Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ကဘာလဲ။

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်သောအချိန်တွင် သင်မကြာခင်ကဖြစ်ခဲ့သောအခြေအနေများကိုမမှတ်မိတော့ပေ။ ထို့ကြောင့် သင်ဘယ်ကလာသည် ဘာလို့ဒီကိုရောက်နေသည်မှာမသိတော့ပေ။ ထိုအပြင် အခုဒီနေရာတွင် ဘာတွေဖြစ်ပျက်နေသည်ကိုလဲမမှတ်မိတော့ပါ။ သင်မမှတ်မိသောကြောင့် ထပ်ခါထပ်ခါမေးခွန်းများကိေုမေးနေလိမ့်မည်။ တရက် တလ သို့မဟုတ် တစ်နှစ်ခန့်ကအဖြစ်များမေးပါက သင့်ခေါင်းထဲတွင် ဘာမှမရှိပဲဖြစ်နေလိမ့်မည်။

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်ချိန်တွင် သင်ဘယ်သူလဲ နှင့် သင်သိသာသူများကိုကောင်းစွာမှတ်မိလိမ့်မည်။ သို့သော် ထိုသို့ဖြစ်ခြင်းက သင့်မှတ်ဉာဏ်မမှတ်မိခြင်းကြောင့်ဖြစ်သောစိတ်အနှောက်အယှက်အားမသက်သာစေပါ။

ကံကောင်းစွာ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါသည် ရှားပါးသည်၊ အန္ဓါရယ်မရှိဟုယူဆနိုင်သကဲ့သို့ ပြန်လဲမဖြစ်တတ်သည်။ ခဏာတာသာဖြစ်တတ်ပြီးထို့နောက်ပြန်ကောင်းသည်။

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရုတ်တရက်မှတ်ဉာဏ်ပြောင်းဆုံးခြင်းမျက်မြင်မှ မှန်သည်ဟုစစ်ပြီးခြင်း

မှတ်ဉာဏ်ဆုံးရှုံးသော်လည်းမိမိကိုယ်ကိုယ်မှတ်မိခြင်း

အမှားအမှန်ဆုံးဖြတ်နိုင်ခြင်း ဥပမာ ရင်းနှီးသောအရာဝတ္ထုများလမ်းများအား မှတ်မိခြင်း

ဦးနှောက်တစ်စိတ်တစ်ပိုင်းထိခိုက်သည်ဟူသောလက္ခဏာမရှိခြင်း ဥပမာ ခြေလက်အကြောဆွဲခြင်း သူ့အလိုလိုလှုပ်ခြင်း သို့မဟုတ် အချို့စာလုံးများအားမမှတ်မိခြင်း

အခြားလက္ခဏာများ နှင့် ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဟု အတည်ပြုရန်မူတည်သောဖြစ်ပျက်ခဲ့မှုများ

အချိန် ၂၄နာရီ ထက်မများပဲ တိုခြင်း

တဖြည်းဖြည်းခြင်း မှတ်ဉာဏ်ပြန်ရလာခြင်း

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်သောအချိန်အတွင်းတက်ခြင်း မရှိ

တကိုယ်လုံး တက်ခဲ့ခြင်းမရှိ

ထိုရောဂါလက္ခဏာများနှင့်တကွ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါလက္ခဏာများတွင် ထပ်ခါထပ်ခါမေးခွန်းမေးခြင်း များေးသာအားဖြင့် တူညီသောမေးခွန်း ဥပမာ ငါဒီမှာဘာလုပ်နေတာလဲ ငါတို့ဘယ်လိုဒီကိုရောက်နေတာလဲ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပုံမှန် အသိရှိသောအခြေအနေမှ ယခုဖြစ်သွားသောအခြေအနေသို့ မရေရာဖြစ်လာပါက ချက်ချင်း ကုသမှုယူပါ။ မှတ်ဉာဏ်မေ့သောသူသည် အရေးပေါ်ကားခေါ်ရန်ထိ မျက်စိလည်နေပါက သင်မှတစ်ယောက်ယောက်ကိုခေါ်ပေးပါ။

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါသည် အန္ဓါရယ်မရှိသောလည်း အခြားမှတ်ဉာဏ်ပျောက်တတ်သောအသက်အန္ဓါရယ်ရှသောအခြေအနေများဖြင့်ခွဲရန်မလွယ်ကူတတ်ပေ။ အမှန်ဆိုလျင် ရုတ်တရပ်မှတ်ဉာဏ်ပျောက်ခြင်းသည် လေဖြတ်ခြင်း သို့မဟုတ် တက်ခြင်းဖြင့်ပိုတွဲနိုင်သည်။ ဆေးဝါးရှာဖွေမှုများပြုလုပ်ခြင်းဖြင့်ပါ ရုတ်တရက်မှတ်ဉာဏ်ပျောက်ခြင်းအကြောင်းရင်းကိုရှာနိုင်မည်။

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကိုထည့်သွင်းပါ)

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကိုသေချာမသိပါ။ ခေါင်းကိုက်ခြင်းနှိုင်သည်ဟုယူဆသော်လည်း နှစ်ခုလုံးဖြစ်စေသောအကြောင်းအားအတိအကျမသိပါ။

အချို့က ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်စေသောအကြောင်းကိုအောက်ပါအတိုင်းဆိုကြသည်။

ရုတ်တရက် ရေပူသို့မဟုတ်ရေအေးတွင်စိမ်ခြင်း

လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း

လိင်ဆက်ဆံမှုပြီးခြင်း

ဆေးဆိုင်ရာနည်းပညာများဥပမာ သွေးကြော ဓါတ်မှန် ရိုက်ခြင်းသို့မဟုတ် အစာအိမ်မှန်ပြောင်းကြည့်ခြင်း

သိပ်မပြင်းထန်သောခေါင်းထိခိုက်မှု

စိတ်ပင်ပန်းမှု ၊ သတင်းဆိုး ငြင်းခုန်မှု အလုပ်ဝန်ပိခြင်းတို့ကြောင့်စနိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်၊အသက်ငါးဆယ် သိုမဟုတ် အထက်တွင် ပိုဖြစ်တတ်သည်။

ခေါင်းကိုကမှဖြစ်ခဲ့ဘူးခြင်း။ ခေါင်းကိုက်ရောဂါဖြစ်ခဲ့ဘူးပါက မှတ်ဉာဏ်ကွယ်ရောဂါပိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဟုတ်မဟုတ် အတည်ပြုရန် မှတ်ဉာဏ်ကွယ်တတ်သောအခြားအရေးကြီးပြဿနာ(လေဖြတ်ခြင်း တတ်ခြင်း သို့မဟုတ် ခေါင်းဒဏ်ရာရခြင်း ) ဖယ်ရန်အရေးကြီးသည်။

စမ်းသက်ခြင်း

ဦးနှောက်အာရုံကြောစမ်းသက်ခြင်းမှစတင်မည်။ တုံပြန်မှုစမ်းခြင်း ကြွက်သားကျုံဆန့်နိုင်မှု ကြွက်သားသန်မာမှု အထိအတွေ့ခံစားမှု လမ်းလျောက်ဟန် ကိုယ်ဟန် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း နှင့် ညီမျှမှုတို့ကိုစမ်းသပ်မည်။ ထို့အပြင် တွေးခေါ်ခြင်း ဆုံးဖြတ်မှု မှတ်ဉာဏ်ဆိုင်ရာမေးခွန်းများအားလည်းမေးလိမ့်မည်။

ဦးနှောက်နှင့် ပုံရိပ်ဖော်မှုများဖြင့်စမ်းသက်ခြင်

နောက်တစ်ဆင့်သည် ဦးနှောက်၏လှုံဆော်မှုစွမ်းရည်နှင့် သွေးလည်ပတ်မှုကိုလေ့လာရန်ဖြစ်သည်။ လုပ်လေ့ရှိသောစမ်းသက်မှုများမှာ နာကျင်မှုမရှိပဲ နှစ်နာရီအောက်သာကြာတတ်သည်။

သံဓါတ်ပဲ့တင်မှုဖြင့်ပုံရိပ်ဖမ်းခြင်း(မန်အာအိုင်) သံဓါတ်စက်ကွင်းအားဖန်ပြီးလိုက်ပြီး ရေဒီယိုလှိုင်းများဖြင့် ဦးနှောက်၏ကန့်လန့်ပုံအားပုံရယူသည်။ သရီးဒီ ပုံများလဲထုတ်ပေးသောကြောင့် ရူ့ထောင့်အမျိုးမျိုးမှမြင်နိုင်သည်။

ဦးနှောက်၏လျပ်စစ်စွမ်းရည်ပြဂပ်။ ဦးနှောက်ရှိ လျပ်စစ်စွမ်းရည်များကို ဦးခေါင်းတွင်တွယ်ထားသော လျှပ်ခေါင်းမှဖမ်းယူပေးသည်။ အတက်လွန်ခြင်းရောဂါရှိသူတွငလက်ရှိတတ်မနေသော်လည်း ဦးနှောက်လှိုင်းများပြောင်းလဲနေတတ်သည်။

ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း။ အထူးပြုလုပ်ထားသော ဓါတ်မှန်ဖြစ်ပြီး ဆရာဝန်မှ ထောင့်ပေါင်းစုံမှ ဓါတ်ပုံများရယူပြီး ပေါင်းဆက်ကာ ဦးနှောက်နှင့် ဦးခေါင်းရိုးကန့်လန့်ပုံများကိုရနိုင်သည်။ဦးနှောက်ပုံစံ (ကျဉ်း ကျယ်ခြင်း သို့မဟုတ် သွေးကြောများပျက်စီးနေခြင်းသို့မဟုတ် အရင်ကလေဖြတ်ဘူးခြင်း)တို့အားမြင်နိုင်သည်။

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသရန်နည်းလမ်းမရှိသေးပါ။ သူဟာသူသက်သာသွားတတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ခဏတာမှတ်ဉာဏ်ကွယ်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ဖြစ်စေသောအကြောင်းအရင်းကိုမသိသောကြောင့် နှင့် ပြန်မဖြစ်တတ်သောကြောင့် ကာကွယ်ရန်တိကျသောနည်းလမ်းမရှိပါ။ အကယ်၍ ခဏတာမှတ်ဉာဏ်ကွယ်ခြင်းသည် အကြောင်းအရာတစ်ခလုပ်ပြီးမှဖြစ်ပါက (ဥပမာ အလုပ်ပြင်းပြင်းထန်ထန်လုပ်ခြင်း သို့မဟုတ် အေးနေသောအန်အတွင်းရေကူးခြင်းများ)ဆရာဝန်နှင့် ရှောင်သင့်သည်သို့မဟုတ် ကန့်သတ်သင့်သည်အားတိုင်ပင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Kaung Thar မှ ရေးသားသည်။ 22/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။