home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ

သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး နဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ‌‌ဝေမျှပေးလိုက်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အိမ်ထောင်သည် အမျိုးသမီးတွေထိုးလို့ရပါသလား။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍ အပျိုဖော်အရွယ် သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတဲ့နည်းကရော အမျိုးသမီးတိုင်းစစ်လို့ရပါသလား။

သားအိမ်ခေါင်းကင်ဆာကာကွယ်နည်းဆိုတာ ကင်ဆာ မဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးလည်း စိတ်ချထားလို့ မရပါဘူး။ အိမ်ထောင် ကျပြီးတဲ့ အမျိုးသမီးများ တစ်သက်တာလျှင် အနည်းဆုံးတစ်ကြိမ် စစ်ဆေးမှုခံယူသင့်ပါတယ်။

ဘယ်စစ်ဆေးနည်းက အကောင်းဆုံးပါလဲ။

စစ်ဆေးနည်းအမျိုးမျိုးရှိရာ တစ်ခုနဲ့ တစ်ခု အားသာချက် အားနည်းချက် မတူပါဘူး။ မစစ်ခင် နီးစပ်ရာ ဆရာ၀န် နဲ့ တိုင်ပင်ဆွေးနွေးခြင်းကအကောင်းဆုံးပါ။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ကိုယ်၀န်ဆောင်တွေရောထိုးလို့ရလား

ကိုယ်၀န်ဆောင်တွေနဲ့ ကာကွယ်ဆေးက သင့်တော်လားဆိုတာ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ အကယ်၍အခုမှ စထိုးတာဖြစ်စေ ထိုးနေရင်းနဲ့ ကိုယ်၀န်ရသွားတာဖြစ်စေ ကလေးမွေးဖွားပြီးတဲ့အထိ စောင့်လိုက်တာကတော့ အကောင်းဆုံးပါ။

အမျိုးသမီးတစ်ယောက်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး မထိုးခင် အရင် စစ်ဆေးဖို့ လိုအပ်ပါသလား

စစ်ဆေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီးသွားရင်လည်း သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်တော့ဘူးဆိုပြီး စိတ်ချထားလို့ မရတဲ့အတွက် ပုံမှန်စစ်ဆေးမှု(သားအိမ်ခေါင်းကင်ဆာအကြို အဆင့်စစ်ဆေးမှု) ခံယူသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက ဘယ်လောက် ထိရောက်မှုရှိလဲ။

အခု စျေးကွက်ထဲမှာ၀ယ်လို့ရတဲ့ ကာကွယ်ဆေးတွေကတော့ အဖြစ်များတဲ့HPV(Human Papillomavirus) နှစ်မျိုးကနေ လေးမျိုးထိပဲ ကာကွယ်ပေးနိုင်ပါတယ်။ အဖြစ်များတဲ့ ပိုးအမျိုးအစားကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းအပြင် မိန်းမကိုယ်နှုတ်ခမ်း၊ မွေးလမ်းကြောင်း၊ စအို နဲ့ လေပြွန်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အကယ်၍သာ အမျိုးသမီးတစ်ယောက်က ကာကွယ်ဆေးမထိုးခင် တစ်မျိုးထက်ပိုတဲ့ HPV အမျိုးအစားကူးစက်ခြင်း ခံရပြီးသားဆိုရင်တော့ ကာကွယ်ဆေးက အပြည့်အ၀ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး က လိင်အင်္ဂါကြွက်နို့ ကိုကာကွယ်ပေးနိုင်ပါလား။

ကာကွယ်ဆေးကနေ ကာကွယ်ပေးနိုင်တဲ့ပိုးကြောင့် မဟုတ်ဘဲ အခြား ကြွက်နို့ပိုးအမျိုးအစားကြောင့် ဖြစ်သော ကြွက်နို့ဖြစ်စေ၊ အခြားလိင်ကနေ ကူးစက်နိုင်သော‌ရောဂါများကိုဖြစ်စေ ကာကွယ်မပေးနိုင်ပါ။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ဘယ်လောက် ကြာကြာ အာနိသင်ရှိလဲ။ ဘယ်လောက်ကြာရင် ထပ်ထိုးရမလဲ။

ပုံမှန်အားဖြင့်တော့ နှစ်ကြိမ် (တချို့ ၃ကြိမ်)အပြည့် ထိုးပြီးသွားရင် ထပ်ထိုးဖို့မလိုတော့ပါဘူး။ တာရှည်ကာကွယ်ပေးပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ယောကျ်ားလေးတွေရောထိုးလို့ရပါသလား။

‌ယောကျ်ားလေးတွေလည်းထိုးလို့ရပါတယ် Gardasil or Gardasil.9 ဆိုတဲ့အမျိုးအစားကို လူပျိုဖော်၀င်ချိန် ၉ နှစ်အရွယ်ကစပြီး အိမ်ထောင်မကျခင် အရွယ် ၂၆ နှစ်နှစ်လောက်အထိ ထိုးလို့ရပါတယ်။ အကယ်၍သာ ‌ယောကျ်ားလေးတွေထိုးနိုင်ရင်တော့ မိမိလက်တွဲဖော်ကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ရေးသားသူ – Dr. Z

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 03/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။