ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄)ချက်

    ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ အချို့က ဘာတွေဖြစ်မလဲဆိုတာကို ဗဟုသုတအနေနဲ့ လေ့လာလိုက်ပါ။

    ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄ )ချက်

    မြစ်ပွားနာလို့လည်း လူသိများတဲ့ ကင်ဆာရောဂါဟာ လူအားလုံးရဲ့ အိပ်မက်ဆိုးပါ။ ဒီဖက်ခေတ် ဆေးပညာအံ့မခန်းတိုးတက်လာပါတယ်ဆိုတာတောင် ကင်ဆာရောဂါဟာ ဖစ်ပြီဟေ့ဆိုရင် ပျောက်ကင်းအောင်ကုသဖို့ ခဲယဉ်းလှတဲ့ ရောဂါဖြစ်တာမို့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို သိရှိထားဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒါမှသာ စာစောသိ၊စောစောကုနိုင်မှာပါ။ ဒီလိုဆိုရင်အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်လိုက်ရတဲ့အဖြစ်မျိုးတွေ လျော့နည်းသွားပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

    (၁) အရေပြားပြောင်းလဲမှုများ

    သင့်အရေပြားမှာ အစက်သစ်လေးတခု ပါ်လာတာ ဒါမှမဟုတ် နဂိုရှိပြီးသား အစက်အပြောက်တွေရဲ့အရွယ်အစား၊ပုံစံ၊အရောင် စတဲ့အချက်တွေပြောင်းလဲလာတာဟာ အရေပြားကင်ဆာရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်မှာ ထူးထူးခြားခြားအမှတ်တွေ၊အစက်အပြောက်တွေပေါ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဆရာဝန်အနေနဲ့သင့်အရေပြားကို သေချာစွာကြည့်ရှုစစ်ဆေးမှာဖြစ်တဲ့အပြင် အသားစယူစစ်ဆေးခြင်း(ဘိုင်အိုဆီ)ကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကင်ဆာဆဲလ်တွေ ရှိ၊ မရှိ သိနိုင်မှာပါ။

    (၂) ကာလတာရှည် ချောင်းတောက်လျှောက်ဆိုးနေခြင်း

    ဒီလိုမျိုး ချောင်းဆိုးနေပေမယ့် သင်ဟာ ဆေးလိပ်သောက်တတ်သူ မဟုတ်ဘူးဆိုရင်တော့စိတ်မပူပါနဲ့။ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အင်မတန်နည်းပါတယ်။ ဒါပေမယ့် ချောင်းဆိုးနေတဲ့ကာလကပိုပိုတာရှည်လာမယ် ဒါမှမဟုတ် သွေးပါ ပါလာပြီဆိုရင်တော့ (အထူးသဖြင့် သင်ဟာ ဆေးလိပ်သမားဖြစ်နေရင်) ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတခုဖြစ်နိုင်လို့ပါ။ ဆရာဝန်အနေနဲ့ သင့်အဆုတ်ထဲက အကျိအချွဲတွေကို စစ်ဆေးခြင်းဒါမှမဟုတ် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း စတာတွေကို ပြုလုပ်ပြီး အဆုတ်ကင်ဆာဟုတ် မဟုတ်ဆုံးဖြတ်ပေးမှာပါ။

    (၃) ရင်သားအပြောင်းအလဲများ

    ရင်သားအပြောင်းအလဲဖြစ်တိုင်း ကင်ဆာလို့တော့ တရားသေ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအပြောင်းအလဲတွေ ဖစ်ပေါ်လာပြီဆိုရင် သင့်ဆရာဝန်ကို အသိပေးပြီးစမ်းသပ်စစ်ဆေးခိုင်းရပါမယ်။ ရင်သားမှာ အဖုအကြိတ်တွေ ပါ်လာသလား၊နို့သီးခေါင်းမှာအပြောင်းအလဲတွေ ဖစ်လာသလား၊နို့သီးခေါင်းကနေ သွး/အရည်တွေထွက်လာသလား၊နီရဲလာသလား ဒါမှမဟုတ် မာခေါက်ခေါက်ကြီး ဖစ်လာသလား ဒါမှမဟုတ် ရင်သားနာကျင်လာသလားအစရှိတဲ့အချက်တွေကို ဆရာဝန်က စစ်ဆေးမေးမြန်းပါလိမ့်မယ်။ ဆရာဝန်အနေနဲ့ သင့်ကိုစမ်းသပ်မယ့်အပြင် mammogram လို့ခေါ်တဲ့ ရင်သားဓါတ်မှန်ရိုက်ဖို့ သို့မဟုတ် MRI ခေါ်သံလိုက်စက်ကွင်းနဲ့ရေဒီယိုလှိုင်းတွေကို အသုံးပြုပုံရိပ်ဖော်စစ်ဆေးခြင်း ပြုလုပ်ဖို့ သို့မဟုတ်အသားစယူစစ်ဆေးခြင်း (ဘိုင်အိုဆီ)လုပ်ဖို့ကိုလည်း အကြံပြုပါလိမ့်မယ်။

    (၄) လေထလေပွခြင်း

    သင်စားလိုက်တဲ့ အစားအစာတွေကြောင့် ဒါမှမဟုတ် စိတ်ဖိစီးမှုကြောင့်တောင် ရင်ထဲပြည့်အင့်ပြီး လေထလေပွနေတာမျိုးကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုခံစားနေရတာဟာ အချိန်ကြာတဲ့အထိသက်သာမလာဘူး ဒါမှမဟုတ် မ်းလျပင်ပန်းသလို ခံစားနေရမယ်၊ကိုယ်အလေးချိန်ကျလာမယ်၊နောက်ကျောတွေပါ နာကျင်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။ အမျိုးသမီးတွေမှာ လေပွလေထတာမျိုး တောက်လျှောက်ဖြစ်နေရင်တော့ ဒါဟာ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ဒီရောဂါလက္ခဏာရဲ့ ဇစ်မြစ်ကို သိရှိဖို့အတွက် သင့်ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

    (၅) ဆီးသွားတဲ့အခါ ပြဿနာများရှိခြင်း

    အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တွေ့ကြုံခံစားလာရတတ်ပါတယ် (ဥပမာ ဆီးခဏခဏ သွားရတာ၊ဆီးမထိန်းနိုင်တာ၊ဆီးလုံးသေးသွားတာစသဖြင့်ပေါ့)။ ယေဘုယျအားဖြင့်တော့ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ရောင်ခြင်းရဲ့လက္ခဏာတွေ ဖစ်လေ့ရှိပေမယ့် ဆီးကျိတ်ကင်ဆာကို ညွှန်ပြနေတဲ့ ရှေ့ပြေးနိမိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်နဲ့ ပြသရမှာဖြစ်ပြီး PSA test လို့ခေါ်တဲ့ သွေးတွင်းဓါတ်တမျိုးစစ်ဆေးခြင်းကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

    (၆) အကျိတ်များရောင်ရမ်းခြင်း

    သင့်လည်ပင်းမှာ၊ချိုင်းကြားမှာ ဒါမှမဟုတ် ခန္ဓါကိုယ်တခြားနေရာတွေမှာ ပဲစေ့သဏ္ဍာန်အကျိတ်လေးတွေ ပါ်လာတတ်ပါတယ်။ ယေဘုယျအားဖြင့် အအေးမိတဲ့အချိန်၊strepဘက်တီးရီးယားကြောင့် လည်ချောင်းနာချိန်တွေမှာ (ကူးစက်ပိုးဝင်ချိန်)အကျိတ်တွေရောင်လာလေ့ရှိပါတယ်။ ဒါပေမယ့် လင်ဖိုးမား (lymphoma) နဲ့ လူကီးမီးယား(leukemia)တို့လို ကင်ဆာရောဂါတွေမှာလည်း အကျိတ်ရောင်လာတတ်ပါတယ်။ ဒါကြောင့်အကျိတ်ရောင်ရခြင်းအကြောင်းရင်းကို ဂဃနဏ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    (၇) ဆီး/ဝမ်းထဲသွေးပါခြင်း

    သင်အိမ်သာတက်ပြီးချိန်မှာ အိမ်သာခွက်ထဲ သွေးတွေမြင်ရရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိပ်ခေါင်းကြောင့် သွေးထွက်တာဖြစ်နိုင်သလိုအူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာလည်း ဖြစ်နေနိုင်တဲ့အတွက်ပါ။ ဆီးထဲသွေးပါတာဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို ကျောက်ကပ်ကင်ဆာ သို့မဟုတ် ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

    (၈) ဝှေးစေ့အပြောင်းအလဲများ

    သင့်ဝှေးစေ့ထဲမှာ အလုံးစမ်းမိတယ်၊ရောင်နေတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။ နာကျင်ခြင်းမရှိတဲ့အလုံးအကြိတ်တွေဟာ ဝှးစေ့ကင်ဆာရဲ့ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာသင့်ဝှေးစေ့ကို ကိုင်တွယ်စမ်းသပ်မှာ ဖြစ်သလို ကင်ဆာလား သို့မဟုတ် တခြားပြဿနာတခုခုလားဆိုတာကိုသိရှိနိုင်ဖို့အတွက် ultrasound ရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

    (၉) အစာ/ရေ မျိုရခက်ခြင်း

    သာမန်အအေးမိခြင်း၊အစာချေရည်ပြန်တက်ခြင်း ဒါမှမဟုတ် အချို့သော ဆေးတွေကြောင့် အစာ/ရေမျိုရခက်တာမျိုးတွေ တခါတရံဖြစ်တတ်ပြီး ဒါဟာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလက္ခဏာဟာအချိန်ကြာတဲ့အထိ ဆက်ရှိနေမယ် ဒါမှမဟုတ် ဆေးသောက်လို့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ မြိုရခက်ခြင်းဟာ လည်ချောင်း သို့မဟုတ် အစာရေမျိုကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေတတ်လို့ပါပဲ။ သင့်ဆရာဝန်ဟာ သင့်ကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး bariumလို့ခေါ်တဲ့ ဆေးရည်တမျိုးမျိုချပြီး ရိုက်ရတဲ့ ဆေးဓါတ်မှန်ကိုလည်း ရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်(ဒီအရည်မျိုချခြင်းအားဖြင့် ဓါတ်မှန်ပုံရိပ်တွေဟာ ပိုမိုပြီးရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်)။

    (၁၀) မိန်းမကိုယ်မှ မူမမှန် သွေးဆင်းခြင်း

    ပုံမှန်ရာသီလာတာမျိုး မဟုတ်ဘဲ မိန်းမကိုယ်က သွေးဆင်းနေပြီဆိုရင် ဒါဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အလုံးတွေကြောင့် ဖြစ်နိုင်သလို အချို့သောသန္ဓေတားဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပုံမှန်ဓမ္မတာလာရက်မဟုတ်တဲ့အချိန်မှာ သွေးဆင်းရင်၊လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းရင်၊သွေးနဲ့အကျိအချွဲတွေ ရောဆင်းရင်ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါပဲ။ သင်ခံစားနေရတဲ့ မူမမှန်သွေးဆင်းခြင်းပြဿနာဟာသားအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် ယောနိကင်ဆာတို့ကြောင့် ဟုတ် မဟုတ်ကိုစမ်းသပ်စစ်ဆေးပေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ သွေးဆုံးပြီးမှ တခါသွေးပြန်ဆင်းတယ်ဆိုရင်လည်းဆရာဝန်ကို ကြိုတင်အသိပေးပါ။ ဒါဟာလည်း ပုံမှန်မဟုတ်တဲ့အတွက် အမြန်ဆုံး စစ်ဆေးစမ်းသပ်သင့်ပါတယ်။

    (၁၁) အာခံတွင်းဆိုင်ရာပြဿနာများ

    ခံတွင်းအနံ့ဆိုးခြင်းကနေ ပါးစပ်အနာတွေအထိ သင့်အာခံတွင်းထဲမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြဿနာတွေဟာ များသောအားဖြင့် မဆိုးရွားတတ်ပါဘူး။ ဒါပေမယ့် သင့်ပါးစပ်ထဲမှာ အဖြူရောင်၊အနီရောင်အကွက်တွေ/အနာတွေ ရှိနေမယ်၊ပြီးတော့ စ်ပတ်သုံးပတ်လောက်ကြာတဲ့အထိလည်းမပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ် (အထူးသဖြင့်သင်ဟာဆေးလိပ်သောက်တတ်ရင်ပေါ့)။ ဒါဟာ ခံတွင်းကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါပဲ။ ပါးစပ်မှာ အလုံးအကျိတ်တွေ့ခြင်း၊ မေးရိုးလှုပ်ရှားရခက်ခြင်း၊ ပါးစပ်နာကျင်ခြင်းစတဲ့ လက္ခဏာတွေရှိနေရင်လည်း သတိပြုသင့်ပါတယ်။

    (၁၂) ကိုယ်အလေးချိန်ကျခြင်း

    အစားအသောက်ပုံစံပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဟာသင့်ခန္ဓါကိုယ်အလေးချိန်ကို ပြောင်းလဲစေတာမှန်ပေမယ့်စိတ်ဖိစီးမှုများခြင်း၊သိုင်းရွိုက်ဂလင်းပြဿနာရှိခြင်း စတဲ့အခြေအနေတွေကြောင့်လည်းကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။ ဒါပေမယ့် နရင်းထိုင်ရင်း ဆယ်ပေါင်ထက်ပိုကျသွားတာကတော့ပုံမှန်မဟုတ်ပါဘူး။ ဒါဟာ ပန်ကရိယကင်ဆာ၊အစာအိမ်ကင်ဆာ၊အစာရေမျိုကင်ဆာ၊အဆုတ်ကင်ဆာ ဒါမှမဟုတ်အခြားသောကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်လာနိုင်ပါတယ်။

    (၁၃) အဖျားတာရှည်ခြင်း

    ဖျားနာခြင်းဟာ လူတိုင်းတွေ့ကြုံခံစားတတ်ရတဲ့ အရာပါ။ သင့်ခန္ဓါကိုယ်ထဲ ဝင်ရောက်လာတဲ့ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ချိန်တွေမှာလည်း သင့်အနေနဲ့ ဖျားနာခြင်းဝေဒနာကို ခံစားရတတ်သလိုအချို့သော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ကာလကြာမြင့်စွာ ဖျားနေမယ်ဆိုရင်တော့ ဒါဟာ သွေးကင်ဆာတွေဖြစ်တဲ့ လူကီးမီးယား သို့မဟုတ်လင်ဖိုးမားတို့ရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။

    (၁၄) ရင်ပူခြင်း၊အစာမကြေခြင်း

    ဒါမျိုးကို လူတိုင်းဖြစ်ဖူးကြပါတယ်။ အစားအသောက်ပုံစံမမှန်ခြင်း၊စိတ်ဖိစီးမှုများခြင်းစတာတွေကြောင့် ဒီပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်နေထိုင်မှုပုံစံကိုပြောင်းလိုက်တာတောင် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်နေတာ၊ရင်ပူတာ ပျောက်မသွားသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုလာပါပြီ။ ဒါတွေဟာ အစာအိမ်ကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါ။

    အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာဆယ့်ငါးချက်ကတော့ ကင်ဆာရောဂါတွေရဲ့(ဖြစ်နိုင်ဖွယ်)ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေပေါ်လာတိုင်းကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပေမယ့်ကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပေမယ့် သတိပြုစောင့်ကြည့်သင့်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement