home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားအိမ်ခေါင်းကင်ဆာကာကွယ်နည်း

သားအိမ်ခေါင်းကင်ဆာကာကွယ်နည်း

၂၀၁၆ခုနှစ်မှာအမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ခန့်မှန်းချက်အရသားအိမ်ခေါင်းကင်ဆာဖြစ်နေတဲ့အမျိုးသမီးပေါင်း၁၂၉၉၀ရှိနေပြီး သေဆုံးနိုင်ခြေက၄၁၂၀ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်းလူတွေကသားအိမ်ခေါင်းကင်ဆာကိုဂရုစိုက်လာကြတာသိသာပါတယ်။ အခုပြောပြသွားမှာကသားအိမ်ခေါင်းကင်ဆာကိုကာကွယ်ပေးမယ့်အချက်လေးတွေပါ။

အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ပြောကြားချက်အရ အောက်ပါအချက်တွေလိုက်နာတဲ့အမျိုးသမီးတွေကသားအိမ်ခေါင်းကင်ဆာကိုရှိမှန်းစောစောစီးစီးသိရတယ်လို့ဆိုပါတယ်။ ဒီအချက်တွေကိုလိုက်နာပေးခြင်းကကင်ဆာစဖြစ်ဖြစ်ချင်းသိနိုင်တဲ့အတွက်ကြိုတင်ကာကွယ်ပြီးကင်ဆာကိုမဖြစ်လာအောင်လုပ်လို့ရပါတယ်။

  • အမျိုးသမီးတိုင်းကသားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကိုအသက်၂၁မှာစလုပ်သင့်ပါပြီ။ အသက်၂၁ကနေ၂၉နှစ်ကြားအမျိုးသမီးတွေက၃နှစ်တစ်ကြိမ် Pap test ကိုလုပ်ဆောင်သင့်ပါတယ်။ ဒီအသက်အရွယ်တွေအတွက် HPV test ကိုတော့မလုပ်သင့်ပါဘူး (Pap test တစ်ခုခုအဆင်မပြေလို့နောက်ဆက်တွဲ test အဖြစ်တော့သုံးချင်သုံးပါလိမ့်မယ်)
  • အသက်၃၀အရွယ်ကစပြီးသားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးရာမှာ Pap test နဲ့အတူ HPV test ကိုပါ၅နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ ဒါကိုအသက်၆၅မတိုင်ခင်ထိလုပ်သင့်ပါတယ်။
  • တခြားနည်းလမ်းကတော့အသက်၃၀ကနေ၆၅ကြားမှာ Pap test သက်သက်ကို၃နှစ်တစ်ကြိမ်စစ်ဆေးပေးဖို့ပါ။
  • သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေမြင့်တဲ့အမျိုးသမီးတွေကတော့ကိုယ်ခံအားကျနေတဲ့အမျိုးသမီးများ (ဥပမာ – HIV ရှိသူများ၊အင်္ဂါအစားထိုးထားသူများ၊ steroid ကြာရှည်စွာအသုံးပြုသူများ) နဲ့ကိုယ်ဝန်သားဘဝတုန်းက DES နဲ့ထိတွေ့ခဲ့ရသအမျိုးသမီးများဖြစ်ပါတယ်။ သူတို့အနေနဲ့ပိုပြီးတော့တောင်သတိထားစောင့်ကြည့်သင့်ပါတယ်။ သူတို့ကတော့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။
  • လွန်ခဲ့တဲ့၁၀နှစ်လုံးလုံးသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးလာတဲ့အသက်၆၅နှစ်အရွယ်အမျိုးသမီးတွေကတော့လွန်ခဲ့တဲ့အနှစ်၂၀အတွင်းကင်ဆာအနုတွေဖြစ်တဲ့CIN2 , CIN 3 , (CIN က Cervical intraepithelialneoplasiaဖြစ်ပါတယ်) စတဲ့အခြေအနေတွေမကြုံခဲ့ရင်စစ်ဆေးမှုကိုရပ်လိုက်နိုင်ပါပြီ။CIN 2, CIN 3 စတဲ့အခြေအနေတွေရှိခဲ့ဖူးတဲ့အမျိုးသမီးတွေကတော့အဲဒီအခြေအနေတွေကိုစတွေ့တဲ့အချိန်ကစပြီး အနည်းဆုံးနောက်အနှစ်နှစ်ဆယ်အထိစစ်ဆေးမှုတွေဆက်လုပ်နေသင့်ပါတယ်။
  • Hysterectomy (သားအိမ်နဲ့သားအိမ်ခေါင်းဖယ်ရှားခြင်း) ပြုလုပ်ထားတဲ့အမျိုးသမီးတွေကတော့ Hysterectomy ကိုကင်ဆာဖြစ်လာလို့ကုထုံးအနေနဲ့လုပ်ထားတာမဟုတ်ရင်တော့ Pap test တွေ HPV test တွေစတာတွေကိုရပ်လိုက်လို့ရပါပြီ။Supra-cervical hysterectomy (သားအိမ်ဘဲဖယ်ပြီးသားအိမ်ခေါင်းမဖယ်ထားခြင်း) လုပ်ထားတဲ့အမျိုးသမီးတွေကတော့စစ်ဆေးမှုတွေကိုညွှန်ကြားချက်အတိုင်းဆက်လုပ်သင့်ပါတယ်။
  • ဘယ်အသက်အရွယ်ရှိတဲ့အမျိုးသမီးမဆိုစစ်ဆေးမှုတွေကိုတစ်နှစ်တစ်ကြိမ်တော့မလုပ်သင့်ပါဘူး။
  • HPV ကာကွယ်ဆေးထိုးထားတဲ့အမျိုးသမီးတွေလည်းညွှန်ကြားချက်အတိုင်းစစ်ဆေးမှုတွေဆက်လုပ်သင့်ပါသေးတယ်။

တချို့အမျိုးသမီးတွေကတော့ကလေးမယူတော့တဲ့အချိန်ကစပြီးသားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကိုရပ်လိုက်နိုင်ပါပြီလို့ထင်ကြပါတယ်။ ဒါကမမှန်ပါဘူး။ သူတို့အနေနဲ့အမေရိကန်ကင်ဆာအဖွဲအစည်းရဲ့ညွှန်ကြားချက်အတိုင်းဆက်လိုက်နာသင့်ပါတယ်။

နှစ်စဉ်စစ်ဆေးမှုပြုလုပ်နေစရာမလိုပေမယ့်လည်းစစ်ဆေးမှုတွေမှာရလဒ်ပုံမှန်မဟုတ်နေတဲ့အမျိုးသမီးတွေအနေနဲ့Pap test (တစ်ခါတစ်လေ PV test နဲ့တွဲလုပ်ပါ) ကိုနောက်ဆက်တွဲစစ်ဆေးမှုအနေနဲ့၆လကနေ၁နှစ်အကြာမှာထပ်လုပ်သင့်ပါတယ်။

ဒီသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးဖို့ညွှန်ကြားချက်တွေကသားအိမ်ခေါင်းကင်ဆာနဲ့ HIV ရှိနေတဲ့အမျိုးသမီးတွေနဲ့အကြုံးမဝင်ပါဘူး။ သူတို့အနေနဲ့ကတော့သူတို့ဆရာဝန်ညွှန်ကြားချက်အတိုင်းစစ်ဆေးမှုတွေဆက်လုပ်ရမှာပါ။

သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုရဲ့အရေးကြီးပုံများ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကမဖြစ်ခင်ကြိုသိနိုင်ပြီးကြိုတင်ကုသပျောက်ကင်းနိုင်တဲ့အခွင့်အရေးများစွာရှိပါတယ်။ စစ်ဆေးခြင်းကသားအိမ်ခေါင်းဆဲလ်တွေပြောင်းလဲလာခြင်း (ကင်ဆာမဖြစ်ခင်အဆင့်) ကိုဖြစ်ဖြစ်ချင်းသိနိုင်တဲ့အတွက်ကင်ဆာဖြစ်တဲ့ဆီမရောက်ဘဲတားဆီးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာက စောစောကြိုသိခဲ့ရင်ကုသရအလွယ်ဆုံးကင်ဆာပါ။ လွန်ခဲ့တဲ့နှစ်၃၀အတွင် US မှာသားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ၅၀ရာခိုင်နှုန်းအထိလျော့သွားပါတယ်။ ဒါက Pap test ရဲ့ထိရောက်မှုလို့လည်းယုံကြည်ကြပါတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကအကျိုးအများကြီးရှိပေမယ့်အမေရိကန်အမျိုးသမီးအားလုံးကတော့အဲဒီအကျိုးတွေကိုမခံစားရပါဘူး။ သားအိမ်ခေါင်းကင်ဆာရှိသူအမျိုးသမီးအများစုက Pap test တစ်ခါမှမလုပ်ဖူးသူနဲ့မကြာသေးခင်က Pap test မလုပ်ထားသူတွေဘဖြစ်ပါတယ်။ ကျန်းမာရေးအာမခံမရှိတဲ့အမျိုးသီးတွေနဲ့ ပြောင်းရွှေ့လာတဲ့အမျိုးသမီးတွေကသားအိမ်ခေါင်းကင်ဆာစစ်ေးဖို့အချိန်နည်းကြပါတယ်။

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူအမျိုးသမီးအရေအတွက်ကသားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုမလုပ်ကြတဲ့နေရာတွေမှာပိုများပါတယ်။ တိုးတက်ပြီးနိုင်ငံတော်တော်များများမှာအမျိုးသမီးတွေကင်ဆာနဲ့ပတ်သက်ပြီးကြောက်လန့်လာတဲ့အကြောင်းအရင်းကသားအိမ်ခေါင်းကင်ဆာပါဘဲ။ ဒီအမျိုးသမီးတွေကကင်ဆာအစောပိုင်းတွေဖြစ်နေတာမဟုတ်ဘဲ နောက်ပိုင်းအဆင့်တွေဖြစ်နေတာများပါတယ်။

သေဆုံးနှုန်းမြင့်ပေမယ့်သားအိမ်ခေါင်းကင်ဆာကကုရအလွယ်ဆုံးကင်ဆာတွေထဲမှာပါပါတယ်။ ဒါကြောင့်သင့်မှာသားအိမ်ခေါင်းကင်ဆာစဖြစ်နေပြီဆိုရင်တောင်မှသားအိမ်ခေါင်းကင်ဆာအထိပြောင်းမသွားခင်ကုသပျောက်ကင်းနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Kyaw Thura Htun မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။