ဘာတွေဖြစ်စေသလဲ။
သွေးကြောကျဉ်းခြင်းဟာ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း ရောက်လာတဲ့အထိ လက္ခဏာမပြတတ်တာ များပါတယ်။ ဒါပေမယ့် ကျဉ်းတာ ပိုဆိုးလာပြီး သွေးစီးဆင်းမှုကို ပိတ်စေရင်တော့ နာကျင်စေပါတယ်။ ပိတ်ဆို့ခြင်းကြောင့် သွေးကြောပေါက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုပေါက်တဲ့နေရာမှာ သွေးခဲလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ရုတ်တရက်ပေါက်ထွက်ရင် သွေးလွှတ်ကြောထဲမှာ သွေးခဲခြင်းဖြစ်ပေါ်စေတာပါပဲ။ ဦးနှောက်ပိုင်းမှာ လေဖြတ်ခြင်း၊ နှလုံးမှာ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
သွေးလွှတ်ကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်တက်စေသည့် အကြောင်းများ
ပထမအနေနဲ့ သင့်ရဲ့ရောဂါရာဇဝင်ကို စဉ်းစားရပါမယ်။ အောက်ပါ အချက်တွေဖြစ်ဖူးရင် သွေးလွှတ်ကြောကျဉ်းဖို့ ဖြစ်နိုင်ခြေ များပါတယ်။
- နှလုံးကြောင့် ရင်ဘတ်အောင့်ခြင်း
- လေဖြတ်ခြင်းနှင့် နှလုံးထိခိုက်မှု ရာဇဝင်ရှိခြင်း
- လည်ပင်းရှိ ဦးနှောက်ကိုသွားသော သွေးကြောမကြီး ပိတ်ဆို့ခြင်း
- ခြေလက်အဖျားပိုင်းဆိုင်ရာ သွေးကြောရောဂါရှိခြင်း
အဲဒီအခြေအနေတွေဟာ သွေးကြောကျဉ်းကြောင်း ညွှန်ပြတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဆီးချိုရှိသူများဟာလည်း သွေးကြောကျဉ်းခြင်းနဲ့ဆိုင်တဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်။ ဆီးချိုရှိသူတွေမှာ ကိုလက်စထရောကုသတဲ့ လမ်းညွှန်ချက်လက်စွဲတွေမှာ သွေးကြောကျဉ်းခြင်းပြသနာ ရှိနှင့်ပြီးသားလို့ မှတ်ယူပါတယ်။
နောက်တဆင့်အနေနဲ့ သွေးကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေတွေကို ရေတွက်ရပါမယ်။
- မိသားစုအရင်းအချာထဲမှာ နှလုံးထိခိုက်ဖူးသူ ရှိခြင်း
- LDL ခေါ် အကျိုးမပြု ကိုလက်စထရောများခြင်း
- HDL ခေါ် အကျိုးပြု ကိုလက်စထရောနည်းခြင်း
- ဆေးလိပ်သောက်နေခြင်း
- သွေးတိုးခြင်း (၁၄၀/၉၀ နှင့် အထက်)
- ဆီးချိုရှိခြင်း စတာတွေ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။