backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Cervarix ဆိုတာဘာလဲ

Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်တဲ့HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။

HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့တခြားအကြောင်းရင်းတွေရှိနိုင်ပါသေးတယ်။

Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊အပြင်ယောနိမှာဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။

Cervarix ကို ဘာအတွက်အသုံးပြုကြသလဲ

HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီးရောဂါပိုးကူးစက်ခံခြင်းမရှိရင်Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုမကုသနိုင် သလို HPV ကူးစက်ခံရပြီးသူတွေကိုလည်း ကုသနိုင်မှာမဟုတ်ပါဘူး။

Cervarix ကHPV အမျိုးအစား 16 နဲ့ 18 တို့ကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကာကွယ်နိုင်တာဖြစ်ပြီး HPVကြောင့်ဖြစ်တဲ့တခြားရောဂါတွေကို မကာကွယ်နိုင်ပါဘူး။

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

HPV ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုကြတဲ့အသက်အရွယ်ကတော့ အသက် ၁၁ နှစ်- ၁၂နှစ်အရွယ် မိန်းကလေးတွေဖြစ်ပါတယ်။ အသက် ၉နှစ်ကစပြီးလည်း ထိုးနိုင်ပါတယ်။

ဒီအသက်အရွယ်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့လိုအပ်ရတဲ့အကြောင်းရင်းကတော့ ဆေးမထိုးခင်မှာ ဒီရောဂါပိုး ကူးစက်ခံရပြီးသူတွေမဖြစ်စေဖို့မိန်းကလေးတွေမှာ တစ်ခါမှလိင်မဆက်ဆံရသေးတဲ့သူဖြစ်ဖို့လိုတာကြောင့်ပါ။

မိန်းကလေးငယ်တစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်မှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးသားဖြစ်နေရင် ကာကွယ်ဆေးက အကျိုးထူးမှာမဟုတ်လို့ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက မထိုးခဲ့ရတဲ့သူတွေအနေနဲ့လည်း အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်အတွင်း မိန်းကလေးတွေ ကာကွယ်ဆေးထိုးလို့ရသေးတယ်လို့ သိရပါတယ်။

HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –

  • ပထမအကြိမ်
  • ဒုတိယအကြိမ် (ပထမဆေးထိုးပြီး ၁လ သို့မဟုတ် ၂လအကြာ)
  • တတိယအကြိမ် (ပထမဆေးထိုးပြီး ၆ လအကြာ)

HPV ကာကွယ်ဆေးထိုးတဲ့အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။

HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့ –

  • HPV ကာကွယ်ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုနဲ့အသက်အန္တရာယ်ရှိလောက်အောင် ဓါတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ ဒါမှမဟုတ်HPV ကာကွယ်ဆေးထိုးခဲ့စဉ်က ဓါတ်မတည့်မှုပြင်းထန်ခဲ့သူတွေ (latex ဓါတ်မတည့်မှုအပါအဝင် ကိုယ့်မှာ ပြင်းထန်တဲ့ဓါတ်မတည့်မှုတစ်ခုခုရှိရင် ဆရာဝန်ကိုပြောပြပါ)
  • ဒီကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထိုးလို့မရပါဘူး။ ဒါပေမယ့်ကလေးနို့တိုက်မိခင်တွေတော့ ထိုးလို့ရပါတယ်။
  • ကာကွယ်ဆေးထိုးဖို့စီစဉ်ထားချိန်မှာ အနည်းငယ်နေမကောင်းဖြစ်နေတဲ့သူတွေလည်းဆေးထိုးလို့ရနိုင်ပါတယ်။တော်တော်လေးနေမကောင်းသူ၊ပြင်းထန်သူတွေကတော့နေကောင်းလာတဲ့အထိစောင့်သင့်ပါတယ်။

Cervarix ကာကွယ်ဆေး ထိုးတဲ့အခါ

ဒီဆေးကို Cervarix လက်မောင်းကြွက်သားမှာထိုးပေးတာဖြစ်ပြီး သုံးကြိမ်ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရပါတယ်။ ပထမဆေးထိုးပြီၤး ၆ လအကြာမှာတော့နောက်ဆုံးတစ်ကြိမ်ဆေးထိုးရတာဖြစ်ပါတယ်။

ဒီအဆင့်အတိုင်းမပျက်မကွက်ဆေးထိုးဖို့တော့လိုပါတယ်။ မဟုတ်ရင်ရောဂါကာကွယ်နိုင်စွမ်း အပြည့်အဝမရရှိနိုင်ပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cervarixဆေးက သင့်အတွက်ဘေးကင်းမကင်းသေချာစေဖို့အောက်ပါအချက်တွေသင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ –

  • ကိုယ်ခံအားနည်းနေရင်၊
  • latex နဲ့ဓါတ်မတည့်ရင်၊
  • သင်က ကင်ဆာဆေး၊စတီးရွိုက် ဒါမှမဟုတ် ကိုယ်ခံအားကျစေနိုင်တဲ့ဆေးဝါးတွေသောက်နေရသူဖြစ်ရင်

Cervarix က သန္ဓေသားကို မထိခိုက်စေနိုင်ဘူးလို့ မျှော်လင့်ရပေမယ့် ဆေးထိုးကာလအတွင်း ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိရင် ဆရာဝန်ကိုပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

PasteTextHere

ဘေးထွက်ဆိုးကျိုးများ

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Cervarix ကို ကမ္ဘာတလွှားမှာ အသုံးပြုနေကြတာနှစ်အတော်ကြာပြီဖြစ်ပြီးဘေးအန္တရာယ်လည်းကင်းခဲ့ပါတယ်။ ဒါပေမယ့်ဆေးတိုင်းမှာဘေးဥပါဒ်နဲ့ဘေးထွက်ဆိုးကျိုးက မကင်းကြပါဘူး။ အနည်းနဲ့အများသာပြင်းထန်မှုအတိုင်းအတာကွာခြားတာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ထိခိုက်မှု၊သေဆုံးမှုဖြစ်ဖို့ကတော့ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။

တခြားကာကွယ်ဆေးတွေလိုပဲ HPVကာကွယ်ဆေးကိုလည်း ပုံမှန်မဟုတ်တဲ့၊ပြင်းထန်တဲ့ပြဿနာတွေဖြစ်လာခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Cervarix ကိုထိုးပြီးနောက်ပိုင်းဖြစ်လာသမျှထူးခြားမှုတွေကိုစောင့်ကြည့်ပါ။

Cervarixဆေးကိုထိုးပြီးရင် တချို့လူတွေမှာ မူးကနဲမိုက်ကနဲဖြစ်နိုင်ပါတယ်။ ဆေးထိုးပြီး ၁၅ မိနစ်လောက် ထိုင်နေ၊ လှဲလျောင်းနေသင့်ပါတယ်။

Cervarix ရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတချို့က –

  • ဆေးထိုးတဲ့နေရာမှာ နာကျင်ကိုက်ခဲခြင်း၊ရောင်ရမ်းခြင်း၊ နီရဲခြင်း၊
  • ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊
  • အရိုးအဆစ်၊ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊
  • မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊ဝမ်းပျက်ခြင်း၊ဗိုက်အောင့်ခြင်း၊
  • ဂလင်းများရောင်ရမ်းခြင်း တို့ဖြစ်ပါတယ်။

ဒါတွေအားလုံးကဘေးထွက်ဆိုးကျိုးအားလုံးပါတဲ့အတိအကျမဟုတ်ပါဘူး။ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်ပြီး ဆရာဝန်ကိုမေးမြန်းပြီး သူ့ရဲ့အကြံဉာဏ်ရယူပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

Cervarixဆေးက သင့်အတွက်ဘေးကင်းမကင်းသေချာစေဖို့အောက်ပါအချက်တွေသင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ –

  • ကိုယ်ခံအားနည်းနေရင်၊
  • latex နဲ့ဓါတ်မတည့်ရင်၊
  • သင်က ကင်ဆာဆေး၊စတီးရွိုက် ဒါမှမဟုတ် ကိုယ်ခံအားကျစေနိုင်တဲ့ဆေးဝါးတွေသောက်နေရသူဖြစ်ရင်

Cervarix က သန္ဓေသားကို မထိခိုက်စေနိုင်ဘူးလို့ မျှော်လင့်ရပေမယ့် ဆေးထိုးကာလအတွင်း ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိရင် ဆရာဝန်ကိုပြောပြပါ။

ဘယ်ရောဂါအခြေအနေတွေက Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

  • HPV ကာကွယ်ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုနဲ့အသက်အန္တရာယ်ရှိလောက်အောင် ဓါတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ ဒါမှမဟုတ်HPV ကာကွယ်ဆေးထိုးခဲ့စဉ်က ဓါတ်မတည့်မှုပြင်းထန်ခဲ့သူတွေ (latex ဓါတ်မတည့်မှုအပါအဝင် ကိုယ့်မှာ ပြင်းထန်တဲ့ဓါတ်မတည့်မှုတစ်ခုခုရှိရင် ဆရာဝန်ကိုပြောပြပါ)
  • ဒီကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထိုးလို့မရပါဘူး။ ဒါပေမယ့်ကလေးနို့တိုက်မိခင်တွေတော့ ထိုးလို့ရပါတယ်။
  • ကာကွယ်ဆေးထိုးဖို့စီစဉ်ထားချိန်မှာ အနည်းငယ်နေမကောင်းဖြစ်နေတဲ့သူတွေလည်းဆေးထိုးလို့ရနိုင်ပါတယ်။တော်တော်လေးနေမကောင်းသူ၊ပြင်းထန်သူတွေကတော့နေကောင်းလာတဲ့အထိစောင့်သင့်ပါတယ်။
  • သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –

    • ပထမအကြိမ်
    • ဒုတိယအကြိမ် (ပထမဆေးထိုးပြီး ၁လ သို့မဟုတ် ၂လအကြာ)
    • တတိယအကြိမ် (ပထမဆေးထိုးပြီး ၆ လအကြာ)

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement