အဓိပ္ပါယ်ဖွင့်ဆိုချက်
Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကဘာလဲ။
Naegleria fowleri ခေါ် ဦးနှောက်စားအမီဘားကောင်သည် မျိုးစိတ်ကြီး Naegleria ၏ မျိုးပေါင်းစု Percolozoa တွင် ပါဝင်ပါသည်။ ထိုအကောင်များဟာ ဆဲလ်တစ်ခုတည်းပါ သက်ရှိတွေဖြစ်ပြီး ၁၉၆၅နှစ်တွင် တွေ့ရှိခဲ့ပါသည်။ သြော်စတြေးလျတွင် ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်သော်လည်း အမေရိကားမှာ ဆင့်ကဲပြောင်းလဲခဲ့တာပါ။
Naegleria fowleri မျိုးစိတ်တစ်ခုတည်းကသာ လူတွေကို ကူးစက်တာဖြစ်ပါတယ်။
Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) က ဘယ်လောက်အဖြစ်များသလဲ
Naegleria fowleri အမီဘားကောင်တွေဟာ အတွေ့ရများသော်လည်း ဦးနှောက်ကိုထိတာတော့ ရှားပါတယ်။ အမီဘားကြောင့် ဦးနှောက်ထိခြင်းကို မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM) လို့ခေါ်ပါတယ်။ တစ်နှစ်ကို လုံးဝမဖြစ်တာလည်းရှိသလို အများဆုံး ၈ကြိမ်ထိဖြစ်ပွားနိုင်ပါတယ်။ အမြဲလိုလို ဂျူလိုင်လကနေ စက်တင်ဘာလအတွင်း ဖြစ်ပွားတတ်ပါတယ်။ လူတော်တော်များများက ယင်းအမီဘားကောင်အတွက် ပဋိပစ္စည်းရှိနှင့်ပြီးသားလို့ လေ့လာတွေ့ရှိရပါတယ်။ ပဋိပစ္စည်းရှိနှင့်ပြီးသားလူတွေဟာ အမီဘားကောင်ကူးစက်ခံရသော်လည်း ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်လိုက်ခြင်းဖြစ်တယ်လို့ ဆိုလိုတာပါ။
အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
လက္ခဏာများ
Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ရဲ့လက္ခဏာတွေကဘာတွေလဲ
Naegleria fowleri က မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM)ကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းခြင်းနှင့် ဦးနှောက်တစ်ရှုးပျက်စီးသော အခြေအနေတစ်ခုဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။