ခေါင်းကိုက်ဝေဒနာ ဆောင်ရန် ရှောင်ရန်များ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခေါင်းကိုက်ြခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။ အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့ အလုပ်ခွင်မှာလည်း သေချာအာရုံစိုက်ပြီး အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။

နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်ခဲတာ အစရှိသဖြင့် ခေါင်းကိုက်လက္ခဏာ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင် အနည်းဆုံး ၄ နာရီမှ အများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။

  • ခေါင်းကိုက်တာကို စတင်ခံစားရပြီဆိုတာနဲ့ ဝေဒနာအမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သို့မဟုတ် ခေါင်းကိုက်ပျောက်ဆေး တစ်လုံး အမြန်ဆုံး သောက်ပေးပါ။
  • ခေါင်းကိုက်တာအပြင် မူးဝေအော့အန်တာ၊ အရက်နာကျသလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ရေဓါတ်ခမ်းခြောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်က ကိုက်ခဲနေတယ်ဆိုရင်တောင် ရေကို ပုံမှန်လေးသောက်ပေးဖို့ မမေ့သင့်ဘူးနော်။
  • တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းလေးထဲမှာ မျက်လုံးကို မှိတ်ထားပြီး ခဏ အနားယူပါ။
  • သွေးလည်ပတ်မှု ကောင်းစေဖို့ လည်ပင်းနဲ့ နားထင်ကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
  • စိတ်ညစ်စရာ ကိစ္စတွေ၊ စိတ်ဖိစီးမှုတွေဟာ ခေါင်းကိုက်ဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့် တရားထိုင်တာ၊ ဝင်လေထွက်လေမှတ်တာ၊ အေးချမ်းတဲ့ သီချင်းတီးလုံးတွေကို ဖွင့်ထားပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးပါ။
  • မကြာခဏ ခေါင်းကိုက်နေပြီဆိုရင် ကိုယ်က ဘာကြောင့် ခေါင်းကိုက်နေရတာလဲ၊ ဝေဒနာ ခံစားရချိန်ဟာ ဘယ်လောက်ထိ ကြာတတ်လဲ၊ ဘယ်လိုအချိန်မှာ ပြင်းထန်တဲ့ ဝေနာ ခံစားရလဲ ဆိုတာကို သေချာမှတ်ထားပါ။
  • ခေါင်းကိုက်ဝေဒနာ အရမ်းပြင်းထန်လာပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသပေးပါ။

ခေါင်းကိုက်ဝေဒနာကို ပိုဆိုးစေနိုင်တဲ့ ဒီအချက်လေးတွေကို ရှောင်ပေးပါ။

  • ခေါင်းကိုက်နေတာကို ပြီးမှ ဆေးသောက်လိုက်ပါမယ် ဆိုပြီး အလုပ်ဆက်လုပ်နေတာမျိုးတွေ ရှောင်ပေးပါ။
  • ကော်ဖီ၊ လက်ဖက်ရည် အစရှိတဲ့ ကဖင်းဓါတ်များတဲ့ ဖျော်ရည်တွေ၊ ဆေးလိပ်နဲ့ အရက်သေစာတွေကို ရှောင်ပေးပါ။
  • ခေါင်းကိုက်လို့ဆိုပြီး အစာမစားပဲ နေတဲ့အခါ ဗိုက်ထဲမှာ အစာမရှိတဲ့အတွက် သွေးတွင်းသကြားဓါတ် နည်းသွားပြီး ဝေဒနာပိုဆိုးစေနိုင်ပါတယ်။
  • ဒါကြောင့် အပူအစပ်၊ ဆီ၊ အငန်များတဲ့ အစားအသောက်တွေထက် အမျှင်ဓါတ်များပြီး အစာကြေရင်ချောင်စေတဲ့ အစားအစာမျိုးတွေကို များများ စားပေးပါ။
  • ခေါင်းကိုက်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးကို တစ်လုံး သို့မဟုတ် ဆေးအညွှန်းမှာ ပြထားတာထက် ပိုမသောက်သင့်ပါဘူး။
  • ဝေဒနာမသက်သာလို့ဆိုပြီး အာနိသင်ပိုပြင်းတဲ့ ဆေးတွေ ပြောင်းသောက်တာမျိုးလည်း ရှောင်သင့်ပါတယ်။
  • ခေါင်းကိုက်တာ ရက်စိတ်လာပြီ၊ ဝေဒနာ ပိုပြင်းလာပြီလို့ ခံစားရတာ၊ ခေါင်းကိုက်တာ တစ်မျိုးတည်းမဟုတ်ပဲ တခြား စိတ်နဲ့ ကိုယ်မှာ ပြောင်းလဲမှုဝေဒနာ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ ဝန်မလေးပါနဲ့။

မကြာခဏ ခေါင်းကိုက်နေတာမျိုး မဖြစ်ရအောင် နေ့စဉ် အစာအာဟာရမျှတစွာ စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ တစ်နေရာထဲမှာ အကြာကြီးထိုင်တာ၊ အစားပျက်၊ အအိပ်ပျက်ပြီး အလုပ်လုပ်တာမျိုးတွေကို ရှောင်ပါ။ စိတ်ကို အေးချမ်းစွာ နေပါ။ စိတ်ဖိစီးမှုဝေဒနာကို တစ်ယောက်တည်း မြိုသိပ်ထားမယ့်အစား မိသားစု၊ အပေါင်းအသင်းတွေကို တိုင်ပင်ပါ၊ ရင်ဖွင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်နဲ့ အမြဲပုံမှန်ပြသပြီး စစ်ဆေးကုသမှု ခံယူပေးပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် လုံလောက်စေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 14, 2020 . 2 mins read
ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read