backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Morton's Neuroma (မော်တန်အာရုံကြောအကျိတ်)


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ကဘာလဲ။

မော်တန်အာရုံကြောအကျိတ်ဆိုတာ ခြေဖဝါးကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး နံပါတ်၃နဲ့၄ ခြေချောင်းကြားထဲက နေရာမှာ ပိုဖြစ်တတ်ပါတယ်။ မော်တန်အာရုံကြောအကျိတ်ဖြစ်ရင် ကျောက်ခဲပေါ်မှာ မတ်တပ်ရပ်နေမိသလို၊ ခြေအိတ်ကခေါက်နေသလို ခံစားရပါတယ်။

မော်တန်အာရုံကြောအကျိတ်ဟာ ခြေချောင်းလေးတွေဆီသွားတဲ့ အာရုံကြောဝန်းကျင်က တစ်သျှူးတွေမာကြောလာလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ခြေဖဝါးမှာ စူးရှပူပြင်းစွာ ခံစားရပါတယ်။ ခြေချောင်းများဟာ ပူလောင်နာကျင်ခြင်း၊ သို့မဟုတ် ထုံခြင်း ခံစားရပါတယ်။

ဒေါက်မြင့်ဖိနပ်တွေဟာ မော်တန်အာရုံကြောအကျိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူအများဟာ ကျယ်ပြီးနိမ့်တဲ့ ဖိနပ်ကို စီးလိုက်မှသာ သက်သာသွားတတ်ပါတယ်။ တခါတရံ ကော်တီကိုစတီးရွိုက်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

ခြေဖဝါးကို နာကျင်ထိခိုက်စေခြင်း မကြာခဏဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။ နံပါတ်၃နဲ့၄ ခြေချောင်းတွေကြားမှာ မကြာခဏဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ လေ့ကျင့်ခန်းလုပ်ရာမှ ဖိအားဖြစ်မိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

သိသာထင်ရှားတဲ့ အဖုအကျိတ်အနေနဲ့ ထွက်မလာပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

  • မတ်တပ်ရပ်နေချိန်မှာ ကျောက်စရစ်ခဲခုခံနေသလို ခံစားရခြင်း
  • ခြေဖဝါးမှာ ပူလောင်နာကျင်မှု ခံစားနေရခြင်း
  • ခြေချောင်းများ ထုံကျင်နေခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရက်အနည်းငယ်ထက်ပိုပြီး ခြေဖဝါးမှာ နာကျင်မှုကို ခံစားနေရရင် သတိပြုသင့်ပါတယ်။ ခြေဖဝါးမှာ ပူလောင်နာကျင်မှုခံစားနေရခြင်းဟာ ဖိနပ်လဲခြင်း၊ ခြေထောက်ဖိအားနည်းစေဖို့ လှုပ်ရှားမှု ပြောင်းလဲခြင်းတွေ ပြုလုပ်လို့မှ မသက်သာရင် ဆရာဝန်ပြသင့်ပါတယ်။

အကြောင်းရင်းများ

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

ခြေချောင်းကိုသွားတဲ့ အာရုံကြောကို ထိခိုက်ဒဏ်ရာရခြင်း၊ ဖိအားဖြစ်စေခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက ဖြစ်စေပါတယ်။

ဒေါက်မြင့်ဖိနပ်များစီးခြင်း

ဒေါက်မြင့်ဖိနပ်တွေ၊ တင်းကျပ်ပြီး ခြေဖဝါးနဲ့ မတော်တဲ့ ဖိနပ်တွေဟာ ဖိအားကို ပိုမိုဖြစ်စေပါတယ်။

အားကစားအချို့

အနှေးလျှောက်ခြင်း၊ ပြေးခြင်း စတာတွေဟာ ခြေဖဝါးကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ နှင်းလျှောစီးခြင်း၊ တောင်တက်ခြင်း စတာတွေပြုလုပ်ဖို့ စီးရတဲ့ တင်းကျပ်တဲ့ ဖိနပ်များဟာလည်း ဖိအားကို ဖြစ်စေပါတယ်။

ခြေဖဝါးပုံမကျခြင်း

ခြေမရောင်ခြင်း၊ ခြေမအောက်ဖက်ကောက်နေခြင်း၊ ခြေဖမိုးခုံးခြင်း၊ ခြေဖဝါးပြားခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းအချို့ဟာ ဒီနေရာမှာ ပိုမိုအသုံးဝင်ပါတယ်။

ဓါတ်မှန်

ခြေထောက်ရဲ့အခြေအနေကို သိပြီး တခြားပြသနာ ဥပမာ ဖိအားကြောင့်ကျိုးခြင်း ရှိမရှိ သိရအောင် ဒီနည်းကို အသုံးပြုပါတယ်။

အာထရာဆောင်း

အသံလှိုင်းတွေကတဆင့် ကိုယ်ခန္ဓါအတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပုံဖော်ခြင်းဖြစ်ပါတယ်။ နူးညံ့တဲ့တစ်သျှူးတွေမှာ ဖြစ်တတ်တဲ့ပြသနာတွေကို သိနိုင်ပါတယ်။

သံလိုက်လှိုင်းပုံရိပ်ဖော်ခြင်း (MRI)

နူးညံ့တဲ့တစ်သျှူးတွေကို ပုံဖော်ကြည့်ရှုနိုင်ပါတယ်။ ဈေးကြီးပါတယ်။ လက္ခဏာမပြတဲ့ အာရုံကြောအကျိတ်တွေကိုတောင် တွေ့နိုင်ပါတယ်။

Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ကို ဘယ်လိုကုသပါသလဲ

အောက်ပါနည်းလမ်းတွေ ရှိပါတယ်။

ကာယကုသခြင်း

ရှူးဖိနပ်ထဲမှာ အခုအခံထည့်ပေးခြင်းဟာ ဖိအားကို သက်သာစေပါတယ်။ မိမိဖာသာ ရွေးချယ်ဝယ်ယူနိုင်သလို ဆရာဝန်ညွှန်ပြတဲ့ဒီဇိုင်းကို သီးသန့်ပြုလုပ်ပြီး မိမိခြေဖဝါးနဲ့ သင့်တော်အဆင်ပြေနိုင်တဲ့ ရှူးဖိနပ်ကို စီးနိုင်ပါတယ်။

ခွဲစိတ်ခြင်း

ပုံမှန်ကုသနေကြနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်ဟာ ခွဲစိတ်တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။

စတီးရွိုက်ဆေးထိုးခြင်း

နာကျင်နေတဲ့နေရာကို စတီးရွိုက်ဆေးထိုးနိုင်ပါတယ်။

ဖိအားလျော့စေရန်ခွဲစိတ်ခြင်း

တခါတရံမှာ အာရုံကြောအနီးတဝိုက်က ဖိအားဖြစ်စေတဲ့အရာတွေကို ခွဲစိတ်ဖယ်ထုတ်ပြီး ဖိအားကို သက်သာစေနိုင်ပါတယ်။

အာရုံကြောကိုဖယ်ထုတ်ခြင်း

တခြားနည်းလမ်းတွေနဲ့ ပျောက်ကင်းမှုမရှိရင် ခွဲစိတ်ဖြတ်တောက်ပါတယ်။ ခွဲစိတ်မုအောင်မြင်ရင်တောင် ထိခိုက်မှုဖြစ်ထားတဲ့ ခြေချောင်းလေးတွေမှာ အမြဲတမ်း ထုံကျင်ကျန်ရစ်ခဲ့ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

အရောင်ကျဆေးများသောက်ခြင်း

ဆရာဝန်ညွှန်းစာမလိုဘဲ ဝယ်ယူနိုင်တဲ့ibuprofen(Advil, Motrin IB) နဲ့naproxen(Aleve) စတဲ့ဆေးများဟာ ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေခဲကပ်ခြင်း

ပုံမှန်ရေခဲကပ်ပြီး နှိပ်နယ်ခြင်းဟာ နာကျင်မှုကို လျော့ကျစေပါတယ်။ ရေခဲခွက်၊ အိတ်စတာနဲ့ နာတဲ့နေရာကို လှိမ့်ပေးနိုင်ပါတယ်။

ဖိနပ်ပြောင်းစီးခြင်း

ဒေါက်မြင့်ပြီး တင်းကျပ်တဲ့ ရှူးဖိနပ်တွေကို ရှောင်ပါ။ ခြေချောင်းလေးတွေအတွက် နေရာလုံလုံလောက်လောက် ရှိတဲ့ဖိနပ်ကို စီးပါ။

အနားယူပါ

လမ်းလျှောက်ခြင်း၊ အေရိုးဗစ်လုပ်ခြင်း၊ ကခြင်း စတဲ့ လှုပ်ရှားမှုတွေကို ရက်အနည်းငယ်လောက် လျှော့ချထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement