မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။

( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။

ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။

( ၂ ) ကိုယ်ဝန် မလိုချင်ဘူးဆိုရင် ဘယ်လိုနည်းတွေနဲ့ တားရမလဲ

( ၃ ) ကိုယ်ဝန်လိုချင်တယ်ဆိုရင်ရော ဘာတွေကို လိုက်နာသင့်သလဲ။

  • ကိုယ်အလေးချိန် ကို အတတ်နိုင်ဆုံး ထိန်းထားပါ။
  • ဆေးလိပ်တွေ အရက်တွေ ရှောင်ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားပါ။
  • သားဥ ကြွေချိန်ကိုလည်း ခန်းမှန်းတတ်ပါစေ။

( ၄ ) ကိုယ်ဝန်ရဖို့အတွက် ဘယ်အချိန်မှ ဆရာဝန်ဆီ သွားဖို့လိုအပ်လဲ။

ဒါကတော့စုံတွဲတွေရဲ့ လက်ရှိအသက်ပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် အမျိုးူသမီးတွေပေါ့။

  • အသက် ၃၅ နှစ်နဲ့ အထက်ဆိုရင် ကလေးယူဖို့ ကြိုးစားနေတာ ၆ လရှိပြီ ကိုယ်ဝန် မရသေးတဲ့ အခါမျိုးမှာ ဆရာဝန်နဲ့ သွားပြသင့်ပြီး
  • အသက် ၃၅ နှစ်အောက် စုံတွဲတွေ ကလေးယူဖို့ တစ်နှစ်လောက်ကြိုးနေပေမယ့် မအောင်မြင်တဲ့အခါမျိုးမှာ ဆရာဝန်နဲ့ သွားပြီး ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်မယူဘူးလို့ဆုံးဖြတ်ထားတဲ့တိုင်အောင် အခြား မီးယပ် ရောဂါနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ အဖြစ်အောင် တစ်နှစ်တစ်ခါလောက်တော့ဆေးသွားစစ်သင့်ပါတယ်။

( ၅ ) ကလေးယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေ ကြိုသောက်ထားသင့်လား။

ကလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်ပေးတာ ကောင်းတယ်ပါတယ်။ အရေးအကြီးဆုံးကတော့ Folic acid ( ဖောလစ်အက်ဆစ် ) ၄၀၀ မိုက်ခရိုဂရမ်လောက်ပေါ့။ ဒါပေမယ့် ဘာဆေးမှ မသောက်ခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖြစ်ဖို့လည် းအရေးကြီးပါသေးတယ်။

( ၆ ) ကိုယ်ဝန်တားတဲ့နည်းကိုရော ဘယ်လိုစဉ်းစားရမလဲ။

လုံးဝ ကိုယ်ဝန်မယူဘူးလို့ ဆုံးဖြတ်ထားရင်တော့ ရေရှည်ကိုယ်ဝန်တားနိုင်မယ့် နည်းလမ်းတွေပို ပိုဦးစားပေးသင့်ပြီး

နောက်ပိုင်းကျ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်တော့ တားဆေး ထိုးဆေးသောက်ဆေးသောက်ပေးတာမျိုး ၊ သန္ဓေတားထားတာကို ရပ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ယူလို့ ရမယ့် သန္ဓေတားနည်းကိ ုဦးစားပေး ရွေးချယ်သင့်ပါတယ်။

ဒါတွေကတော့ ကိုယ်အိမ်ထောင်ပြုတော့မယ်လို့ဆုံဖြတ်လိုက်တာနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေပါ။ ဒီအချက်တွေကိုလည် းစဉ်းစား ဆရာဝန်တွေ ကိုယ့်လက်တွေဖော်တွေနဲ့လည်း တိုင်ပင်ပေါ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာ ကွမ်းသီး ကျန်းမာရေး ကျန်းမာရေးဆိုးကျိုး ကျန်းမာရေးအကျိုးကျေးဇူး လေဖြတ် ကြွက်သား ခံတွင်း သွားချေး သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးများ နို့အန် တဲ့အခါ

နို့အန် Posseting နို့တိုက် Vomiting အာဟာရ နို့စို့နိုင် ကိုယ်အလေးချိန် လေတက် GERD လေထုတ် လမစေ့ ပေါင်မပြည့် cerebral palsy

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင် ရင်သွေး အကျိုးကျေးဇူး မိခင်နို့ရည် ရာသီစက်ဝန်း nipple shield ကိုယ်အလေးချိန် နို့ဘူး ရင်သား နို့ရည် နို့ထွက်အောင် ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

ဆေးလိပ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ စီးကရက် ကိုယ်ဝန်ဆောင် အလုပ်ခွင် အများပိုင်နေရာ မွေးကင်းစ ချောင်းဆိုး ကလေးငယ်တွေ ကင်ဆာရောဂါ ဆေးလိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020