ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာ သတိထားမိမှာပါ။ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကို ငါးနဲ့ ရေညှိလို အပင်တွေကနေ ရရှိနိုင်တာဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်တည်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးပါလှပါတယ်။