backup og meta

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကဘာလဲ။

Trigeminal neuralgia သည် အလွန်ရှားသည့်ရောဂါဖြစ်ပြီး Trigeminal အာရုံကြောတွင် နာကြင်မှုဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည်နားထင်တွင် တည်ရှိသော မျက်နှာတွင်ရှိသည့် အဓိကအာရုံကြောဖြစ်သည်။ ၎င်းသည် နာတာရှည်ရောဂါမျိုးဖြစ်ပြီး အလွန်ပြင်းထန်သည့်နာကြင်မှုမျိုးကြောင့် အားအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်သည်။ လက္ခဏာများသည် ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များ၊ လများစွာကြာအောင် ရှိနေတတ်ပြီးနောက် လများနှစ်များကြာသည်အထိ ပျောက်သွားတတ်ပြန်သည်။

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းတွင် ဖြစ်နိုင်၏။ သို့သော် ၎င်းသည်အသက် ၅၀ ကျော်သူများတွင် အဖြစ်များပြီး ယောက်ျားထက်မိန်းမက ပိုအဖြစ်များလေသည်။

လက္ခဏာများ

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များဆုံးလက္ခဏာသည် ၎င်းအာရုံကြော ထောက်ပံ့ပေးနေသည့် မျက်နှာအစိတ်အပိုင်းများတွင် ဓါးနှင့်ထိုးသလို ဓါတ်လိုက်သလို မခံမရပ်နိုင်အောင်နာခြင်းဖြစ်သည်။ တိုးတောင်ပြီး မခံမပ်အောင်နာခြင်းကို မေးရိုး၊ နှုတ်ခမ်း၊ နှာခေါင်း၊ ဦးရေပြား၊ နှဖူးနှင့် မျက်နှာတပြင်လုံးတွင်ခံစားရနိုင်သည်။ နာကြင်ခြင်းသည် ကြိုမသိနိုင်ပဲထဖြစ်သည်။ စကားပြောခြင်း၊ ဝါးခြင်း၊ မိတ်ကပ်ပြင်ခြင်း၊ မျက်နှာသစ်၊ သွားတိုက်ခြင်းတို့မှနေ စပြီးနာသွားနိုင်သည်။ တစ်ခါတစ်ရံ တစ်ချို့နေရာလေးကိုထိမိရုံနှင့်တောင် နာကြင်မှု ဖြစ်ပေါ်နိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲ၌မပါဝင်သော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မျက်နှာတွင်နာကြင်မှုကိုခံစားရသည်မှာ ကြာနေလျှင် (နာကြင်မှုသည် ပျောက်လိုက်ပေါ်လိုက်နှင့်ဖြစ်ပြီး အကိုက်အခဲပျောက်ဆေး မတိုးအောင်နာလျှင်) ဆရာဝန်နှင့်ဆက်သွယ်ပါ။

သင့်ဆီ၌ အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲက တစ်ခုခုများရှိနေမည်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပင်ဖြစ်သည်။

အကြောင်းရင်းများ

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကိုမသိရပါ။ တစ်ခါတစ်ရံ ရောဂါသည် သွားနှုတ်ပြီးနောက်၊ မျက်နှာအာရုံကြော ဒဏ်ရာရပြီးနောက်၊ ရေယုန်ပိုးဝင်ပြီးနောက် သို့မဟုတ် သွေကြောဖိခြင်း၊ အကြိတ်မှဖိခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကို မြင့်စေသည့် အချက်များစွာရှိပါသည်။

  • လိင် : မိန်းမများသည်ယောက်ျားများထက်ပိုအဖြစ်များသည်။
  • မျိုးရိုး : ဤရောဂါသည် မိသားစုတွင်းမျိုးရိုးလိုက်တတ်၏။
  • အသက် : အသက် ၅၀ ကျော်လျှင်ရောဂါဖြစ်နိုင်ချေပိုများ၏။
  • ကျန်းမာရေးအခြေအနေ : သင့်၌ multiple sclerosis ရှိလျှင် Trigeminal neuralgia ဖြစ်နိုင်ချေပိုများပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များသည် လက္ခဏာများ၊ ရောဂါရာဇဝင်များ၊ စမ်းသပ်မှုများမှ ရောဂါအမည်တပ်ခြင်းဖြစ်သည်။ တခြားဆင်ဆင်တူသည့် ရောဂါများကိုခွဲခြားနိုင်ရန် ကွန်ပျူတာဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန်ရိုက်ခြင်းများ လိုအပ်နိုင်ပါသည်။

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် လက္ခဏာပေါ်မူတည်သည်။ အရေးကြီးဆုံးမှာ နာကြင်မှုကိုဖြစ်စေသည့်အရာကို မလုပ်ဖို့ရန်ဖြစ်သည်။ အကိုက်အခဲပျောက်ဆေးများလဲ သုံးနိုင်ပါသည်။

အာရုံကြောပေါ် သို့ အကြိတ်သို့ သွေးကြောမှဖိခြင်းကြောင့် တခြားကုသမှု အသုံးမဝင်တော့လျှင် ခွဲစိတ်ကုသရမည်ဖြစ်သည်။ ခွဲစိတ်မှုအမျိုးအစားများတွင် အာရုံကြောပေါ်ရှိဖိအားကို ဖယ်ရှားဖို့ရန် contactless radiosurgery, electrical stimulation and injections နှင့် open surgery များပါ၏။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက Trigeminal neuralgia ကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Trigeminal neuralgia ကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ပျော့သောအစားအစာများကိုစားပါ

• အလွယ်တကူဝယ်ယူရသည့်ဆေးများသုံးလျှင် ဆရာဝန်ကိုပြောပါ။ ကိုယ်ဝန်ရှိလျှင်သို့ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိလျှင်ပြောပါ။

အကယ်၍ ဆရာဝန်ပေးသော ဆေးနှင့်မသက်သာလျှင်၊ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရလျှင်၊ နှစ်ရိပ်နှစ်ထပ်မြင်လျှင်၊ ကြွက်သားများအားနည်းလျှင်၊ အကြားအာရုံပြောင်းလျှင် မျက်နှာဟန်မညီတော့လျှင် ဆရာဝန်ကိုပြောပါ။ ဒီအရာများသည် နောက်ထပ် ရောဂါတစ်ခုရှိနေသည်ကို ညွှန်ပြကောင်းညွှန်ပြနိုင်နေပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 841.

ယခုပုံစံ

22/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement