backup og meta

လူလတ်ပိုင်းအရွယ်တွင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် လေဖြတ်နိုင်ခြေကို မြင့်စေခြင်း

လူလတ်ပိုင်းအရွယ်တွင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် လေဖြတ်နိုင်ခြေကို မြင့်စေခြင်း

လေဖြတ်ခြင်းအကြောင်းဂျာနယ်ရဲ့ အဆိုအရ တရက်ကို အရက်၂ခွက်ထက် ပိုသောက်သူများဟာ တဝက်လောက်ပဲ သောက်သူများထက် လေဖြတ်နိုင်ခြေ ၃၄% မြင့်တက်တယ်လို့ သိရပါတယ်။

သက်လတ်ပိုင်း ဆွီဒင်လူမျိုး ၁၁၆၄၄ ဦးအပေါ် ၄၃ နှစ်အကြာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သုတေသီတွေဟာ တရက်ကို ၂ခွက်ထက်ပိုသောက်ခြင်း (အသောက်များခြင်း)နဲ့ တဝက်အောက်လျော့သောက်ခြင်း (အသောက်နည်းခြင်း) တို့ရဲ့ သက်ရောက်ပုံတွေကို လေ့လာနိုင်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရအသောက်များသူများဟာ နည်းသူများထက် လေဖြတ်နိုင်ခြေ ၃၄% ပိုများပါတယ်။

သက်လတ်ပိုင်း (၅၀ – ၆၀) အသောက်များသူများဟာ မျိုးရိုးနဲ့အသက်အရွယ်အရ ခန့်မှန်းထားခြင်းထက် ၅နှစ်ပိုစောပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ အသောက်များသူများဟာ သက်လတ်ပိုင်းမှာ တခြား ဖြစ်နိုင်ခြေအကြောင်းအရာတွေဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုလိုပဲ လေဖြတ်နိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။

အသက် ၇၅ နှစ်ဝန်းကျင်မှာတော့ သွေးတိုးနဲ့ဆီးချိုဟာ လေဖြတ်နိုင်စရာရှိတဲ့ တခုတည်းသောလွှမ်းမိုးတဲ့အရာဖြစ်သွားပါတယ်။

ဒါ့အပြင် အရက်နဲ့ လေဖြတ်ခြင်းကို ဆက်စပ်လေ့လာတဲ့ တခြားသုတေသနတွေ ရှိပါသေးတယ်။ သုတေသီတွေ တွေ့ရှိချက်အရ အသက် ၅၀-၆၀ အရွယ်မှာ အသောက်များသူတွေဟာ အသောက်နည်းသူတွေ၊ လုံးဝမသောက်နိုင်သူတွေထက်စောပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ တခြားလေ့လာချက်တခုအရ နေ့စဉ် ၂ခွက်ထက် ပိုသောက်သူများဟာ လေဖြတ်ခြင်းကို ၅နှစ်စောပြီး ကြုံနိုင်ပါတယ်။ အရက်အလွန်သောက်ခြင်းရဲ့ လေဖြတ်နိုင်ခြေမြင့်မားမှုဟာ သွေးတိုးနဲ့ ဆီးချိုတို့နဲ့ပါ ပေါင်းစပ်သွားရင် လေဖြတ်နိုင်ဖို့ ပိုပြီးသေချာသွားစေပါတယ်။

ဒီလေ့လာမှုမှာ သက်လတ်ပိုင်းအရွယ် ဆွီဒင်လူမျိုး အမြွှာ ၁၁၆၄၄ ဦးကို လေဖြတ်နိုင်ခြေနဲ့ ပတ်သက်လို့ မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံတွေက ဘယ်လိုသက်ရောက်တယ်ဆိုတာ စစ်ဆေးခြင်း ပါဝင်ပါတယ်။

သုတေသီတွေဟာ ကျား/မ တူညီတဲ့ ဆွီဒင်လူမျိုး အမြွှာများကို ၁၉၆၇ မှ ၁၉၇၀ အတွင်း မေးခွန်းများ မေးမြန်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဆေးရုံမှတ်တမ်း၊ သေစာရင်းစတဲ့ ၄၃နှစ်စာ ပြန်လည်ပြသထားတဲ့ မှတ်တမ်းတွေ ရယူပါတယ်။

ပါဝင်ဖြေဆိုသူတွေရဲ့ ၃၀%ဟာ လေဖြတ်ဖူးကြပါတယ်။ ဖြေဆိုမှုတွေအရ သူတို့ကို အသောက်နည်း၊ အသင့်အတင့်၊ အသောက်များ၊ မသောက်သူ စသဖြင့် အုပ်စုများခွဲပြီး အရက်ကြောင့်ဖြစ်နိုင်ခြေနဲ့ တခြားလေဖြတ်နိုင်ခြေ အခြေအနေတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

သုတေသီတွေဟာ အသောက်များသူတွေအနေနဲ့ အသက် ၅၀ကျော်လောက်ကစပြီး အရက်ရဲ့ဆိုးကျိုးတွေ စကြုံရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် အသောက်နည်းသူတွေ၊ မသောက်တတ်သူတွေဟာ အသက်အရွယ်နဲ့အတူ တဖြည်းဖြည်းချင်းပဲ မြင့်တက်လာပါတယ်။

ဆင်တူအမြွှာတွေအကြား လေဖြတ်ဖူးသူဟာ မဖြတ်သူထက် ပိုပြီးသောက်တာကို တွေ့ရပါတယ်။ ဒီအချက်ဟာ သက်လတ်ပိုင်းရွယ်မှာ အရက်သောက်ခြင်းကြောင့် မျိုးရိုးဗီဇ၊ အစောပိုင်းနေထိုင်မှုပုံစံတွေနဲ့ မဆိုင်တော့ဘဲလေဖြတ်ခြင်းကို မြင့်တက်စေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် သက်လတ်ပိုင်း (၅၀ – ၆၀) အသောက်များသူ များဟာ မျိုးရိုးနဲ့အသက်အရွယ်အရ ခန့်မှန်းထားခြင်းထက်၅နှစ်ပိုစောပြီး

လေဖြတ်နိုင်ခြေ ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

အမေရိကန်နှလုံးအဖွဲ့အစည်းကြီးရဲ့ အဆိုအရ သက်လတ်ပိုင်းမှာ အရက်ကို တနေ့၂ခွက်ထက် ပိုသောက်သုံးရင် သွေးတိုး ဆီးချိုစတဲ့ အရာတွေထက်ပိုပြီး လေဖြတ်နိုင်ခြေကို ပိုမြင့်မားစေတယ်လို့ သိရပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Too Much Alcohol at Midlife Raises Stroke Risk, Study Finds. https://consumer.healthday.com/senior-citizen-information-31/misc- aging-news- 10/too-much- alcohol-at- midlife-raises- stroke-risk- study-finds- 695963.html.Accessed September 10th, 2016.

Too Much Alcohol at Midlife Raises Stroke Risk. http://www.webmd.com/stroke/news/20150129/too-much-alcohol-at- midlife-raises- stroke-risk- study-finds. Accessed September 10th, 2016.

Heavy drinking in middle-age may increase stroke risk more than traditional factors.
http://www.eurekalert.org/pub_releases/2015-01/aha- hdi012615.php. Accessed September 10th, 2016.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း ဘာသိထားဖို့လိုလဲ

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement