backup og meta

Hemiplegia (ခန္ဓါကိုယ်တစ်ခြမ်းအားနည်းရောဂါ)

Hemiplegia (ခန္ဓါကိုယ်တစ်ခြမ်းအားနည်းရောဂါ)

Hemiplegia ဆိုတာဘာလဲ။

Hemiplegia သို့ hemiparesis ဟာ ကိုယ်ခန္ဓါ တစ်ခြမ်း အားနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ထိခိုက်တဲ့နေရာပေါ် မူတည်ပြီး ဘယ်ဘက် (သို့) ညာဘက် ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဦးနှောက်အတွင်း လေဖြတ်တဲ့နေရာဟာ ကိုယ်ခန္ဓါ အားနည်းမှုဖြစ်တဲ့ အစိတ်အပိုင်းကို ဆုံးဖြတ်ပေးပါတယ်။

ဦးနှောက် ဘယ်ဘက်ကို ထိခိုက်မိခြင်းဟာ ညာဘက်အားနည်းစေပြီး ညာဘက်ကို ထိခိုက်မိခြင်းကတော့ ဘယ်ဘက်ကို အားနည်းစေပါတယ်။ လူနာမှာ Hemiplegia ရှိမယ်ဆိုရင် သူတို့ဟာ အားနည်းတဲ့ အပိုင်းကို လှုပ်နိုင်ဆဲဖြစ်ပေမယ့် ကြွက်သားအားနည်းသွားတာဖြစ်ပါတယ်။ အချို့လူတွေမှာတော့ လုံးဝလှုပ်နိုင်ခြင်း မရှိပါဘူး။

  • မွေးရာပါ Hemiplegia ဟာ မမွေးခင်၊ မွေးနေစဉ်နဲ့ မွေးပြီးချိန်တွေမှာ ဦးနှောက် ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။
  • နောက်မှဖြစ်တဲ့ Hemiplegia ကတော့ နောက်မှ ဖျားနာခြင်း (သို့) ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်တာဖြစ်ပါတယ်။

ကိုယ်ခန္ဓါတစ်ခြမ်း အားနည်းခြင်းဟာ သင့်လက်မောင်း၊ လက်၊ ခြေထောက်နဲ့ မျက်နှာကြွက်သားတွေကို ထိခိုက်ပါတယ်။ ဒီအခြေအနေမှာ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ စားခြင်း၊ အင်္ကျီလဲခြင်း၊ ရေချိုးခန်းအသုံးပြုခြင်းတွေကို ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ပြန်ကောင်းစေတဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်မှာ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကူညီပေးတဲ့ ကိရိယာတွေဟာ လှုပ်ရှားမှုနဲ့ ပြန်ကောင်းလာမှုကို ကူညီပေးပါတယ်။

Hemiplegia ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Hemiplegia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Hemiplegia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Hemiplegia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ထိန်းညှိနိုင်မှု မရှိခြင်း
  • လမ်းလျှောက်ရ ခက်ခဲခြင်း
  • အစာမြိုရခက်ခဲခြင်း
  • စကားပြောရ ခက်ခဲခြင်း
  • ထုံကျင်ခြင်း၊ ကိုယ်ခန္ဓါ တစ်ခြမ်းမှာ အာရုံခံစားမှု ပျောက်ဆုံးခြင်း
  • အရာဝတ္ထုတွေကို မြဲမြံစွာ မကိုင်နိုင်ခြင်း
  • လှုပ်ရှားမှု ပြုလုပ်ရာမှာ တိကျမှု မရှိခြင်း
  • ကြွက်သားအားနည်းခြင်း
  • ညှိနှိုင်း ဆောင်ရွက်နိုင်မှု မရှိခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Hemiplegia ဖြစ်ပွားစေသလဲ။

Hemiplegia ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဦးနှောက်အတွင်း သွေးယိုစီးခြင်း၊ cerebrum မှ သွေးကြောများ ရောဂါဖြစ်ခြင်းနဲ့ ဦးနှောက်ကို သွားတဲ့ သွေးစီးဆင်းမှု ပြတ်တောက်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ဦးနှောက်ထိခိုက်မိခြင်းဟာလည်း Hemiplegia ဖြစ်ပွားတဲ့ အခြား အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဖြစ်နည်းတဲ့ အခြား အကြောင်းရင်းတွေကတော့ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်အနာဖြစ်ခြင်း၊ ဦးနှောက်အာရုံကြောဆဲလ်တွေကို ဝန်းရံထားတဲ့ အလွှာပျက်စီးတဲ့ ရောဂါများ၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ သွေးကြော နောက်ဆက်တွဲရောဂါများ၊ ဦးနှောက်ရောင်ခြင်းတွေပဲ ဖြစ်ပါတယ်။

ဦးနှောက်အတွင်း အနာတစ်ခုခုက Hemiplegia ဖြစ်စေတဲ့အခါ ဒီအနာဟာ အားနည်းတဲ့ ဘက်ရဲ့ ပြောင်းပြန်ဘက်က ဦးနှောက်မှာ ဖြစ်တာဖြစ်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာ ပိုလီယို ဗိုင်းရပ်စ်ပိုး အစရှိတဲ့ ကူးစက်ရောဂါပိုးကြောင့်လည်း ဖြစ်နိုင်ပြီး ကျောရိုးမ၊ brain stem နဲ့ motor cortex ရဲ့ အာရုံကြောဆဲလ်တွေ ပျက်စီးခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Hemiplegia ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Hemiplegia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သွေးပေါင်တက်ခြင်း
  • နှလုံးရောဂါ
  • လေဖြတ်ခြင်း
  • မွေးရာပါ ထိခိုက်မိခြင်း
  • ကလေးမွေးရ ခက်ခြင်း
  • ကလေးငယ်တွေမှာ မွေးကင်းစ လေဖြတ်ခြင်း
  • ဦးနှောက် ဒဏ်ရာရခြင်း
  • ခေါင်းကိုက်ခြင်း
  • ဆီးချို
  • ဦးနှောက်အကျိတ်
  • ရောဂါပိုးဝင်ခြင်း – အထူးသဖြင့် ဦးနှောက်ရောင်ခြင်းနဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း တွေပဲဖြစ်ပါတယ်။ အချို့ပြင်းထန်တဲ့ ရောဂါပိုးဝင်ခြင်းတွေဖြစ်တဲ့ သွေးဆိပ်တက်ခြင်းနဲ့ လည်ပင်းအတွင်း အနာဖြစ်ခြင်းတွေဟာ မကုသရင် ဦးနှောက်ကို ပြန့်သွားနိုင်ပါတယ်။
  • Leukodystrophies

သွေးကြောရောင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Hemiplegia ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ေ်ဆးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ကြွက်သားအားနည်းခြင်းကို ကိုယ်ခန္ဓါစစ်ဆေးခြင်း၊ အာရုံကြော ဆိုင်ရာ စစ်ဆေးခြင်းတွေပြုလုပ်ပြီး စမ်းစစ်နိုင်ပါတယ်။ ကြွက်သားအားနည်းခြင်း (သို့) လေဖြတ်ခြင်းရဲ့ ပုံစံက အာရုံကြောစနစ်အတွင်း ထိခိုက်မိတဲ့နေရာကို ဖေါ်ပြနိုင်ပါတယ်။

ဆရာဝန်က Hemiplegia ရဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်ဆေးမှုအချို့ကို ပြုလုပ်နိုင်ပါတယ်။

ဒီစစ်ဆေးမှုတွေကတော့

  • Complete blood count;
  • Blood biochemistry test;
  • Cranial computerized tomography;
  • Cranial magnetic resonance imaging;

• An EEG (electroencephalogram) တို့ပဲဖြစ်ပါတယ်။

Hemiplegia ကို ဘယ်လိုကုသလဲ။

Hemiplegia ဟာ ပြန်ကောင်းဖို့ အချိန်ကြာတတ်ပါတယ်။ လူတိုင်းအတွက် ကောင်းတဲ့ ကုသမှုတစ်မျိုးတည်းဆိုတာတော့ မရှိပါဘူး။ ကုသမှုဟာ Hemiplegia ဖြစ်စေတဲ့ အကြောင်းရင်းပေါ်များစွာ မူတည်ပါတယ်။ အချို့ကုသမှုတွေကတော့

  • သွေးပေါင်ကျဆေး၊ ကော်လက်စထရောကျဆေးတွေကို အသုံးပြုနိုင်ပါတယ်။
  • သွေးကြဲတွေကို နှလုံးသွေးကြောပိတ်ခြင်းကို လျှော့ချဖို့နဲ့ နောက်တစ်ကြိမ် လေဖြတ်ခြင်းကို ကာကွယ်ဖု့ိ အသုံးပြုနိုင်ပါတယ်။
  • ပိုးသတ်ဆေးတွေကို သွေးကြောထဲထိုးပြီး ဦးနှောက်ရောဂါပိုးဝင်ခြင်းကို တိုက်ခိုက်နိုင်ပါတယ်။
  • ဦးနှောက်ရောင်ခြင်း၊ ပြင်ပ အရာဝတ္ထု ပိတ်နေခြင်းတွေကို ကုသဖို့ ခွဲစိတ်မှုကိုလည်း ပြုလုပ်နိုင်ပါတယ်။
  • ကြွက်သားပျော့စေတဲ့ ဆေးများ
  • အခြားပြဿနာတွေဖြစ်တဲ့ ထိန်းချုပ်လို့မရတဲ့ ကြွက်သား ညှစ်ခြင်းများ၊ ကျောရိုးမထိခိုက်မိခြင်း၊ အရိုးနု၊ အရွတ်ထိခိုက်ခြင်းတွေကို ဖြေရှင်းဖို့ ခွဲစိတ်မှုပြုလုပ်နိုင်ပါတယ်။
  • ဒဏ်ရာရရှိမှုတွေကနေ ဦးနှောက်ပြန်ကောင်းဖို့အတွက် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ သူဟာ မထိခိုက်တဲ့ဘက်ကိုပါ သန်မာစေပြီး ကြွက်သား ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခြင်းကို တိုးတက်စေနိုင်ပါတယ်။
  • Support groups, မိသားစု ပညာပေးခြင်း၊ advocacy
  • စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ psychotherapy

မသန်မာပေမယ့် ကျန်းမာအောင် physical therapy ပြုလုပ်ခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Hemiplegia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Hemiplegia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • လှုပ်လှုပ်ရှားရှားနေပါ။
  • ခြေထောက်သန်မာစေပြီး ညီမျှမှုကိုကူညီပေးမယ့် လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။
  • ပြားပြီး၊ စွပ်ရလွယ်တဲ့ ဖိနပ်ကို စီးပါ။
  • ကူညီတဲ့ ကိရိယာတွေကို အသုံးပြုသင့်ပြီး လမ်းလျှောက်စဉ်မှာ ပရိဘောဂ အကူအညီကိုသာ မမှီခိုသင့်ပါဘူး။
  • အိပ်ငိုက်တဲ့ဆေးတွေ သောက်နေစဉ်မှာ သတိထားပါ။
  • လမ်းလျှောက်စဉ် ဂရုစိုက်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hemiplegia. https://www.askdrshah.com/hemiplegia.aspx. Accessed October 08, 2016.
Hemiplegia. http://www.spinalcord.com/hemiplegia. Accessed October 08, 2016.
Hemiplegia. http://www.stroke.org/we-can-help/survivors/stroke-recovery/post-stroke-conditions/physical/hemiparesis. Accessed October 08, 2016.
Hemiplegia. https://www.mdguidelines.com/hemiplegia. Accessed October 08, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement