အိမ်ထောင်ကျပြီးသား သားသမီးတွေကျပြန်တော့လည်း သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့တာဝန်ရှိတဲ့အတွက် သင့်ကို အချိန်ပေးနိုင်ဖို့ မလွယ်ကူလှပါဘူး။
လေဖြတ်ပြီးနောက် ပေါင်းသင်းဆက်ဆံရေး
လေဖြတ်ဝေဒနာ ခံစားရပြီးနောက်မှာ သင်နဲ့ သင့်မိတ်ဆွေသူငယ်ချင်းတွေအကြား ပေါင်းသင်းဆက်ဆံရေးကလည်း ပြောင်းလဲလို့ သွားခဲ့ပါပြီ။ မိတ်ဆွေသူငယ်ချင်းတွေဟာ သင်နဲ့အတူတူရှိမနေချင်တော့ပါဘူး။ စိတ်ကသိကအောင့်ဖြစ်စရာ၊ရှက်စရာလို ထင်လာပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတဲ့ အနေအထားတခုမှာ သင်နဲ့ ဝေးဝေးနေပါလိမ့်မယ်။ ဘက်စကတ်ဘောကစားတာ၊အတူလည်ပတ်တာ၊ဆိုင်ထိုင်တာ ဒါမှမဟုတ် ဂေါက်ရိုက်တာ အစရှိတဲ့ သင်နဲ့ သင့်မိတ်ဆွေတွေ အတူတကွ ဆောင်ရွက်နေကြကိစ္စတွေကို သင်မလုပ်နိုင်တော့ပါဘူး။ ဒီလိုမျိုး အတူတကွ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ မရှိတော့တာ၊ရုပ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ တွေ့ကြုံရင်ဆိုင်ရတာ၊ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊လူမှုကွန်ယက်တွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ရတာ ဒါမှမဟုတ် အားအင်ကုန်ခမ်းပြီး မလုပ်နိုင်မကိုင်နိုင်ဖြစ်နေတာတွေကြောင့် အချို့သော လေဖြတ်ရောဂါသည်တွေဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ဆုံးရှုံးရတတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မိတ်ဆွေအပေါင်းအသင်းများအကြား ဆက်ဆံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားသင့်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ မိသားစုရဲ့ ပြုစုစောင့်ရှောက်မှုဟာ အထိုင်အလျောက်ကွာခြားမှုတွေ ရှိနေသည့်တိုင် သင့်ရဲ့နာလန်ထကာလမှာ ဒီနှစ်မျိုးလုံးကို လိုအပ်တာ သေချာပါတယ်။
အချုပ်ဆိုရရင် လေဖြတ်ဝေဒနာဟာ လင်မယားနှစ်ဦးကြား၊မိသားစုဝင်များအကြား ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်းများအကြားမှာ ပြဿနာတွေ၊စိတ်ဖိစီးမှုအခက်အခဲများစွာကို ဖြစ်ပေါ်စေပါတယ်။ လေဖြတ်ခြင်းကြောင့် တွေ့ကြုံခံစားလာရမယ့် ဖြစ်နိုင်ချေပြဿနာတွေ၊အခက်အခဲတွေကို သိရှိထားခြင်းအားဖြင့် လေဖြတ်ဝေဒနာရဲ့ ဆိုးကျိုးတွေအကြောင်း ပိုမိုနားလည်ကာ လေမဖြတ်အောင်ကာကွယ်ခြင်းရဲ့ အရေးပါမှုကို သင့်အနေနဲ့ ပိုမိုသဘောပေါက်လာမှာဖြစ်တဲ့အပြင် သင့်အနီးအနားက လူတဦးဦး လေဖြတ်ပြီဆိုရင်လည်း ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။