ဓာတ်မတည့် မှုကြောင့် အသက်ဆုံးရှုံးရနိုင်တဲ့လက္ခဏာ သတိထားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတ်မတည့် မှုအခြေအနေက အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာ ဥပမာ- မြေပဲပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက် ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။

စစချင်း တုံ့ပြန်မှုက လက္ခဏာ သိပ်မဆိုးရင်တောင် နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဓာတ်မတည့်မှုလက္ခဏာတွေ ပြင်းထန်လာရင် အရေးပေါ်ဌာနကို ချက်ခြင်း သွားသင့်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ရှူရပ် ၊ နှလုံးရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့် ခြင်းက သိပ်အဖြစ်များသလို အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်မှ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်ဓာတ်မတည့်မှုကို နားလည်ထားပြီး ဖြစ်စေနိုင်တဲ့ အရာတွေကို သိထားမှ ကိုယ့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။

အဖြစ်များတဲ့ လက္ခဏာတွေ ကတော့-

  • အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နီရဲလာခြင်း သို့ ဖြူဖျော့သွားခြင်း ကဲ့သို့ အရေပြားတွင်ဖြစ်သော တုံ့ပြန်မှုများ။
  • မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ လည်ချောင်း ရောင်ရမ်းခြင်း
  • အသက်ရှူလမ်းကြောင်းပိတ်စေပြီး အသက်ရှူရခက်ခြင်း
  • သွေးခုန်နှုန်းအားနည်းပြီး လျင်မြန်ခြင်း
  • အော့အန်ခြင်း၊ ပျို့ခြင်း၊ ဝမ်းလျှောခြင်း
  • မူးခြင်း၊ လဲခြင်း၊ မေ့ခြင်း

ဒါတွေ အပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။

ဓာတ်မတည့်မှု ဘာကြောင့် ဖြစ်တာလဲ

ပဋိပစ္စည်းဆိုတာ ခန္ဓာကိုယ်ကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့ အကာအကွယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေရဲ့ ကိုယ်ခံအားစနစ်က အရာတချို့ကို လိုတာထက် ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ရာကနေ ဓာတ်မတည့် မှုတွေ ဖြစ်လာပါတယ်(ဥပမာ -မြေပဲ ဓာတ်မတည့်ခြင်း၊ ပျားတုပ်ခံရခြင်း)။ ပုံမှန်အားဖြင့်တော့ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ် မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ရှိတဲ့လူတွေ ကတော့ anaphylaxis ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း တွေဖြစ်သွားနိုင်ပါတယ်။ ဒီလို အချိန် သင့်ခန္ဓာကိုယ်မှာ ရှော့ခ် ရခြင်း၊ သွေးပေါင် ရုတ်တရတ် ကျခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်စေပါလိမ့်မယ်။

ပြင်းထန်ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေထဲမှာ –

  • ပန်နဆလင် အပါအဝင် ဆေးဝါးတချို့
  • အစားအစာများ၊ မြေပဲ၊ အစေ့အဆန်များ၊ ဂျုံ(ကလေးများတွင်)၊ ငါး၊ အခွံမာငါး၊ နို့၊ ကြက်ဥ
  • ပျား၊ နကျယ်ကောင်၊ ပါးဆုပ်ပနီကောင် ကဲ့သို့ အင်းဆက်တွေရဲ့ အဆိပ်ဆူးများ
  • အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ကဲ့သို့ သောက်ဆေးများ

တခြား အဖြစ်နည်းတဲ့ အကြောင်းတွေ ကတော့-

  • သစ်စေး
  • မေ့ဆေးအတွက် သုံးသော ဆေးများ
  • လေ့ကျင့်ခန်း လုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓာတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ လူတချို့မှာ ဖွဖွပြေးခြင်းလိုမျိုး အေရိုးဗစ် လေ့ကျင့်ခန်း တွေက ပြင်းထန်ဓာတ်မတည့်မှုမျိုး ဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့ လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့မဟုတ် ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသော ရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေ ကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်လဲ ဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချက်တွေကြောင့် ဓာတ်မတည့်ခြင်း ပိုဖြစ်ရသလဲ

  • အရင်က ဖြစ်ဖူးခြင်း
  • ပန်နီဆလင် ကဲ့သို့ တချို့သောဆေးများ
  • မိသားစုဝင် တစ်ယောက်ယောက်က လေ့ကျင့်ခန်းကြောင့် ဓာတ်မတည့်မှု ဖြစ်ဖူးပါက တခြားလူတွေထက် ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။

ဓာတ်မတည့် ခြင်းများ ရင်ကြပ်ခြင်းတွေ ရှိရင်လည်း ပြင်းထန်ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။

ဘာတွေ သတိထားသင့်လဲ

  • ကိုယ့်ကို ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
  • မိသားစုနဲ့ သူငယ်ချင်းများကို ပြောပြပါ။ မိသားစုတွေ၊ သူငယ်ချင်းတွေက သင့်အခြေအနေ၊ ဘာနဲ့ မတည့်သလဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ ဆိုတာကို သိထားသင့်ပါတယ်။
  • တချို့ဆေးဝါးများ၊ အရာများကို ဓာတ်မတည့်တာ ရှိတယ်ဆိုရင် သတိထားပြီး ရှောင်ပါ။
  • လိုအပ်တဲ့ ဆေးများ ပါသော အရေးပေါ်ဆေးအိတ် ဆောင်ထားပါ။
  • လက္ခဏာ ပိုဆိုးလာတယ် ဆိုရင် အမြန်ဆုံး ဆေးခန်းပြပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ လျော့နည်းအောင်

ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ၊ နှာခေါင်းကလော်လိုက်တာနဲ့ သွေးတွေပါလာတာဖြစ်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရင် ကာကွယ်နိုင်မှာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်သလဲ။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေး ထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရတယ်ဆိုရင် နောက်တစ်ကြိမ်ထိုးသင့်ရဲ့လား။ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

အပ်ကြောက် တဲ့သူတွေ ကာကွယ်ဆေးထိုးမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ကာကွယ်ဆေးလည်း ထိုးချင်တယ်၊ အပ်လည်းကြောက်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

nose-and-eye-allergy နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read