backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာအတွက် အစားအစာပြောင်းလဲရွေးချယ်မှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာအတွက် အစားအစာပြောင်းလဲရွေးချယ်မှုများ

လေ့လာမှုများစွာအရ နေ့စဉ်စားသုံးနေကျ အစားအစာများသည် ကမ္ဘာတစ်ဝှမ်းရှိ ကင်ဆာဖြစ်စေသောအကြောင်း၏ တစ်ဝက်နီးပါးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ရင်သားကင်ဆာရှိသူများတွင် ကင်ဆာပြန်ဖြစ်နှုန်းလျှော့ချနိုင်သည့် မျှော်လင့်ချက်များနှင့် အောက်ပါအစားသောက်ပုံစံများကို ပြောင်းပေးသင့်သည်။ ပြောင်းလဲသင့်သော အစာအာဟာရများဆိုသည်မှာ စားသောက်ခြင်းနှင့် အချို့အစားအစာများကို ရှောင်ရှားခြင်းဟု အများကသိကြသည်။ သို့သော်ဤအာဟာရမှကင်ဆာနှုန်းလျှော့ချပေးမပေးမှာ သေချာမသိနိုင်ကြသေးပါ။

ရင်သားကင်ဆာလူနာအတွက် အစားထိုရမည့်အာဟာရအနေဖြင့် ဟင်းသီးဟင်းရွက်များမှာ အဓိကဖြစ်သည်။ ၎င်းတွင် အစေ့အဆံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နှံစားပြောင်း၊ ပင်ပျော့၊ ဟင်းခတ်အမွှေးအကြိုင်တို့ ပါဝင်သည်။ လူနာများသည် အသားနှင့် နို့ထွက်ပစ္စည်းများကို စားနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ စားသင့်သည်။ အောက်တွင် ရင်သားကင်ဆာလူနာများအတွက် ကျန်းမာရေးကောင်းမွန်စေသည့် အစားထိုးအာဟာရ၂မျိုးရှိသည်။

နို့ထွက်ပစ္စည်းများကို ရှောင်ရှားခြင်း

ရင်သားကင်ဆာဟု သိရှိပြီးနောက် လူအချို့တွင် နို့ထွက်ပစ္စည်များကို ဖြတ်ခြင်းအားဖြင့် အစာအာဟာရပြောင်းလဲခြင်းကို ချက်ချင်းစကြသည်။ နို့ထွက်ပစ္စည်းများစားသုံခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးသည်ဟု ယုံကြည်ကြသည်။ သူတို့၏ အစားထိုးအာဟာရတွင် နို့ထွက်ပစ္စည်းရှောင်းရှားခြင်းနှင့် ပဲမှ ထုတ်သည့် အစားအစာနှင့် နို့မှ အဆီမပါသည့် အစားအစာများအစားထိုးခြင်းနှင့် စတင်ပါသည်။ ရင်သားကင်ဆာအတွက် နို့ထွက်ပစ္စည်းကင်းလွတ်သည့် အစားအစာသည် အကျိုးရှိသည့် အထောက်အထားများမရှိပါ။ ထို့ကြောင့် အာဟာရပညာရှင်များမှ လူနာများသည် နို့ထွက်ပစ္စည်းများကို နေ့စဉ် အစားအစာမှ လုံးဝဖယ်ရှားရန် မလိုကြောင်းထောက်ခံသည်။ သို့သော် ပိုအဆင့်မြင့်သည့် နို့ထွက်ပစ္စည်းအစားထိုးများဖြင့် အစားထိုးရန်တော့လိုသည်။

Macrobiotic diet (သဘာဝအစေ့အဆန်၊ ဟင်းသီးဟင်းရွက်ပါသော အစားအစာ)

Macrobiotic diet နည်းကို ကျင့်သုံးလျှင် အဆိပ်အတောက်ပါသော အစားအစာများကို ရှောင်ကြဉ်ရပါမည်။ ရင်သားကင်ဆာလူနာများ ယုံကြည်ထားသည်မှာ အစားသောက်နှင့် လူနေမှုပုံစံ ပြောင်းလဲခြင်းက သူတို့ကို ပို၍ နေလို့ကောင်းစေကာ ကင်ဆာပြန်ဖြစ်နိုင်ချေကို လျော့စေပါသည်။ ထို့ကြောင့် လူများက Macrobiotic dietကို နည်းမှန်စွာ ကျင့်သုံးချင်ပါက သင်သည် ဘာကိုစားရမည်၊ အစားအစာဘယ်လိုချက်ရမည်ဆိုသည့် တိကျသောနည်းလမ်း လိုအပ်ပါသည်။ သင့်ကျန်းမာရေး၊ အသက်၊ လိင်အမျိုးအစား၊ အခြားကိုယ်ရေးအချက်အလက် (နေစရာ၊ ပုံမှန်လေ့ကျင့်ခန်း) ပေါ်မူတည်၍ macrobiotic အာဟာရအညာရှင်မှ သင့်အစားအသောက်ကို ဂရုတစိုက် စီစဉ်ပေးလိမ့်မည်။ ယေဘုယျအားဖြင့် အစားအသောက်တွင် ပါဝင်မည်မှာ

  • အော်ဂဲနစ် အစေ့အဆန်များ ဥပမာ ဆန်လုံးညို၊ ဘာလီ၊ ဂျုံ၊ buckwheat များကို သင့်အစာ၏တစ်ဝက်စားပါ။
  • ဒေသထွက် အော်ဂဲနစ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သင့်အစာ၏ လေးပုံ တစ်ပုံစားပါ။ ဟင်းသီးဟင်းရွက်၊ ကျောက်ပွင့်၊ ပဲ၊ ကုလားပဲ၊ အချဉ်ဖောက်ထားသည့် ပဲငံပြာရည်များကို အစာ၏လေးပုံတစ်ပုံစားပါ။
  • အစားထိုးအစားအစာများသည် အနည်းငယ်ဈေးကြီးပြီး အကန့်အသတ်ဖြစ်စေပါသည်။ ထို့ကြောင့် အထူကု(သို့) အာဟာရအညာရှင်နှင့် အစားထိုးအာဟာရ မစခင်ဆွေးနွေးသင့်သည်။ ကျန်းမာသော အလေးချိန်ထိန်းသိမ်းရန် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ရင်သားကင်ဆာကုသမှုခံစဉ် မျှတသည့်အာဟာရစားခြင်းသည် အကောင်းဆုံးဖြစ်သည်။ တစ်နည်းမဟုတ် တစ်နည်းအကျိုးပြုပါလိမ့်မည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement