အဓိပ္ပါယ်ဖွင့်ဆိုချက်
Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကဘာလဲ။
များသောအားဖြင့်မျက်လုံးတဝိုက်ကိုက်ခဲတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်တယ်။ အလွန်ပြင်းထန်ပြီး အဆိုးဆုံးခေါင်းကိုက်ခြင်းလည်းဖြစ်တယ်။ ရက်သတ္တပတ်များစွာ (၄ ပတ်မှ ၁၂ ပတ်ခန့်ထိ) ကြာအောင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတတ်သော ခေါင်းကိုက်ခြင်းမျိုးလည်းဖြစ်တယ်။
Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
သိပ်တော့ဖြစ်လေ့မရှိပါဘူး။ ခေါင်းကိုက်ခြင်းဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး အသက် ၂၀ ကျော်ရင်အဖြစ်များပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
လက္ခဏာများ
Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ –
- ကိုက်ခဲခြင်း – အလွန်ပြင်းထန်ပြီး၊ အချွန်နဲ့ထိုးသကဲ့သို့ ဒါမှမဟုတ် မီးစနဲ့ထိုးသကဲ့သို့ စူးရှပြင်းထန်တဲ့ ကိုက်ခဲခြင်းမျိုးဖြစ်တယ်။ ခေါင်းတစ်ခြမ်းသာဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ မျက်လုံးတစ်ဖက်တဝိုက်မှာ စတင်ကာ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ ပုခုံးတွေကို ပျံ့သွားပါတယ်။ ကြိုအချက်မပြဘဲ ရုတ်တရတ်ထကိုက်တတ်တယ်။
- ခေါင်းကိုက်ချိန်မှာနေထိုင်မရဖြစ်တတ်၊ စိတ်တိုတတ်တယ်။
- မျက်လုံးနီရဲရောင်ရမ်းတတ်တယ်။
- ခေါင်းကိုက်တဲ့ဘက်မှာ နှာခေါင်းပိတ်ခြင်း သို့ နှာရည်ယိုခြင်းဖြစ်တတ်တယ်။
- မျက်နှာချွေးပျံတတ်ပြီး
- မျက်နှာအရောင်ဖြူဖျော့ခြင်း သို့ နီရဲခြင်းဖြစ်တတ်တယ်။
- မျက်ခွံတစ်ဖက်ရောင်ရဲခြင်း၊ ကျခြင်းတို့ဖြစ်တတ်ပါတယ်။
ခေါင်းကိုက်တဲ့အချိန်တစ်ခုနဲ့တစ်ခုကြားမှာ တစ်လနဲ့အထက်ကောင်းသွားပြီးမှ ပြန်ကိုက်ပါက အချိန်ပိုင်းစုဖွဲ့ခေါင်းကိုက်ခြင်းလို့ခေါ်တယ်။ နာတာရှည် စုဖွဲ့ခေါင်းကိုက်ခြင်းတွေကတော့ တစ်နှစ်အထက်ကြာနိုင်ပြီး တစ်ခုနဲ့တစ်ခုကြားကောင်းနေသောအချိန်က တစ်လခန့်ကြာတတ်ပါတယ်။ ခေါင်းကိုက်နေချိန်မှာတော့ တစ်ကြိမ်နဲ့တစ်ကြိမ်ကနေ့စဉ်ဖြစ်လေ့ရှိတယ်၊ ဒါမှမဟုတ် တစ်ရက်ထဲမှာခဏခဏလည်းဖြစ်နိုင်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်ကနေ ၃ နာရီခန့်ထိကြာနိုင်တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။