နှလုံးကင်ဆာဆိုတာ ရှိလား။ မရှိဘူးလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

သြော်…ကင်ဆာ…ကင်ဆာ။ ကင်ဆာဆိုတဲ့အရာက ကိုယ့်မှာရှိသမျှ အစိတ်အပိုင်းတွေအားလုံးမှာ ဖြစ်နိုင်တဲ့အရာ။ စဉ်းစားကြည့်လေ…အပေါ်ဆုံးကနေ စကြည့်ကြည့်မယ်ဆိုရင် ဦးနှောက်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ၊ စအိုကင်ဆာ၊ အရေပြားကင်ဆာ။အို.. အစုံပါပဲ.. နာမည်ကြီးကင်ဆာတွေ။ အရေးကြီးတဲ့ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာမဖြစ်တာမရှိ။ ပြောထားတဲ့ ကင်ဆာတွေအားလုံးကလည်း သူတို့ ကင်ဆာ အသိုင်းအဝိုင်းမှာ နာမည်ကြီးတွေ။ မသိသူသိပ်မရှိ။ ကိုယ်ခန္ဓါမှာရှိတဲ့ အရာအားလုံး ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ တစ်ချက်စဉ်းစားကြည့်။ နှလုံးကင်ဆာဆိုတာရှိလား။ ကြားဖူးလား။ သိပ်မကြားဖူးတော့ မရှိဘူးလို့ ထင်ချင်စရာပဲ။ နှလုံးကင်ဆာဆိုတာ လောကကြီးမှာရှိလား မရှိလားကြည့်ရအောင်။

ကင်ဆာတော်တော်များများကြားဖူးပေမယ့် နှလုံးကင်ဆာဆိုတာရှိရဲ့လား။

နှလုံးကင်ဆာဆိုတာရှိပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ ဖြစ်ရင်လည်း တစ်ခါထဲ အသေပဲ။ အဲလိုပြောလိုက်လို့ လန့်သွားကြဦးမယ်။ နှလုံးကင်ဆာဟာ ဖြစ်တတ်ပေမယ့် အများစုဟာ ကင်ဆာမပြောင်းနိုင်ဘူး။ ဝမ်းသာစရာပဲနော်။ နှလုံးကင်ဆာဖြစ်တာ နည်းရခြင်းအကြောင်းက နှလုံးက ဆဲလ်တွေဟာ တခြား ကလီစာက ဆဲလ်တွေလို ဆဲလ်တွေသေပြီး အသစ်ပြန်ပြန်ဖြစ်လာတာမျိုး မရှိဘူးတဲ့။ သူ့ဘာသာတောင် မွေးကတည်းက သေဆုံးတဲ့ အထိ တစ်ချက်ကလေးမနားဘဲ အလုပ်တွေလုပ်နေရတာဆိုတော့ဆဲလ်တွေပွားချိန်လည်းမရှိဘူးတဲ့။ အဲတော့ နှလုံးကိုယ်တိုင်ကနေ ကင်ဆာဖြစ်တာ အင်မတန်မှ ရှားပါတယ်။ နှလုံးကင်ဆာဆိုပြီး ကြားဖူးတဲ့ သူလည်းနည်းတာပေါ့။

နှလုံးကင်ဆာ ဘယ်နှစ်မျိုးရှိလဲ။

၁ ။ Primary Tumor( နှလုံးကိုယ်တိုင်က စဖြစ်တာ)

နှလုံးထဲမှာမှ နှလုံးဘယ်ဘက်အခြမ်း၊ နှလုံးအခန်းတွေကိုခွဲခြားပေးထားတဲ့ ကြွက်သား နဲ့နှလုံးအဆို့ရှင်လေးတွေမှာ ကင်ဆာဖြစ်တတ်တယ်။ နှလုံးမှာဖြစ်တဲ့ ကင်ဆာကို ဆေးပညာအရ Myxoma လို့ခေါ်တယ်။ နှလုံးကစဖြစ်ရင်တော့ Primary Tumor ပေါ့။ အမျိုးသမီးတွေက ပိုဖြစ်နိုင်တယ်။ သိပ်လည်း ဝမ်းနည်း မသွားနဲ့ဦး။ လူအယောက် တစ်သိန်းမှာမှ တစ်ယောက်ပဲဖြစ်နိုင်တာဆိုတော့ အင်မတန်ရှားတယ်လေနော်။

၂ ။ Secondary Tumor ( အခြားကင်ဆာကနေ နှလုံးကိုပြန့်တာ)

Secondary Tumor က Primay Tumor ထက်ပို အဖြစ်များပါတယ်။ သူက နှလုံးကနေကင်ဆာစဖြစ်တာမဟုတ်ဘဲ အခြားမှာဖြစ်တဲ့ ကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ များသောအားဖြင့် အဆုတ်၊ ရင်သား၊ အစာအိမ်၊ အသည်း၊ အူမကြီးကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ သူလည်း ဖြစ်တော့ဖြစ်နိုင်ပေမယ့် အဖြစ်နည်းပါတယ်တဲ့။

နှလုံးကင်ဆာရဲ့ လက္ခဏာများ

နှလုံးကင်ဆာရဲ့ လက္ခဏာတွေက များသောအားဖြင့် မသိတာများတယ်တဲ့။ သူဖြစ်တဲ့နေရာပေါ်လိုက်ပြီး ရောဂါလက္ခဏာပြတတ်တယ်။ ဘယ်ဘက်နှလုံးခန်းမှာဖြစ်ရင် တော့ သွေးစီးဆင်းမှုပိတ်သွားပြီး နှလုံးထဲ သွေးပြန်အိုင်လာတဲ့အခါမှာ လူနာ အနေနဲ့ အသက်ရှူရခက်တာ၊ မောတာ၊ လှဲမအိပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်။

နှလုံးကင်ဆာကို ဆရာဝန်တွေအနေနဲ့ echocardiogram လို့ခေါ်တဲ့ နှလုံးကို ပုံရိပ်ဖမ်းတဲ့ စက်ကနေသိနိုင်ပါတယ်။ CT scan ဖတ်တာ၊ MRI ရိုက်တာတွေလုပ်ပြီးတော့လည်း နှလုံးကင်ဆာကို သိနိုင်ပါတယ်။ ကင်ဆာက အခဲဖြစ်သွားရင်တော့ ရင်ဘတ်ဓါတ်မှန်ကနေ တွေ့နိုင်ပါတယ်။ တခြားကတော့ လုပ်နေကျတွေဖြစ်တဲ့ သွေးထဲ ကင်ဆာကထုတ်တဲ့ Tumor Marker လေးတွေ တက်မတက်စစ်တာပေါ့။

ကုသမှု

ကုသမှုအနေနဲ့ကတော့ ကင်ဆာအလုံးကိုဖယ်ထုတ်လိုက်တာပေါ့။ ခွဲစိတ်မှုကအရမ်းရှုပ်ထွေးပါတယ်။ နှလုံးကိုခွဲရတာဆိုတော့ ခွဲနေချိန်မှာ နှလုံးအလုပ်လုပ်ဖို့ အပြင်ကနေ စက်တွေနဲ့ နှလုံးကို ခုန်အောင် လုပ်ပေးနေရမှာပါ။ ခွဲစိတ်တာအောင်မြင်သွားရင်တော့ ဆေးရုံမှာ ၆ ပတ်လောက်နေပြီး ပုံမှန်ဖြစ်သွားရင် အိမ်ပြန်လို့ရတယ်။ ကင်ဆာဖြစ်တဲ့ဆဲလ်ကို ဖယ်ထုတ်လိုက်ပေမယ့် စိတ်မချရသေးတာကြောင့် လူနာတွေ အနေနဲ့ တစ်နှစ်တစ်ခါ Echocardiogram ရိုက်ပြီး ကင်ဆာဆဲလ် အသစ်ရှိမရှိစစ်ပေးဖို့ လိုပါတယ်။

ဒါတွေကတော့ ရှိတော့ရှိတယ်၊ အင်မတန်မှရှားတယ် ဆိုတဲ့ နှလုံးကင်ဆာအကြောင်းပဲဖြစ်ပါတယ်။ ဖြစ်တဲ့သူ အင်မတန်မှ ရှားတာဆိုတော့ သိပ်လည်းကြောက်ဖို့ မလိုဘူးနော်။ ပြီးတော့ သေချာစဉ်းစားကြည့်တော့ ချစ်တယ်ဆိုတာလည်းသူကဖြစ်တာ။ မုန်းတဲ့ ကိစ္စမှာလည်း သူပါတာပဲ။ သွေးတွေကိုလည်း တစ်ကိုယ်လုံးရအောင် သူကဖြန့်ပေးရသေးတယ်။ အဲ့လောက် အလုပ်များပြီး အရေးပါတဲ့ နှလုံးသားလေးကို လူအများကြီးမှာ ကင်ဆာပေးဖြစ်ရအောင်လည်း သဘာဝတရားကြီးက အဲ့လောက်တော့ မရက်စက်သေးပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်တွင်းခရီးစွန့်စားခန်း

ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..ကိုယ်တွင်းအင်္ဂါတွေက လုပ်ပေးတာတွေလည်းအများကြီး။ကျန်းမာနေမှုအတွက် ကျေးဇူးတင်ထိုက်သူတွေပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Phyo Wai Lynn

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 3 mins read