တကယ်လို့ ကလေးတွေဟာ Multiple sclerosis ရောဂါတစ်ခါဖြစ်ပြီးရင် ရောဂါပြန်ထကြိမ်နှုန်းက အရွယ်ရောက်သူတွေထက် များပါတယ်။ Multiple sclerosis အတွက် အပြီးအပြတ်ကုသရန်ဆေးလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် multiple sclerosis ရောဂါနဲ့ ကလေးငယ်တွေကို ကုသတဲ့အခါမှာ ပန်းတိုင်ကြီးသုံးခုရှိပါတယ်။ လက်ရှိရောဂါကိုပြုစုကုသဖို့၊ နောင်ရောဂါပြန်မထအောင်ကြိုတင်ကာကွယ်ဖို့နဲ့ ရောဂါလက္ခဏာတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။
ကလေးတွေမှာဖြစ်တဲ့ Multiple sclerosis ကို ပြုစုကုသနည်းက အရွယ်ရောက်သူတွေမှာဖြစ်တဲ့ multiple sclerosis ကုသနည်းအပေါ် အခြေခံထားတာပါ။ အဲဒီကုသမှုတွေမှာcorticosteroid (steroid အမျိုးအစားတစ်မျိုး)ကို အသုံးပြုပြီး ဦးနှောက်ရောင်ရမ်းခြင်းတွေကို လျှော့ချပါတယ်။ တကယ်လို့ ဒီကုသမှုနဲ့ မလုံလောက်ဘူးဆိုရင်ဆရာဝန်က သင့်ကလေးကို တခြားလိုအပ်တဲ့ကုသမှုတွေ ခံယူဖို့ပြောပါလိမ့်မယ်။ ဥပမာ – သွေးရည်ကြည်လဲခြင်း။
ကလေးအများစုက Corticosteroids တွေကို ခံနိုင်ရည်ရှိပေမယ့် တချို့ကလေးတွေကတော့ စိတ်ခံစားလွယ်လာခြင်း အပြုအမူပြောင်းလာခြင်း၊ သွေးဖိအားတိုးလာခြင်း၊
သွေးချိုတိုးလာခြင်း၊ အစာအိမ်နာခြင်း အစကဲ့သို့ သက်ရောက်မှုရှိနိုင်ပါတယ်။ ကလေးအထူးကုကလည်း ကုသမှုလုပ်နေစဉ်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကိုလည်း ကုသပေးမှာဖြစ်ပါတယ်။
ကျွန်တော့်ကေလေးငယ်အတွက်Multiple sclerosis ရဲ့တိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ရမလဲ ။ ရောဂါလကဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ ။
သင့်ကလေးရဲ့ဆရာဝန်က ဒီရောဂါရဲ့ထိုးနှက်မှုတွေကို ကာကွယ်ဖို့ဆေးနည်းတွေနည်းလမ်းတွေကို ပြောပြပါလိမ့်မယ်။ ဆေးနည်းတွေမှာတော့
• Interferon beta – 1a
• Interferon beta – 1b
• Glatiramer acetate စတဲ့ဆေးတွေပါဝင်နိုင်ပါတယ်။