အရိုးစကန်ဖတ်ခြင်း – အရိုးမှာ ကင်ဆာလိုမျိုး အလွန်လျင်မြန်စွာ ပွားများနေတဲ့ဆဲလ်တွေ ရှိမရှိစစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွပစ္စည်းကို သွေးပြန်ကြောထဲမှတစ်ဆင့် ထိုးသွင်းပြီး သွေးစီးကြောင်းတစ်လျှေက်သွားစေပါတယ်။ အရိုးမှာပုံသွားပြီး စကင်ဖတ်ကြည့်လို့ရပါတယ်။
ဘေရီယမ်အသုံးပြု အစာရေမျိုပြွန်ဓါတ်မှန်ရိုက်ခြင်း – အစာရေမျိုပြွန်ကို ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ လူနာကို ဘေရီယမ်ပါတဲ့အရည်ကို သောက်ခိုင်းပါတယ်။ အရည်က အစာရေမျိုပြွန်ကို လွှမ်းသွားတဲ့အခါမှာ ဓါတ်မှန်ရိုက်ကြ ည့်လို့ရပါတယ်။
မှန်ပြောင်းကြည့်ခြင်း – လည်မျိုကိုအပေါ်ယံစမ်းသပ်လို့ မရနိုင်တဲ့အခါမျိုးမှာ လည်မျိုအတွင်းကိုကြည်နိုင်ပါတယ်။ မှန်ပြောင်းသေးသေးပိန်ပိန်လေးကို ပါးစပ်ဒါမှမဟုတ်နှာခေါင်းကနေ ထိုးသွင်းလိုက်ပြီး ပုံမှန်မဟုတ်တဲ့အရာတွေရှိမရှိ စမ်းသပ်ကြည့်ခြင်းဖြစ်ပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရနိုင်ပါတယ်။
အစာရေမျိုပြွန်မှန်ပြောင်းကြည့်ခြင်း – အစာရေမျိုပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စမ်းသပ်ကြည့်ဖို့ သုံးပါတယ်။ နှာခေါင်းသို့ခံတွင်းကနေ လည်ချောင်းတစ်လျှောက် အစာရေမျိုပြွန်အတွင်းရောက်တဲံအထိ ထည့်လိုက်ပါတယ်။ တစ်ရှူးအသားစယူပြီးလည်း စစ်နိုင်ပါတယ်။
လေပြွန်မှန်ပြောင်းကြည့်ခြင်း- လေပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ နှာခေါင်းသို့ခံတွင်းကနေတစ်ဆင့် လေပြွန်တွေထဲကို မှန်ပြောင်းကိုထိုးသွင်းလိုက်ပါတယ်။ တစ်ရှူးအသားစစစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။
အသားစစစ်ဆေးခြင်း- ဆဲလ်နဲ့တစ်ရှူးတွေကို ကင်ဆာလက္ခဏာတွေရှိမရှိ အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။
Hypopharynx Cancer (လည်မျိုကင်ဆာ) ကို ဘယ်လိုကုသပါသလဲ
ကုသမှုက အောက်ပါအခြေအေနေတွေအပေါ် မူတည်နေပါတယ်။
ကင်ဆာအဆင့်သတ်မှတ်ချက်
ပုံမှန်အတိုင်း ပြောနိုင်၊ စားနိုင်၊ အသက်ရှူနေနိုင်ခြင်း
လူနာရဲ့ အထွေထွေကျန်းမာရေး
လည်မျိုကင်ဆာဝေဒနာသည်တွေမှာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာဖြစ်နိုင်ချေများပါတယ်။
ဂရုစိုက်ဖို့အရေးကြီးပါတယ်။
အဆင့်၁- လည်မျိုအစိတ်အပိုင်းနဲ့ လည်ပင်းမှာရှိတဲ့အကျိတ်နဲ့ အခြားတစ်ရှူးတွေကို ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးကို လည်ပင်းအကျိတ်တွေဖယ်ထုတ်ထားတဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ ရောင်ခြည်ကုထုံးသက်သက်လည်း ပေးနိုင်ပါတယ်။
အဆင့်၂- ကုသမှုအဆင့်၂
လေပြွန်လည်မျိုနဲ့ လည်ပင်းအကျိတ်နဲ့တစ်ရှူးတွေကို ဖယ်ထုတတ်ခြင်းဖြစ်ပါတယ်။ ခွဲစိတ်ပြီးလည်ပင်းအကျိတ်ဖယ်ထားတဲ့လ ူတွေမှာ ရောင်ခြည်ကုထုံးပေးနိုင်ပါတယ်။ ဓါတ်ကင်နေတုန်းမှာလည်း ဓါတုကုထုံးပေးနိုင်ပါတယ်။ ဓါတုကုထုံးအပေါ်အကျိတ်ရဲ့တုန့်ပြန်မှုကို ကြည့်ပြီး ဓါတုကုထုံးပေးပြီးမှ ခွဲစိတ်ကုသခြင်း၊ ဓါတ်ကင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။
အဆင့်၃နှင့်အဆင့်၄
ကုသမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဓါတုကုထုံးနဲ့တွဲပြီးဒါမှမဟုတ်မတွဲဘဲ ခွဲစိတ်မှုအပြီးသို့မလုပ်ခင်မှာ ဓါတ်ကင်ခြင်း
ဓါတုကုထုံးပေးပြီးနောက် ခွဲစိတ်ကုသခြင်း ဓါတ်ကင်ခြင်း
ဓတုကုထုံးနဲ့ဓါတ်ကင်ခြင်းကို တစ်ပြိုင်တည်းပေးခြင်း
ခွဲစိတ်ကုသပြီးနောက် ဓါတ်ကင်ခြင်းနဲ့ဓါတုကုထုံးတစ်ပြိုင်တည်း ပေးခြင်း
လည်မျိုတစ်စိတ်တစ်ပိုင်းသို့ တစ်ခုလုံးကို အစားစားခြင်း၊ အသက်ရှူခြင်းနဲ့ စကားပြောနိုင်ဖို့အတွက် ခွဲစိတ်ပြုပြင်ပေးခြင်း
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်မျိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့အညီနေထိုင်ခြင်း- အစားကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းလုပ်ြခ်ငး၊ အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေခြင်းတွေကလည်း အကူအညီပေးနိုင်ပါတယ်။
အစာသင့်တင့်မျှတအောင်စားခြင်း
အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းတွေက ကင်ဆာအတွက်ကုသမှုခံယူနေရတဲ့လူနာတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက မောပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးနိုငပါတယ်။ တစ်ခုခုကိုစမလုပ်ခင်မှာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းကို ပြောသင့်ပါတယ်။ သင့်လေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အထင်အမြင်ကိုယူသင့်ပါတယ်။ လေ့ကျင့်ခန်းအတူလုပ်ဖော်ကိုလည်း ရှာပါ။ လေ့ကျင့်ခန်းစစပြုချင်းမျာ သူငယ်ချင်းနဲ့မိသားစုဝင်တွေကို အတူပါဝင်စေခြင်းက သင့်အတွက်ခွန်အားဖြစ်စေပါလိမ့်မယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။