တာမကြာသေးတော့ ထပ်ယူမယ်ဆို အချိန်ဘယ်လောက်ခြားပြီးမှ ပြန်ယူသင့်လဲ ကလေးအရမ်းလိုချင်လိုပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
24
1
ကောင်မလေး နဲ့ Jan 1 ရက်နေ့က CD သုံးပီး ဆက်ဆံခဲ့ပါတယ် ။ ကောင်မလေး က ပုံမှန်အားဖြင့် period time မမှန်ပါဘူး။ Condom ကိုလဲ‌

ကောင်မလေး နဲ့ Jan 1 ရက်နေ့က CD သုံးပီး ဆက်ဆံခဲ့ပါတယ် ။ ကောင်မလေး က ပုံမှန်အားဖြင့် period time မမှန်ပါဘူး။ Condom ကိုလဲ သေချာစစ်ပါတယ် ပေါက်တာ ပြဲတာ မရှိပါဘူး။ခု Feb လထဲထိ period မဖစ်သေးလို့ပါ။ ကိုယ်၀န်ရှိနိုင်လား ဆရာ ဖြေပေးပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1
ကိုယ်ဝန်ဆောင်ကာလတွင်ကလေးသေးခြင်း

မဂ်လာပါဆရာ ကိုယ်ဝန်က 19-02-2025 ဆို 8 လရှိပါပြီ 04-02-2025 ဆေးရုံရက်ချိန်းသွားပြတဲ့အချိန် ကလေးကိုစမ်းကြည့်တော့ ကလေးက သေးနေတယ်လို့ပြောပါတယ် အင်ထရာဆောင်းလဲထပ်ရိုက်ခိုင်းပါတယ် ဆရာ ဒီကြားထဲမှာ ကလေး မြန်မြန်ဖွံထွားအောင်ဘယ်လိုနေထိုင်စားသောက်ရမလဲသိချင်လို့ပါဆရာ အလုပ်ကတော့ ရုံးထိုင်စာရင်းကိုင်မို့အထိုင်များပါတယ်ဆရာ ရေကတော့တနေ့ကို 2 လီတာလောက်ကုန်အောင်သောက်ပေးပါတယ် ဖော်လစ်အက်ဆစ်နဲ့ အိုဘီမင်လဲတနေ့တလုံးပုံမှန်သောက်ပါတယ် အစားအသောက်ကတော့ အပူအစပ်အရင်ထဲကစားနေကြမို့ ပုံမှန်ထပ်တော့အပူအစပ်နဲနဲပဲလျော့စားမိပါတယ် ဒါကြောင့်ပဲကလေးသေးနေတာလား သိပါရစေ ဘယ်လိုမျိုးနေထိုင်စားသောက်ရင် ကလေးအမြန်ဆုံးဖွံထွားမလဲသိချင်ပါတယ် ဆရာ



လေးစားစွာဖြင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3
1
သုတ်ထွက်တာမသိလိုက်ခြင်း

ကောင်လေးနဲ့လိင်ဆက်ဆံရင် သူကခဏလေးနဲ့သုတ်ထွက်သွားလေ့ရှိလို့ အဲ့လိုထွက်ရင်လဲ ထွက်ပြီးသွားမှသိတယ်လို့သူပြောတယ် မထွက်ခင်ထွက်တော့မယ်လို့သူမသိဘူးတဲ့ သူ့ဘာသာအာသာဖြေရင်တော့ အဲ့လိုသုတ်ထွက်မမြန်ဘူးတဲ့ သူ့ကိုလက်နဲ့ကစားပေးရင်လဲသုတ်ထွက်ဖို့ကကြာပါတယ် လိင်ဆက်ဆံချိန်ပဲမြန်တာပါ လိင်ဆက်ဆံချိန်ထွက်တာသူလဲမသိလိုက်ဘူးတဲ့ အဲ့လိုကပုံမှန်ပဲလားရှင့် သူကခနလေးနဲ့ပြီးသွားတော့ သူ့ကိုယ်သူလဲအားမရဖြစ်ပီးဝမ်းနည်းနေတတ်လို့ပါ အဲ့တာကိုဘယ်လိုဖြေရှင်းလို့ရနိုင်မလဲရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8
1
ရာသီလာပြီး ထပ်လာ

ရာသီလာ နှစ်ပတ် အကြာပြန်လာတာ

လေးရက်ရှိပြီ

စိုးရိမ်ရလား

အသက်၃၅

အိမ်ထောင်ရှိ ဘာတားဆးမှ မသုံးပါ

စိတ်မကြည်ဘူး စိတ်ပဲတိုနတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1
ကိုယ်ဝန်

ကျမ ကလေးယူနေတဲ့သူပါရှင့် ရာသီပုံမှန်လာတဲ့သူပါ အခု ကလေးယူနေတာ ရာသီလာမဲ့ရက်ကို ၁၂ ရက်ကျော်တဲ့နေ့မှာ ရာသီလာချင်သလိုမျိုး ခါးနည်းနည်းကိုက်ပါတယ် ရာသီသွေးလဲ အနည်းငယ် ဆင်းနေပါတယ် ဒါဆိုကလေးက ရနိုင်လားမရနိုင်တော့ဘူးလားသိချင်ပါတယ်ရှင်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1