backup og meta

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာများလား။ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း ဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ၊ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ်။

ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ

ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦးနဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ်။

ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကတော့ အများကြီးပါပဲ။

  • မှိုတွေ ပေါက်ဖွားတာ
  • အပင်တွေက ဝတ်မှုန်တွေ ထုတ်လွှတ်တာ
  • ဝတ်မှုန်ကူးတာ
  • မြက်ပင်တွေ စတာတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။

ဓာတ်မတည့်မှု ဖြစ်ရင် ဘယ်လိုတွေ ထိခိုက်နိုင်သလဲ

ဓာတ်မတည့်မှု ဖြစ်ရင်

  • နှာစေးတာ
  • ချောင်းဆိုးတာ
  • မျက်ရည်ယိုတာ
  • လည်ချောင်းယားယံတာ
  • ကောင်းကောင်း အိပ်မပျော်တာ
  • နေ့စဉ် လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်တာ
  • စွမ်းဆောင်ရည် ကျဆင်းတာ
  • ရေရှည်မှာ ထိပ်ကပ်နာရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက ၄ ရက် တစ်ပတ်ကျော် ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ က ဘာတွေများဖြစ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို ရှောင်ပါ

အိမ်ထဲမှာ တတ်နိုင်သမျှ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေ မရှိနေအောင် ဂရုစိုက်ပါ။ ပြင်ပက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ ဝတ်မှုန်တွေ အိမ်ထဲရောက်မလာအောင် ပြတင်းပေါက်တွေကို ပိတ်ထားပါ။ လေထုထဲမှာ ဝတ်မှုန်တွေ အရမ်းများတဲ့ မနက်ခင်းအချိန်တွေမှာ အိမ်ထဲမှာပဲ နေပါ။ အပြင်က ပြန်လာတိုင်း အဝတ်အစားတွေကို ဖိနပ်တွေကို သန့်ရှင်းရေး လုပ်ပေးပါ။

အိမ်ခန်းကိုလည်း ပုံမှန် ဖုန်သုတ်တာ သန့်ရှင်းရေး လုပ်တာမျိုး လုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ရေချိုးတာမျိုး လုပ်ပေးပါ။ ဆံပင်တွေမှာ ရှိနေနိုင်တဲ့ ဝတ်မှုန်တွေကိုလည်း ဖယ်ရှားဖို့ မမေ့ပါနဲ့။

  • အဲကွန်းကို သန့်ရှင်းရေး လုပ်ပါ

အဲကွန်းထဲက ဇကာတွေကို သေချာလေး ပုံမှန် သန့်ရှင်းပေးပါ။ ဒီလို သန့်ရှင်းပေးတာက ဓာတ်မတည့်မှုကို ကာကွယ်ရာ ရောက်ပါတယ်။ နောက်ပြီး လေစစ်ဇကာတွေကို အနည်းဆုံး ၃ လ တစ်ကြိမ် လဲလှယ်ပေးပါ။ ဒါကြောင့် အဲကွန်းကို ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးပါ။

  • လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း လုပ်ပေးတာက ရာသီအကူးအပြောင်းကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်လေး လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
  • အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ

လေထုထဲမှာ ပြည့်နှက်နေတဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အိမ်ပြင်ကို ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာလေး တပ်ဆင်ပေးပါ။ အိမ်ပြန်ရောက်ရင်တော့ မတ်ခ်ကို ချွတ်ပြီး သေချာလေး စွန့်ပစ်ပါ။

ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်ဖြစ်တာ သက်သာစေဖို့



ဓာတ်မတည့်မှုဖြစ်တာက အရမ်းပြင်းထန်လာပြီဆိုရင်တော့ ဓာတ်မတည့်မှု သက်သာစေနိုင်တဲ့ဆေးတွေကို သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Common Seasonal Allergy Triggers https://acaai.org/allergies/allergic-conditions/seasonal-allergies/ Accessed Date 21 December 2022

9 Best Ways To Fight Seasonal Allergies https://www.prevention.com/health/a20445405/9-best-ways-to-fight-seasonal-allergies/ Accessed Date 21 December 2022

The Real Reason Allergies Can Make You Feel So Tired, According to Doctors https://www.prevention.com/health/a35797657/can-allergies-make-you-tired/ Accessed Date 21 December 2022

Home Remedies for Allergies That Really Work, According to Experts https://www.prevention.com/health/a36422119/home-remedies-for-allergies/ Accessed Date 21 December 2022

How to Treat and Prevent Spring Allergies https://www.verywellhealth.com/spring-allergies-and-asthma-200557 Accessed Date 21 December 2022

ယခုပုံစံ

18/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြား ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 18/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement