ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်ဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ အလုံးစုံကျန်းမာရေးအတွက် ကောင်းကျိုးများလွန်းတဲ့အကြောင်း အမြဲပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှမကောင်းပါဘူး။ ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ကိုယ့်ခန္ဓါကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်းလုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့အပြင် ဦးနှောက်ကိုပါထိခိုက်နိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။