အကြောင်းရင်းများ
Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ) ကိုဘာတွေကဖြစ်စေသလဲ
ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများသည် တခြားသော ရောဂါများ သို့မဟုတ် ပုံမှန်မဟုတ်မှုများနှင့် ဆက်စပ်မှုရှိပါသည်။ Sickle cell anemia, သွေးကြောဖိမိခြင်း၊ နှလုံးသွေးလွှတ်ခန်းခုန်နှုန်းမြန်ခြင်း၊ သွေးကြောများတွင် ချပ်ပြားများ တည်ခြင်း၊ သွေးခဲများတည်ခြင်း၊ နှလုံးဖောက်ခြင်းကြောင့် သွေးပေါင်ထိုးကျသွားခြင်း၊ မွေးရာပါ နှလုံးမကောင်းခြင်း စသည်တို့ရှိသောလူများသည် ကျန်းမာသောသူများနှင့်ယှဉ်လျှင် ဤရောဂါကို ပိုပြီးဖြစ်နိုင်ချေ အလွန်များသည်။
၎င်းသည် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး ပုံမှန်မဟုတ်သည့် သွေးနီဥ ပုံစံဆန်းများနှင့် ဆက်နွှယ်ပါသည်။ တံစဉ်းပုံစံ သွေးဆဲလ်များသည် ပုံမှန်ဆဲလ်များထက် သွေးပိုခဲစေနိုင်ပြီး ဦးနှောက်သွေးစီးဆင်းမှုကို ဟန့်တားစေနိုင်ပါသည်။
၎င်းသည် ဦးနှောက်ဆီသို့ အောက်စီဂျင်ပို့သော သွေးကြောများကို ပိတ်ခြင်းအားဖြင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်သည်။ ကင်ဆာအကျိတ်များသည် သွေးကြောဖိစေနိုင်သော အကြောင်းရင်းများထဲမှ တစ်ခြု့ဖစ်သည်။
- သွေးလွှတ်ခန်းခုန်နှုန်းမြန်ခြင်း
၎င်းသည် နှလုံးခုန်မမှန်ခြင်းကိုဆိုလိုပြီး နှလုံးကိုလုံးဝရပ်သွားစေနိုင်ကာ အောက်စီဂျင်စီးဆင်းမှု ရပ်တန့်သွားစေနိုင်ပါသည်။ ထို့အပြင် နှလုံးခုန် မမှန်ခြင်းသည် သွေးခဲများကိုဖြစ်ပေါ်စေရာမှ အင်္ဂါများ အောက်စီဂျင် ပြတ်လပ်ခြင်းကို ဖြစ်စေနိုင်သည်။
- ချပ်ပြားများစုပုံခြင်းကြောင့် သွေးလွှတ်ကြောများပိတ်ခြင်း
၎င်းသည် သွေးမလုံလောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ချပ်ပြာစုပုံမှု နည်းလျှင်တောင်မှ သွေးကြောကျဉ်းမှုကို ဖြစ်စေနိုင်ပြီး သွေးခဲမှုကို ပိုပိုဖြစ်စေနိုင်ပါသည်။ သွေးခဲကြီးများသည်လဲ သွေးစီးဆင်းမှုအား ပိတ်ဆို့ခြင်း ဖြစ်စေနိုင်သည်။
၎င်းသည် နှလုံးဖောက်ခြင်းနှင့် သွေးပေါင်ကျခြင်းကြား ဆက်စပ်မှုကြောင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်စေခြင်းဖြစ်သည်။ သွေပေါင်အလွန်ကျခြင်းသည် တစ်ရှူးများဆီသို့ လုံလောက်သောအောက်စီဂျင် ရောက်မည်မဟုတ်ပါ။
နှလုံးဖောက်ခြင်းအား မကုသလျှင် သွေးစီးမှုကိုကျသွားစေပြီး သွေးခဲများဖြစ်ပေါ်လာနိုင်ကာ ဦးနှောက်နှင့် တခြားအရေးကြီးသည့် အင်္ဂါများကို သွေးမလျှောက်ပဲနေပါလိမ့်မည်။ ဆေးလွန်ခြင်းနှင့် ဆေးဝါးဓါတ်ပြုမှုများမှ သွေးပေါင်ထိုးကျခြင်းလဲ ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများသည် နှလုံးဖောက်ခြင်းအပြင် တခြားအကြောင်းများမှလဲ ဖြစ်စေနိုင်ပါသည်။
- မွေးရာပါနှလုံးချို့ယွင်းခြင်း
မသင့်လျော်သောသွေးကြော ဖြစ်ပေါ်မှုနှင့် ဆက်နွှယ်မှုများကြောင့် သွေးမလုံလောက်ခြင်းကို ဖြစ်စေနိုင်သည်။ မွေးရာပါနှလုံးချို့ယွင်းသူများသည် သွေးခဲဖြစ်ပေါ်ဖို့ အလွန်လွယ်ကူနိုင်သည်။
ဖြစ်နိုင်ခြေများ
Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများများသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်ကို သတိပြုပါ။ အောက်ပါတို့ရှိလျှင် သင့်၌ အန္တရာယ်ပိုများနေပြီ ဖြစ်သည်။
သွေးတိုးခြင်း
သွေးတွင်းအဆီများခြင်း
နှလုံးရောဂါရှိခြင်း
သွေးကြောကျဉ်းရောဂါရှိခြင်း
နှလုံးရောဂါ မိသားစုရာဇဝင်ရှိလျှင်
ဆီးချိုရှိလျှင်
အဝလွန်လျှင်
ဆေးလိပ်သောက်ခြင်း
အရက်သောက်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်၌ ထိုအခြေအနေရှိနေကြောင်း သံသယရှိပါက ဆရာဝန်သည် စမ်းသပ်မှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင်တို့ကိုမေးပါလိမ့်မည်။ စစ်ဆေးမှုတစ်ချို့ကိုလဲ လုပ်ရမည်ဖြစ်ကြောင့် လမ်းညွှန်နိုင်သည်။ တစ်ချို့ စစ်ဆေးနေကျ စစ်ဆေးမှုများတွင် သွေးစစ်ခြင်း သို့ ဓါတ်မှန်တို့ကဲ့သို့ ပုံရိပ်ဖော်စစ်ဆေးများပါဝင်ပါသည်။
Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ) ကို ဘယ်လိုကုသပါသလဲ
Alteplase (tpa) သည် ဦးနှောင်သွေးမလောက်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းအတွက် အသုံးဝင်သော ဆေးဖြစ်သည်။ ၃နာရီအတွင်းပေးနိုင်ပါက tpa နှင့်ကုသမှုသည် ဆေးတု (Placebo) များနှင့် ကုသသည်ထက် ပိုကောင်းသောအခြေအနေ ရနိုင်ချေ ပိုများပါသည်။
ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ၏ ရလဒ်သည် နောက်ပိုင်းတွင် အထောက်အပံ့ကုသမှု အရည်အသွေးပေါ်တွင် မူတည်ပါသည်။ စနစ်တစ်ခုလုံးဆိုင်ရာ သွေးဖိအားအား ထိန်ထားနိုင်မှ ဦးနှောက်သွေးစီးဆင်းမှုအား ပြန်ကောင်းစေနိုင်ပါသည်။ ထို့အတူ အောက်စီဂျင်မဝခြင်း (hypoxia) နှင့် hypercapnia တို့ကိုလဲ ရှောင်ကျဉ်သင့်သည်။
အတက်ရောဂါသည် ထိခိုက်မှုကို ပိုများစေသည်။ သင့်တော်သော် အတက်ကျဆေးများကို ပေးသင့်ပြီး အတက်ရောဂါ ဖြစ်လာပါက ကုသမှုပို ပြင်းပြင်းထန်ထန် ဆောင်ရွက်ရမည်ဖြစ်သည်။ သွေးတွင်သကြားဓါတ်များခြင်းကိုလဲ ရှောင်ကြဉ်ရပါမည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်းအား လျော့ချနိုင်ရန်နှင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရန် အောက်ပါတို့ကို လိုက်နာသင့်သည်။
ဆေးလိပ်ဖြတ်ပါ
လေ့ကျင့်ခန်းလုပ်ပါ
သွေးတိုးနှင့် ဆီးချိုကို ကုသပါ
ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ – သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ဂျုံကြမ်း
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ