လေဖြတ် ကာကွယ်ဆေးထိုးကြမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 25, 2020 . 2 mins read
Share now

လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါလား။ တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သက်သက်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။

လေဖြတ် တယ်ဆိုတာဘာလဲ။

လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

လေဖြတ်ကာကွယ်ဆေးဆိုတာဘာလဲ။

ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့က အတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့

  • Citicoline
  • Piracetam
  • Cerebrolysinစတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီဆေးတွေမှာ ဘာအာနိသင်ရှိလို့ ဒီလိုသုံးရတာလဲဆိုတာ ဆက်ကြည့်ရအောင်။

Citicoline

Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။

Piracetam

Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။

Cerebrolysin

Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း,သေချာသက်သေမပြရသေးပါဘူး။)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။

ဒါဆိုရင် လေဖြတ် တာကို တကယ်ကာကွယ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။

အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့

  • သွေးတိုးထိန်းပါ။
  • သွေးတွင်းအဆီနည်းအောင်နေပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ဆီးချိုထိန်းပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေစားပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • အရက်လျှော့သောက်ပါ။
  • အိပ်ဟောက်ရှူရပ်ရောဂါရှိရင်ကုသပါ။
  • မူးယစ်ဆေးမသုံးပါနဲ့။

ပြန်ချုပ်ရရင် လေဖြတ်ကာကွယ်ဆေးဆိုတာ ခုထက်ထိတော့ မရှိသေးပါဘူး။ အပြင်မှာ စျေးကြီးပေးပြီးထိုးနေကြတဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ ဦးနှောက်အားတိုးဆေးလို့ပဲ ပြောရမှာပါ။ ဦးနှောက်ဆဲလ်တွေအလုပ်ကောင်းကောင်းနိုင်အောင် ကူညီပေးတာပါ။  ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းအလုပ်နေရုံနဲ့ လေမဖြတ်တော့တာမဟုတ်ပါဘူး။ လေဖြတ်စေတဲ့ အချက်တွေကို လျှော့ချနိုင်မှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နည်းလမ်းအမှားတွေကို ရှောင်ကြဉ်ပြီး တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှလုံးသွေးကြော ရောဂါများ

နှလုံးသွေးကြော ကျဉ်းတာ၊ ပိတ်တာ နှစ်ခုလုံးက အန္တရာယ်ရှိတာကြောင့် လက္ခဏာတွေကို မှတ်ထားပြီး ဖြစ်လာပြီဆိုတာနဲ့ ဆေးရုံကိုချက်ချင်းသွားဖို့ အကြံပေးလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အတက်ရောဂါ ဆိုတာ

အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ ကုသသင့်ပါတယ်။ ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာသောက်ပြီး ရောဂါကို ထိန်းချုပ်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read