ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
တစ်ပတ်မှာ ၂ကြိမ်ထက်ပိုပြီးခေါင်းကိုက်ခြင်း။ ခေါင်းကိုက်တဲ့ရက်တွေမှာ အကိုက်အခဲပျောက်ဆေးတွေသောက်နေခြင်း၊ ခေါင်းကိုက်သက်သာစေဖို့အတွက် OTC ဆေးတွေကို ညွှန်ကြားထားတာထက် ပိုမိုသုံးစွဲခြင်း၊ ခေါင်းကိုက်တဲ့ပုံစံ ပြောင်းလဲသွားခြင်း သို့မဟုတ် ပိုဆိုးလာခြင်း၊ ခေါင်းကိုက်မပျောက်တော့ခြင်း ။
တကယ်လို့များ ဒီလိုတွေဖြစ်လာခဲ့ရင် ဆေးဝါးကုသမှု ချက်ချင်းခံယူပါ။
ရုတ်တရက်ဖြစ်လာပြီး ပြင်းထန်ရင်၊ အဖျား၊ ဇက်ခိုင်ခြင်း၊ ရောထွေးနေခြင်း၊ အမြင်နှစ်ထပ်ဖြစ်နေခြင်း၊ အားနည်းခြင်း၊ ထုံခြင်း၊ စကားပြောရခက်ခဲခြင်း စတာတွေ ဖြစ်လာရင်၊ ခေါင်းမှာ ဒဏ်ရာရခဲ့ရင်၊ ဆေးတွေသောက်နေပါလျက်ကယ်နဲ့ ပိုဆိုးလာခဲ့ရင်။
အကြောင်းရင်းများ
Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းကိုတော့ သေချာ နားမလည်နိုင်သေးပါဘူး။ True (primary) chronic daily headache မှာတော့ တခြားကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်ရတာမျိုး မရှိပါဘူး။
Non-primary chronic daily headache တွေကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကတော့
ဦးနှောက်တွင်း သွေးကြောရောင်ယမ်းခြင်း သို့မဟုတ် သွေးကြောပြဿနာ၊ လေဖြတ်ခြင်း အပါအဝင်။ ပိုးဝင်ခြင်း (ဥပမာ – meningitis) ၊ ဦးခေါင်းခွံတွင်း ဖိအားများလွန်းခြင်း၊ နည်းလွန်းခြင်း၊ ဦးနှောက်အကြိတ်၊ ဦးနှောက်ဒဏ်ရာရခြင်း။ ခေါင်းကိုက်ခြင်းအတွက် ဆေးအသုံးလွန်ခြင်း။ ဒီလိုခေါင်းကိုက်တဲ့ပုံစံဟာ ခေါင်းကိုက်တတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အများအားဖြင့် migraine သို့မဟုတ် tension-type ရှိတဲ့သူတွေဟာ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ အကိုက်အခဲပျောက်ဆေးသောက်တော့မယ်ဆိုရင် (OTC ဆေးကိုပဲသုံးသုံး) တစ်ပတ်မှာ ၂ရက်ထက်ပိုလာခဲ့ရင် သို့မဟုတ် တစ်လမှာ ကိုးရက်ထက် ပိုလာခဲ့ရင် rebound headache ဖြစ်လာနိုင်ချေ များပါပြီ။
ဖြစ်နိုင်ခြေများ
Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အမျိုးသမီးဖြစ်နေခဲ့ရင်၊ စိုးရိမ်သောကများရင်၊ စိတ်ဓါတ်ကျဆင်းနေရင် (စိတ်ကျရောဂါ)၊ အိပ်မပျော်ခဲ့ရင်၊ အဝလွန်ရင်၊ ဟောက်တတ်ရင်၊ ကဖိန်းအလွန်အကျွံသုံးစွဲရင်၊ ခေါင်းကိုက်ပျောက်ဆေး အသုံးလွန်ရင်နဲ့ အခြားသော နာတာရှည်နာကျင်မှုပြဿနာတွေ ပါ ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်ကတော့ သင့်ရဲ့လက္ခဏာတွေကို စစ်ဆေးပြီး ပိုးဝင်တာလား ဒါမှမဟုတ် အာရုံကြောဆိုင်ရာ ပြဿနာလား ဆုံးဖြတ်ပေးမှာပါ။ သင့်ရဲ့ ခေါင်းကိုက်ခဲ့တဲ့ ရာဇဝင်တွေကိုလည်း ပြန်မေးပါလိမ့်မယ်။ တကယ်လို့ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းက မရှင်းမလင်းဖြစ်နေခဲ့မယ်ဆိုရင်တော့ ပုံရိပ်ဖော်နည်းပညာတွေဖြစ်တဲ့ CT scan သို့မဟုတ် MRI တို့လို စမ်းသပ်မှုတွေလုပ်ပြီး အခြား ကျန်းမာရေး ပြဿနာရှိမရှိ စစ်ဆေးပါလိမ့်မယ်။
Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
တိမ်မြှုပ်နေတဲ့ အဓိကရောဂါကို ကုသလိုက်တဲ့အခါမှာ မကြာမကြာခေါင်းကိုက်ခြင်းကို သက်သာစေပါလိမ့်မယ်။ အခြားသော ကျန်းမာရေးပြဿနာတွေမရှိဘူးဆိုရင်တော့ ကုသမှုဟာ နာကျင်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုသာ အဓိကထားပါတော့တယ်။
ကာကွယ်တဲ့ နည်းဗျူဟာတွေကလည်း သင့်ရဲ့ခေါင်းကိုက်ခြင်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဆိုလိုတာက သင့်ရဲ့ခေါင်းကိုက်ခြင်းဟာ ဆေးအသုံးလွန်ခြင်းကြောင့်ဖြစ်ရတာလားဆိုတာမျိုးပေါ် မူတည်လို့ပေါ့။ တကယ်လို့များ သင်က တစ်ပတ်မှာ ၃ရက်ထက်ပိုပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ခဲ့မယ်ဆိုရင် ပထမဆုံးအဆင့်ကတော့ ဒီဆေးတွေနဲ့ဝေးဝေးနေရမှာဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါလိမ့်မယ်။
Preventive therapy နဲ့ စတင်ကုသမှုခံယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဆရာဝန်က အောက်ပါတို့ကို ညွှန်ကြားပါလိမ့်မယ်။
Antidepressants. Tricyclic antidepressants ဥပမာ nortrityline (Pamelor) တွေကို နာတာရှည်ခေါင်းကိုက်ခြင်းအတွက် အသုံးပြုလို့ရပါတယ်။ ဒီဆေးတွေကတော့ စိတ်ကျရောဂါ၊ စိုးရိမ်သောကတွေနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး နာတာရှည်နေ့စဉ်ခေါင်းကိုက်ခြင်းကိုလည်း ရင်ဆိုင်ပေးနိုင်ပါလိမ့်မယ်။
အခြားသော antidepressants များ ဥပမာ selective serotonin reuptake inhibitor (SSRI) Fluoxetine (Prozac, Sarafem နှင့်အခြား) ဒါတွေကတော့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုတွေကို ကုသရာမှာ ကူညီနိုင်ပေမယ့် ခေါင်းကိုက်ခြင်းအတွက်တော့ Placebo လာက် ထိရောက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။
Beta blockers ။ ဒီဆေးတွေကိုတော့ သွေးတိုးအတွက် အသုံးပြုတာများပါတယ်။ episodic migranine တွေကို ကုသရာမှာလည်း အဓိကကျပါတယ်။ အချို့သော Beta blockers တွေမှာတော့ atenolol (Tenormin), metoprolol (Lopressor, Toprol- XL)နဲ့ Propranolol (Inderal, Innopran XL) စတာတွေ ပါဝင်ပါတယ်။
Anti-seizure medications။ ။ အချို့သောဆေးတွေကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်နိုင်ပြီး နာတာရှည် နေ့စဉ်ခေါင်းကိုက်နေတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီဆေးတွေထဲမှာတော့ OTopiramate (Topamax, Qudexy XRနဲ့ အခြားဆေးများ) divalproex sodium (Depakote) နဲ့ gabapentin (Neurotin, Gralise) စတာတွေ ပါဝင်ပါတယ။်
NSAIDs။ ။ စတီးရွိုက်မပါတဲ့ ဆရာဝန်ညွှန်းပေးနိုင်မယ့် အရောင်ကျဆေး ဥပမာ – naproxen sodium (Anaprox, Naprelan) တွေက ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အခြားအကိုက်အခဲပျောက်ဆေးတွေ မတိုးတော့တဲ့အချိန်ပေါ့။ ဒီဆေတွေကိုတော့ ခေါင်းကိုက်ခြင်း ပိုမိုပြင်းထန်လာတဲ့အချိန်မှာ သုံးနိုင်ပါတယ်။
Botulinum toxin ။ OnabotulinumtoxinA (Botox ) ထိုးခြင်းတွေဟာ အချို့သူတွေအတွက်တော့ နာကျင်မှုတွေ သက်သာစေနိုင်ပြီး နေ့စဉ်ဆေးပုံမှန်မသောက်နိုင်သူတွေအတွက်ပါ အဆင်ပြေတဲ့ နည်းလမ်းဖြစ်စေနိုင်ပါတယ်။
ကံမကောင်းတာကတော့ အချို့သော နာတာရှည်နေ့စဉ်ခေါင်းကိုက်ခြင်းတွေဟာ ဘယ်လိုဆေးမျိုးကိုမဆို ခံနိုင်ရည်ရှိနေတာပါပဲ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည်ခေါင်းကိုက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည်ခေါင်းကိုက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အပ်စိုက်ခြင်း။ ။ ဒီရှေးဟောင်းနည်းပညာမှာတော့ ဆံချည်မျှင်လောက်ရှိတဲ့ အပ်ကို သင့်အရေပြားပေါ်က သတ်မှတ်ထားတဲ့ အချို့နေရာတွေမှာ ထိုးလိုက်ပါတယ်။ ရလဒ်တွေကို ပေါင်းစည်းလိုက်တဲ့အချိန်မှာတော့ အပ်စိုက်ခြင်းဟာ နာတာရှည်ခေါင်းကိုက်ခြင်း အကြိမ်ရေနဲ့ ပြင်းထနန်မှုတွေကို လျှော့ချပေးတဲ့နေရာမှာ ကူညီပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။
Biofeedback။ ။ ခေါင်းကိုက်ခြင်းကို ပိုပြီးသတိထားတာမျိုး၊ အချို့သော ခန္ဓါကိုယ် တုံ့ပြန်မှုတွေကို ပြောင်းလဲလိုက်တာမျိုးနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ – တင်းအား၊ နှလုံးခုန်နှုန်းနဲ့ အရေပြားအပူချိန်။
နှိပ်ခြင်း။ ။ နှိပ်ခြင်းကတော့ စိတ်ဖိစီးမှုတွေကိုလျော့စေပြီး နာကျင်မှုတွေကို သက်သာစေကာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ခေါင်းကိုက်ခြင်းအတွက် ကုထုံးတစ်ခုလို့ မယူဆရသေးခင်မှာပဲ နှိပ်နယ်ခြင်းဟာ သင့်ခေါင်းနောက်ဘက်မှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေ၊ ဇက်တွေနဲ့ ပုခုံးကြောတွေကို ပြေလျော့စေပါတယ။်
တိုင်းရင်းဆေးပင်၊ ဗီတာမင်နဲ့ သတ္တုဓါတ်များ။ ။ တိုင်းရင်းဆေးပင်တွေဖြစ်တဲ့ feverfew နဲ့ butterbur တို့ဟာ မိုင်ဂရိန်း (ခေါင်းတစ်ခြမ်းကိုက်ခြင်း)ကို ကာကွယ်ပေးနိုင်ပြီး ပြင်းထန်မှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ Riboflavin (Vitamin B-2) ကို များများသုံးစွဲတာကလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။
Coenzyme Q10 ဖြည့်စွက်စာ အားဆေးတွေက အချို့သူတွေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်။ မဂ္ဂနီစီယမ်ဆာလ်ဖိတ်အားဆေး (သောက်ဆေး)တွေကလည်း အချို့သူတွေအတွက် ခေါင်းကိုက်တဲ့ အချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေ အားလုံးမှာတော့ သက်သေမပြရသေးပါဘူး။ ဒီကုသမှုတွေက သင့်အတွက် သင့်လျော်နိုင်မလားဆိုတာ ဆရာဝန်ကို မေးကြည့်ပါ။ တကယ်လို့များ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် feverfew/ butterbur နဲ့ riboflavin (Vitamin B-2) ကို မသုံးပါနဲ့။
Occipital အာရုံကြောတွင် လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း။ ။ ဘက်ထရီပါဝါနည်းနည်းသာပါတဲ့ electrode ကို occipital အာရုံကြောရှိတဲ့နေရာဖြစ်တဲ့ လည်ပင်းအောက်ခြေနားကို ခွဲစိတ်ပြီး ထည့်သွင်းလိုက်ပါတယ်။ ဒီပစ္စည်းဟာ နာကျင်မှုတွေ သက်သာသွားစေဖို့ အဆက်မပြတ် စွမ်းအင်အပိုင်းလေးတွေကို အာရုံကြောဆီ လွှတ်ပေးနေပါတယ်။ ဒီနည်းလမ်းကိုတော့ စမ်းသပ်ဆဲပါ။
ကုသမှုပြောင်းလဲမှုပဲဖြစ်ဖြစ်၊ စတင်မှာပဲဖြစ်ဖြစ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရလာနိုင်မယ့် ကောင်းကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။