ဦးနှောက်အကျိတ်လို့ ရောဂါအတည်ပြုလိုက်ပြီဆိုရင် သူတို့ိကို ဖယ်ရှားဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။
• ခွဲစိတ်ကုသခြင်း – ဒီပထမ နည်းလမ်းကို ဦးနှောက်အကျိတ်တွေကို ကုသဖို့အတွက် ရွေးချယ်နိုင်ပါတယ်။
• ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း – အခြေအနေ အတော်များများမှာ အကျိတ်ဟာ ခွဲစိတ်ကုသမှုနဲ့ ရောက်ရှိနိုင်ခြင်းမရှိတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဆိုရင် အကျိတ်ကို သေးသွားအောင် (သို့) သေသွားအောင် (သို့) ပွားနှုန်းနည်းသွားအောင် ဆရာဝန်တွေက ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို အသုံးပြုကြပါတယ်။
• တစ်ခါတလေမှာ ဆရာဝန်တွေဟာ အကျိတ်ကိုကုသဖို့ နှစ်နည်းလုံးကို အသုံးပြုကြပါတယ်။ ခွဲစိတ်ကုသမှုကို
အကျိတ်ကိုဖယ်ရှားဖို့ အသုံးပြုပြီး ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကိုတော့ ကျန်ခဲ့တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့ အသုံးပြုပါတယ်။
• ဦးနှောက်အတွင်းဘက်ရောက်နေတဲ့ အကျိတ်တွေ အတွက် ဆရာဝန်တွေက အဆုံးစွန်ဆုံး ဓါတ်ရောင်ခြည်ပမာဏကို အသုံးပြုတဲ့ Gamma knife ကို အသုံးပြုကြပါတယ်။
အကျိတ် (သို့) ကင်ဆာကုသနည်းတွေဟာ ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဟာ လူနာတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဆေးကုသမှုပြီးရင် ပြန်လည်ထူထောင်ဖို့ အစီအစဉ်တွေကို သေချာစွာ ပြောပြထားမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်မှု လုပ်ငန်းမှာတော့ ကျွမ်းကျင်သူ အမြောက်အမြား ပါဝင်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။