သွေးစစ်ခြင်း
သွေးဆဲလ်ပမာဏ၊သွေးခဲစေသော စနစ်ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ၊ကူးစက်ပိုးဝင်ရောက်ခြင်း ရှိမရှိ ဒါမှမဟုတ် အခြားသော ကိုယ်တွင်းဓါတ်ပစ္စည်းများ ပြဿနာရှိမရှိ စတာတွေကို သွေးစစ်ခြင်းကနေ သိရှိနိုင်ပါတယ်။ ဒါဆိုရင် လေဖြတ်ခြင်းရဲ့ အကြောင်းရင်းခံကို တွက်ဆနိုင်ပါမယ်။ သင့်ကလေးအနေနဲ့ သွေးစစ်ဆေးခြင်းတမျိုးထက် ပိုလိုကောင်းလိုပါမယ်။
သွေးကြောဓါတ်မှန်ရိုက်ခြင်း
ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေရဲ့ အခြေအနေကို သွေးကြောဓါတ်မှန်ရိုက်ခြင်း အကူအညီနဲ့ သိရှိနိုင်ပါတယ်။ အထူးစီမံထားတဲ့ ဓါတုဆေးရည်တမျိုးကို သွေးကြောထဲ ထိုးသွင်းပြီး X-rays ဓါတ်ရောင်ခြည်အသုံးပြုကာ သွေးကြောတွေရဲ့ ပုံရိပ်ကို ရိုက်ယူပါတယ်။ ဒါဆိုရင် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုအခြေအနေကို လေ့လာနိုင်ပြီး ပြဿနာတစုံတရာရှိနေရင်လည်း စစ်ဆေးသိရှိနိုင်ပါမယ်။
အက်ကိုးအသံလှိုင်းသုံးပြီး ပုံရိပ်ဖော် စစ်ဆေးခြင်း
အက်ကိုးအသံလှိုင်းသုံးပြီး ပုံရိပ်ဖော်စစ်ဆေးခြင်းဟာ လှုပ်ရှားနေတဲ့ နှလုံးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒီလို ဖော်ပြပေးခြင်းအားဖြင့် သွေးခဲခြင်း၊ကူးစက်ပိုးဝင်ခြင်း ဒါမှမဟုတ် နှလုံးရဲ့ သွင်ပြင်လက္ခဏာဆိုင်ရာ ပြဿနာတွေကို စစ်ဆေးဖော်ထုတ်နိုင်မှာပါ။ အဆိုပါ ပြဿနာတွေဟာ လေဖြတ်ခြင်းရဲ့ ရေသောက်မြစ်တွေ ဖြစ်နေနိုင်ပါတယ်။
အီးစီဂျီဆွဲခြင်း
အထူးပြုလုပ်ထားတဲ့ အချပ်အပြားလေးတွေ/သတ္တုငုတ်တိုင်လေးတွေကို လူနာရဲ့ ရင်ဘတ်မှာ ကပ်ပြီးစစ်ဆေးခြင်းအားဖြင့် နှလုံးကနေ လွှတ်ထုတ်နေတဲ့ လျှပ်စစ်အချက်ပြမှုအခြေအနေတွေကို သိရှိနိုင်ပါတယ်။ ဒါဆိုရင် လေဖြတ်ခြင်းကို ဦးတည်နေတဲ့ နှလုံးစည်းချက်ပြဿနာတွေ ရှိမရှိ သိနိုင်ပါမယ်။
အီးအီးဂျီ ရိုက်ခြင်း
ဒီစစ်ဆေးမှုမှာတော့ အထူးပြုလုပ်ထားတဲ့ အချပ်အပြားလေးတွေကို ကလေးရဲ့ ဦးရည်ပြားပေါ်မှာ ကပ်လိုက်ပါမယ်။ ပြီးရင် ဒီအချပ်လေးတွေဆီက ထွက်လာတဲ့ ဝိုင်ယာကြိုးစကို အထူးပြုလုပ်ထားတဲ့ စက်တမျိုးနဲ့ ဆက်သွယ်ပါမယ်။ ကလေးငယ်ရဲ့ ဦးနှောက်လှိုင်းတွေဟာ အဆိုပါ စက်မှာ ပေါ်လာမှာဖြစ်ပြီး လေဖြတ်ခြင်းရဲ့ လက္ခဏာတခု ဖြစ်နိုင်တဲ့ ဦးနှောက်တွင်း လျှပ်စစ်လှိုင်းများ အလွန်အကျွံလှုပ်ရှားခြင်းဆိုတဲ့ အခြေအနေကို ထောက်လှမ်းသိရှိနိုင်မှာပဲ ဖြစ်ပါတယ်။
တကယ်လို့ သင့်ကလေးမှာ လေဖြတ်ဝေဒနာနဲ့ ဆင်တူတဲ့ လက္ခဏာတွေ တွေ့နေရပြီဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူဖို့ အရေးတကြီး လိုအပ်လှပါတယ်။ ဆေးရုံရောက်တဲ့အခါ ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း၊သွေးစစ်ခြင်းတို့ အပါအဝင် အခြားသော လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး လေဖြတ်ခြင်းဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။