backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းကင်ဆာရှိပါက ရှောင်ရမည့် အစာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းကင်ဆာရှိပါက ရှောင်ရမည့် အစာများ

အသည်းကင်ဆာရှိပါကရှောင်ရမည့် အစာများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရအသည်းကင်ဆာသည် အမျိုးသားများတွင် ငါးခုမြောက် အဖြစ်အများဆုံးကင် ဆာဖြစ်သည်။ အသည်းကင်ဆာကဲ့သို့ ဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်ပါကအသည်း ပြန်လည်ကောင်းမွန် စေမှုကိုကူညီရန် အာဟာရ ကြွယ်ဝသောကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားရန် လိုအပ်သည်။ အသည်းကင်ဆာဖြစ်ပါကရှောင်ကြဉ်သင့်သောအစားအစာအချို့ကိုအောက်တွင် ဖော်ပြထားသည်။

ဆားလျော့သုံးခြင်းဖြင့် အသည်းကိုကူညီပါ

အရသာရှိရန် ဆားထည့်ရသည် ဆိုသည်ကိုအချို့ စားဖိုမှူးများပြောခြင်းသို့မဟုတ် ချက်ပြုတ်မှု အညွှန်းတွင် ရေးထားခြင်းကိုသင် မြင်ဖူးကြားဖူးလိမ့်မည်။ ဆားကိုအရသာရှိရန် သုံးသည်။ ဆားသည် အခါးဓါတ်ကိုလျော့ချပေးသည်။

စိတ်မကောင်းစွာဖြင့်ပင် အသည်းကင်ဆာဖြစ်ပါကဆားအသုံးပြုခြင်းကို ဖြတ်တောက်ရလိမ့်မည်။ အသည်းကင်ဆာ၏ ရောဂါလက္ခဏာများသည် ဆားနှင့် ဆားများများပါသောအစားအစာများစားပါကပိုဆိုးလာနိုင်သည်။ ဆားသည် အသည်းရှိ ရောင်ရမ်းမှု လက္ခဏာများကို နှိုးဆော်ပြီးပိုဆိုးစေနိုင်ပါသေးသည်။ ဆားသည် အသည်းတွင် ရေစုပြုံခြင်းကို ဖြစ်စေပြီးဖောရောင်စေသည်။ ဆားသည် ခန္ဓါကိုယ်ကိုရေပိုစုပ်စေပြီးရေများထိန်းသိမ်းထားစေသည်။ အစားအစာတွင် ဆားသုံးခြင်းကိုရှောင်ရုံသာမကအခြားဆားရင်းမြစ်များကိုလည်း ကြည့်သင့်သည်။ ထုပ်ပိုးထားသောအသင့်စားထုတ်ကုန်များ၊ စွပ်ပြုတ်ဘူး၊ အအေးခံထားသောညစာများ နှင့် ရောင်းတန်းကွက်ကီး၊ ကိတ်မုန့်နှင့် ပိုင်မုန့် များစသည်တို့ဖြစ်သည်။

ပရိုတိန်းများများပါသောအစာများကိုရှောင်ပါ။

အသည်းကင်ဆာသည် ခန္ဓါကိုယ်မှ ပရိုတိန်းစုပ်ယူမှုကိုထိခိုက်စေသည်။ ပရိုတိန်းသည် လိုအပ်သောအာဟာရများသို့ ရောက်အောင် ဖြိုခွဲချေဖျက်ရန် အဆင့်များစွာလိုအပ် သည်။ သို့သော်လည်းအသည်းပျက်စီးပါကထိုလုပ်

ငန်းစဉ် သည် ခက်ခဲသည်။ ပရိုတိန်းအလွန်စားခြင်းသည် အသည်းနှင့် ခန္ဓါကိုယ်တွင် အဆိပ်ဖြစ်သော အညစ်

အကြေးပစ္စည်းများစု ပြုံခြင်းတစ်စိတ်တစ်ပိုင်းအားဖြင့် ဖြစ်စေသည်။ ၎င်းသည် အသည်းအားပို၍ အန္တရာယ်ဖြစ်စေပြီးလက္ခဏာများကိုထင် ရှားစေသည်။ ပရိုတိန်းပါသောအစားအစာများကိုလျော့စား ခြင်းဖြင့် ရောဂါကိုသက်သာစေနိုင်သည်။

အစာချေဖျက်ရခက်သောပရိုတိန်းများများပါသော နို့ထွက် ပစ္စည်းများ၊ အသား၊ ကြက်၊ဝက်၊ ငါးနှင့် ဥများစားမည့်အစားအပင်ပရိုတိန်းများဖြစ်သောပဲပိစပ် ထုတ်ကုန်များ၊ ပဲတောင့် နှင့် ပဲသီးတို့ကိုရွေးချယ်စားသင့်သည်။ ထိုပရိုတိန်းများသည် ချေဖျက်ရလွယ်ကူပြီးအသည်းအားအနားပေးသည်။ အစားအသောက်ထဲတွင် ပရိုတိန်းများကိုလုံးဝမပယ်ရှားသင့်ပါ။

ယေဘုယျအားဖြင့် အသင့်စားအသားများကိုကန့်သတ် ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာအေဂျင်ဆီဖြစ်သောကင်ဆာသုတေသန နိုင်ငံတကာအေဂျင်စီ၏ အဆိုအရအသင့်စားအသားများများစွာစားခြင်းသည် အချို့ ကင်ဆာအမျိုးအစားများ ဖြစ်နိုင်ချေကို မြင့်စေနိုင်သည်ဟုဆိုသည်။

အသည်းကျန်းမာခြင်းအတွက် အဆီများသော၊ ကိုလက် စထရောများသော၊ ကယ်လိုရီများသောအစာများကိုရှောင်ပါ

အဝလွန်ခြင်းကိုကာကွယ်ရန် တိရစ္ဆာန်မှ ရသောအဆီ နှင့် သန့်စင်ထားသောသကြားစသောကယ်လိုရီ မြင့်စွာပါသောအစာများကိုလျော့စားပါ။ အဆီများကိုလျော့စားရန် ထောက်ခံပါသည်။ အဆီများစားခြင်းသည် အသည်းအဆီဖုံး ခြင်းကို ဖြစ်စေနိုင်သည်။ အဆီများသောအစားအစာများအလွန်စားခြင်းသည် ကင်ဆာကုသမှုများ၊ အသင့်စားအစားများကြောင့် ဝန်ပိနေသောအသည်းကိုပို၍ ဝန်ပိစေသည်။ ရောင်းတန်း ပြင်ဆင်ထားသောကိတ်မုန့်များ၊ ကွက်ကီးများ၊ ပိုင်မုန့်များ၊ ကြက်သွန်ကြော် အကွင်းများ၊ အာလူချောင်းကြော်များစသောအဆီများသောအစာများစားသုံးခြင်းကိုကန့်သတ်ပါ။

ပို၍ ကျန်းမာသောဘဝအတွက် အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဆေးလိပ်ဖြတ်ပါ။

ဆေးပြင်းလိပ်နှင့် အရက်ကိုရှောင်ကြဉ်ခြင်းသည် သင် လုပ်နိုင်သောအရေးအကြီးဆုံးကျန်းမာရေးဆုံးဖြတ်ခြင်းများထဲမှ တစ်ခုဖြစ်သည်။ သင်အရက် သောက်ကိုသောက်ရမည် ဆိုပါကအနည်းငယ်သာလျှင် သောက်ပါ။ ရင်သား၊ အူမကြီး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းစသောကင်ဆာအမျိုးမျိုးဖြစ်နိုင်ချေအန္တရာယ်သည်အရက်သောက်သည့်ပမာဏနှင့် ကြာချိန်ပေါ်မူတည်ပြီး မြင့်တက်ပါသည်။

ဆေးပြင်းလိပ်သောက်ခြင်းသည်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်စေသောအရေးအကြီးဆုံးအချက်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းကင်ဆာ ဖြင့် သေဆုံးမှုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဖြစ်စေသည်။ မည်သည့် ဆေးပြင်းလိပ်ကိုမဆိုအသုံးပြုခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေသည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာအမျိုးမျိုးနှင့် ဆက်နွယ် လျက်ရှိပြီးအခြားအခြေအနေများကိုမပြောလိုသေးပါ။ ဆေး ပြင်းလိပ်မသုံးလျှင်ပင် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ဖြင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်စေနိုင် သည်။

အသည်းကင်ဆာသည် မလိုလားအပ်သောဘေးထွက် ဆိုးကျိုးများစွာကို ဖြစ်စေသည်။ ဥပမာ- ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ပျို့တက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်းစသည်တို့ဖြစ်သည်။ အချို့ အစားအစာများကိုရှောင်ကြဉ်ခြင်းသည် အသည်းကို ပြန်လည်ကောင်းမွန်စေရန် ကူညီနိုင်သည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement