ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ
လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!
ကင်ဆာဝေဒနာ ခံစားနေရသူတွေ အနေနဲ့ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်။ ဒါမှလည်း ခန္ဓာကိုယ်က ကင်ဆာကို ကြံ့ကြံ့ခံ တိုက်ထုတ်နိုင်မှာပါ။ တခြားကင်ဆာတွေဆို သိပ်ပြီး အကြောင်းဟုတ်လှပေမဲ့ လျှာကိုယ်တိုင်က ကင်ဆာဖြစ်ရင်ရော ဘယ်လိုစားကြမလဲ။ တစ်ခေါက်မှာတော့ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ကင်ဆာကုထုံး ခံယူချိန်မှာ ခန္ဓာကိုယ်က ခုခံအားကျသွားတဲ့အတွက် ပိုးဝင်ကူးစက်မှုတွေ ပိုလွယ်လာပါတယ်။ ဒီအချိန်မှာ အစားအသောက်တွေကို သေချာ ဂရုစိုက် စားမိဖို့ လိုပါမယ်။ ဒါမှ အစားကနေတဆင့် ရောဂါ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။ အသီးအရွက်တွေ အနေနဲ့ - မုန်လာဥနီ၊ ရွှေဖရုံသီး၊ နိုကိုဥ၊ ခရမ်းချဉ်သီး စတာတွေကို အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ စားပေးလို့ […]