backup og meta

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ကဘာလဲ။

Steele-Richardson-Olszewski ရောဂါစုဟု ခေါ်သော ၎င်းရောဂါမှာ လမ်းလျှောက်ခြင်း၊ ဟန်ချက်ထိန်း မှုနှင့် မျက်လုံးဆိုင်ရာ ပြဿနာများ ဖြစ်စေသော ရှားပါးလှသည့် ဦးနှောက်ဆိုင်ရာရောဂါ တစ်မျိုးဖြစ်ပါသည်။ ၎င်းက ဦးနှောက်တွင်းရှိ လှုပ်ရှားမှုနှင့်တွေးခေါ်မှုကို ထိန်းချုပ်သော ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်လာသည်။

၎င်းက အချိန် ကြာလာသည်နှင့် ပို၍ ဆိုးလာလေ့ရှိကာ အဆုတ်ရောင် (နမိုးနီးယား) ခြင်းနှင့်အစာမျိုချခြင်းဆိုင်ရာ ပြဿနာများကဲ့သို့ အသက်အန္တယ် ထိခိုက်စေသော ဆိုးကျိုးများထိဖြစ်စေနိုင်ပါသည်။

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကွဲလွဲမှုများရှိကြသည့်တိုင် တကမ္ဘာလုံးတွင် လူ ၁ သိန်းလျှင် ၃-၆ ယောက်ခန့်က PSP ကို ခံစား ရသည်ဟု ဆိုပါသည်။ ၎င်းက ပါကင်ဆန်ရောဂါ လောက်တော့မများလှပါ။ ၎င်းရောဂါလက္ခဏာများကို အသက် ၆၀ ကျော်လျှင် စတွေ့လာရလေ့ရှိပါသည်။ သို့သော်ထိုထက်လည်း စောနိုင်ပြီး၊ အမျိုးသားများက အမျိုးသမီးများထက် ထိုရောဂါပို၍ အဖြစ်များပါသည်။ နောက်ထပ်သိရှိလိုသည်များ အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

PSP ရဲ့ လက္ခဏာတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်

  • လမ်းလျှောက်စဉ် ဟန်ချက် မထိန်းနိုင်ခြင်း၊ ရောဂါ ကနဦး အဆင့်တွင် နောက်ပြန်လဲခြင်းကို အတွေ့များသည်။
  • သင်၏မျက်လုံးကို ကြည့်လိုသည့်နေရာကို ကြည့်ရန်ခက်ခဲခြင်း၊ အောက်သို့စိုက်ကြည့်ရန် ခက်ခဲခြင်း၊ ပုံရိပ်ဝါးခြင်း၊ ၂ ထပ်ဖြစ်ခြင်း တို့ကို ကြုံရနိုင်ပါသည်။ ၎င်းကြောင့် အစာများ ဖိတ်ကျခြင်း၊ မျက်လုံးခြင်းသေချာ ဆုံ၍ မကြည့်နိုင်ခြင်း ကြောင့် စကားပြောနေလျင် ပြောသူကို စိတ်မဝင်စားသည့်ပုံ ပေါ်လေ့ရှိပါသည်။

PSP ၏ နောက်ထပ်လက္ခဏာအချို့က ပါကင်ဆန်နှင့် သူငယ်ပြန်ခြင်း (dementia) ကဲ့သို့ ရောဂါများ၏ လက္ခဏာများနှင့် တူလေ့ ရှိပါသည်။ ရောဂါပိုဆိုးလာသည်နှင့် အောက်ပါ လက္ခဏာများကို တွေ့ရလေ့၊ ပိုဆိုးလာလေ့ရှိပါသည်။

  • လှုပ်ရှားမှုက ခက်ခဲခြင်း၊ တောင့်တောင့် ကြီးဖြစ်နေခြင်း။
  • လဲကျခြင်း။
  • စကားပြောခြင်း၊ အစားစားခြင်းတွင် ခက်ခဲခြင်း၊
  • အလင်းဒဏ်ကို မခံနိုင်ခြင်း
  • အိပ်ရေးပျက်ခြင်း
  • ပုံမှန်လှုပ်နေကျ၊ လုပ်ချင်သော အရာများတွင် စိတ်ဝင်စားမှုမရှိတော့ ခြင်း၊
  • မူမမှန်သော အပြုအမူများ၊ ဥပမာအကြောင်း ခိုင်ခိုင်မာမာ မရှိဘဲရယ်ခြင်း (သို့) ငိုခြင်း၊
  • မှတ်ဉာဏ်၊ ကျိုးကြောင်းဆင်ခြင်မှု၊ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်များ ဖြေရှင်းရာတွင် အခက်ခဲများရှိလာခြင်း
  • စိုးရိမ်း ပူပန်ခြင်းနှင့် စိတ်ဓါတ်ကျခြင်း
  • မျက်နှာ ကြွက်သားများ တောင်တင်းလာနေခြင်းကြောင့် ထိတ်လန့် ခြင်း (သို့) အံ့သြသည့် ပုံဖြစ်နေခြင်း၊

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်

ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

PSP ကို ဖြစ်စေသော အကြောင်းရင်းကို မသိရပါ။ ဖြစ်လာသော ရောဂါ လက္ခဏာများက သင်၏ ဦးနှောက်အတွင်းရှိ လှုပ်ရှားမှုကို ထိန်းချုပ်သော နေရာ (ဦးနှောက်အလယ်ပိုင်း) နှင့် တွေးခေါ်မှု (ဦးနှောက်အရှေ့ဘက်ခြမ်း) ကို ထိန်းချုပ်သော နေရာရှိ ဆဲလ်များပျက်စီးခြင်းကြောင့် ဖြစ်ပါသည်။

သုတေသန ပညာရှင်များက ထိုသို့ဦးနှောက်ဆဲလ်များ ပျက်စီးမှုရှိသော သူများတွင် tau ဟုခေါ်သော ပရိုတင်းဓါတ်တစ်မျိုး မြင့်တက်နေသည်ဟု ဆိုပါသည်။ ၎င်းတို့က အယ်လ်ဇိုင်းမား ကဲ့သို့ အာရုံကြောစနစ် ပျက်စီးသော ရောဂါများတွင် လည်း တွေ့ရပါသည်။

PSP က မျိုးရိုးလိုက်သည်မှာ ရှားပါသည်။ သို့သော် မျိုးရိုးလိုက်မှု ရှိမရှိကို မူ သေချာမသိရ သေးပါ။ ရောဂါသည် အများစုက မူ မျိုးရိုးလိုက်၍ ဖြစ်ခြင်းမဟုတ်ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

PSP ကို ပိုဖြစ်စေနိုင်သော အရာမှာ အသက်ကြီးလာခြင်း တစ်ခုသာ ရှိပါသည်။ ၎င်းရောဂါက စဖြစ်လျှင်အသက် ၆၀ ဝန်းကျင်လူများတွင်သာ ဖြစ်လေ့ရှိပြီး၊ အသက် ၄၀ အောက်လူများတွင် မတွေ့ရပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

PSP ကို ကျိန်းသေ ပေါက်သိနိုင်သော ဓါတ်ခွဲခန်းစစ်ဆေးချက်၊ ပုံရိပ်ဖော်နည်း ပညာများ မရှိသေးပါ။ ထို့ပြင် ကျန်လှုပ်ရှားမှုကို ထိခိုက်နိုင်သော ရောဂါများနှင့် ဆင်တူသဖြင့် ၎င်း၊အချို့ လက္ခဏာများ မှာ ရောဂါရင့်မှ ပြတတ်သဖြင့် ၎င်း (တစ်ခါတရံတွင် လုံး၀ ဖြစ်လေ့မရှိတတ်ပေ) ရောဂါအမည် တပ်နိုင်ရန်ခဲယဉ်းပါသည်။ ကနဦးတွင် PSP နှင့် ပတ်သက်သော အတွေ့များသည့် လက္ခဏာများက သိပ်ရှင်းလင်းလေ့ မရှိဘဲ အောက်ပါ လက္ခဏာများ အဖြစ်ပြလေ့ရှိပါသည်။

-ဟန်ချက်ထိန်းခြင်း ပျက်ခြင်းနှင့်ဆိုင်သော လက္ခဏာများဖြစ်သည့် လမ်းလျှောက်ပုံ မငြိမ်ခြင်း၊ သတိမလစ်ဘဲ လဲကျခြင်းတို့ တွေ့လေ့ရှိပါသည်။

-အမြင်အာရုံဝါးခြင်း၊ အောက်ကိုကြည့်ရာတွင် ခက်ခဲခြင်း၊ ပုံရိပ် ၂ ထပ်ဖြစ်နေခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ မျက်လုံးစပ်ခြင်းနှင့် အခြားမျက်လုံးနှင့်ဆိုင်သော ပြဿနာများပြလေ့ ရှိပါသည်။

-စကားပြောရာတွင် မပီတော့ခြင်း

-မှတ်ဉဏ်ပိုင်းချို့ယွင်းခြင်း စဉ်းစားရာတွင် နှေးကွေးခြင်း အကျင့်စရိုက်လက္ခဏာများ ပြောင်းလဲသွားခြင်း နှင့် စိတ်ပြောင်းလဲခြင်း၊

ကနဦးရက်အတည်ပြုရာတွင် လူနာ၏ ရောဂါရာဇဝင်နှင့် အာရုံကြောဆိုင်ရာ စမ်းသပ်မှု အထွေထွေ စမ်းသပ်မှုတို့ဖြင့် ပြုလုပ်ရပါသည်။ MRI ကဲ့သို့ ပုံရိပ်ဖော်စက်များကမူ ဦးနှောက်တိုင် (branstem) ၏အပိုင်းအချို့၌ ရှုံ့နေသည်ကို တွေ့ရနိုင်သည်။ ပျက်စီးနေသော ဦးနှောက်ရှိ နေရာများတွင် ဦးနှောက်လုပ်ငန်းများ အလုပ်လုပ်ပုံကို အခြားပုံရိပ်ဖော်နည်းပညာဖြင့်လည်း စမ်းသပ်နိုင်ပါသည်။

PSP မှာ ရှားပါးပြီး ပါကင်ဆန်ရောဂါနှင့် တူသဖြင့် တခါတရံ ရောဂါအမည်တတ်ရာတွင် လွတ် လေ့ရှိသည်။ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာနှင့် အကျင့်စရိုက်များ ပြောင်းလဲခြင်းက ကုသသူသမားတော်ကို စိတ်ဓါတ်ကျခြင်း၊ သူငယ်ပြန်ခြင်း/ဦးနှောက်ကျုံ့ရောဂါများနှင့် မှားယွင်းစေနိုင်ပါသည်။ PSP ကိုသေချာစေသော လက္ခဏာများမှာ ကနဦးထဲက လမ်းလျှောက်ရာတွင် ပြဿနာရှိခြင်း မျက်လုံးလှုပ်ရှားမှုတွင် ပြဿနာရှိခြင်း တို့ဖြစ်ပါသည်။ စကားပြောခြင်း အစားမျိုးခြင်းနှင့် အခြားပြဿနာများကိုမူ ကုသ၍ ရလျင်ကုသခြင်းဖြင့်လည်း မဖြစ်နိုင်သော ရောဂါများကို ဖယ်ထုတ်နိုင်ပါသည်။

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ကို ဘယ်လိုကုသပါသလဲ

၎င်းတွင် ကုသနိုင်သော နည်းမရှိသေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာများကိုသာ သက်သာအောင် ပြုစုကုသရပါသည်။

ကုသရာတွင်

– ပါကင်ဆန်ရောဂါတွင် သုံးသောဆေးများ ကြွက်သားများအဆင်ပြေချောမွေ့စွာ လှုပ်ရှားနိုင်ရန် လိုအပ်သော ဒိုပါမင်းကို ပေးနိုင်ပါသည်။ သို့သော် ၎င်းတို့၏ ထိရောက်မှုမှာ ကန့်သတ်ချက်များရှိပြီး ၂-၃ နှစ်အထိ သာထိရောက်လေ့ရှိပါသည်။

-Onabotulinumtoxin type A (botox) – ၎င်းကိုသင်၏ မျက်လုံးတဝိုက်ရှိ ကြွက်သားများ ထဲသို့ ထိုးသွင်းပေးရပါသည်။ Botox ကကြွက်သားများ ကျုံ့ခြင်းကို တားဆီးပေးသဖြင့် မျက်ခွံများအကြော ဆွဲခြင်းကို သက်သာစေပါသည်။

– ဘိုင်ဖိုကယ် (သို့) prism မှန်များပါသော မျက်မှန်များတပ်ခြင်းက အောက်ငုံ့ကြည့်ရာတွင် အခက်အခဲများကို သက်သာစေပါသည်။

– စကားပြောခြင်းနှင့် အစာမျိုခြင်းဆိုင်ရာ အကဲဖြတ်ချက် ၎င်းက သင့်ကို အန္တရာယ်ကင်းစွာ အစားမျိုနိုင်အောင် သင်ကြားပေးပါလိမ့်မည်။

– ကာယကုသမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်ကြားကုသမှုက ဟန်ချက်ထိန်းနိုင်အောင် ကူပေးပါလိမ့်မည်။

PSP ကိုကုသရန် ဆေးဝါးများ အထူးသဖြင့် tau ပရိုတိန်းများပြန့်ပွားမှုကို ဟန့်တာနိုင်မည့် ဆေးဝါးများကို သုတေသနပညာရှင်များက ရှာဖွေတီထွင်နေပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက PSP ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် PSP ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

PSP ၏သက်ရောက်မှုဆိုးကျိုးကို အနည်းဆုံးဖြစ်အောင် သင့်အနေနှင့် အိမ်တွင်အောက်ပါလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါသည်။

– မျက်တောင်ခတ်ခြင်း၊ မျက်ရည်ကျခြင်းတို့ကြောင့် မျက်လုံး ခြောက်ခြင်းကို မျက်စဉ်းဖြင့် ကုစားနိုင်ပါသည်။

– လျှောက်လမ်း၊ ရေချိုးခန်းတွင်လဲမကျအောင် လက်ကိုင်/ လက်ရန်းတန်းများတပ်ဆင်ပါ။

– လမ်းလျှောက်စဉ်လဲမကျအောင် သင်၏အလေးချိန်ကို ထိန်းနိုင်သောအလေးတုံးထည့်ထားသည့်လမ်းလျှောက်အကူခုံကိုအသုံးပြုပါ။

– အောက်သို့ ငုံကြည့်ရန်ခက်လာလျှင် ခလုပ်တိုက်နိုင်သော ကော်ဇောအပြဲများ အစများ အခြားအရာများကို ဖယ်ရှားပါ။

– လှေကားတက်ခြင်းမှ ရှောင်ကျဉ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Progressive Supranuclear Palsy Fact Sheet https://www.ninds.nih.gov/Disorders/Patient-Caregiver-Education/Fact-Sheets/Progressive-Supranuclear-Palsy-Fact-Sheet Accessed November 07, 2017
Parkinson’s Disease and Progressive Supranuclear Palsy https://www.webmd.com/parkinsons-disease/progressive-supranuclear-palsy-psp#2 Accessed November 07, 2017
Progressive supranuclear palsy https://www.mayoclinic.org/diseases-conditions/progressive-supranuclear-palsy/diagnosis-treatment/drc-20355664 Accessed November 07, 2017

ယခုပုံစံ

04/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement