မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
Share now

မျက်လုံးက ယားလို့ ပွတ်ရင်းက မျက်သားတွေ နီရဲလာပြီး မျက်ရည်တွေပါ ကျတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ မျက်လုံးက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် မျက်လုံး ဓာတ်မတည့်မှု ဖြစ်ရတာပါ။

မျက်လုံး ဓာတ်မတည့်မှု ဘာကြောင့်ဖြစ်

မျက်လုံး ဓာတ်မတည့်ခြင်း ဖြစ်ရတာက ကိုယ်ခံအားစနစ်က ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာပေါ်မှာ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ရတာပါ။ ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေထဲမှာ မြက်ပင်တွေ၊ သစ်ပင်တွေ၊ ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ စတာတွေလည်း ပါဝင်နေပါတယ်။

ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံးက ဓာတ်မတည့်မှုကို ခုခံကာကွယ်ဖို့ histamines နဲ့ အခြား ဓာတုပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီလိုခုခံမှုကြောင့် မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ၊ မျက်သား ယားယံတာ၊ မျက်သား နီမြန်းတာမျက်ရည် ထွက်တာတွေ ဖြစ်လာရတာပါ။

မျက်လုံး ဓာတ်မတည့်မှု အမျိုးအစားများ

မျက်လုံးဓာတ်မတည့်မှု အမျိုးအစားကို အကြမ်းဖျင်း ၂ မျိုး ခွဲထားပါတယ်။ ဒါကတော့

  • ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု (SAC) နဲ့
  • ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ၊ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု (PAC) ဆိုပြီးတော့ပါ။

ဒီဓာတ်မတည့်မှုတွေက မျက်လုံးကို ကသိကအောင့် ဖြစ်စေပေမယ့် များသောအားဖြင့်ကတော့ မျက်လုံးကို ထိခိုက်စေတာမျိုး မရှိပါဘူး။

မျက်လုံး ဓာတ်မတည့်ခြင်း လက္ခဏာတွေက

မျက်လုံး ဓာတ်မတည့်ခြင်းကို ခံစားရပြီဆိုရင်

မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး 

မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံးက အပေါ်က ပြောခဲ့သလို လက္ခဏာတွေ ခံစားရပြီဆိုရင် မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ဒီနည်းလေးတွေ လုပ်​ကြည့်လို့ ရပါတယ်။

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ကလည်း မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ မျက်လုံး ထဲက ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာကို ဖယ်ရှားပေးပြီး မျက်လုံးကို သန့်စင်စေနိုင်ပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ ရေနွေးနွေးထဲကို ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ် ဇွန်းစာ နဲ့ ပျားရည် နည်းနည်းတို့ကို ရေစပ်ပြီး သောက်သုံးပေးလို့ ရပါတယ်။

ရေအေးဝတ် ကပ်ပါ။

မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ အလွယ်ကူဆုံး နည်းလမ်း တစ်ရပ် အနေနဲ့ မျက်လုံးကို ရေအေးဝတ် ကပ်ပေးလို့ ရပါတယ်။ တဘက်စ သန့်သန့်ကို ရေအေးအေးထဲမှာစိမ် ညှစ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးတာပါ။ ရေအေးအေးနဲ့ ဆေးကြောပေးတာမျိုးလည်း ရပါတယ်။

ဒီလို လုပ်ဆောင်ပေးတာက မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ သက်သာတဲ့အထိ ခဏခဏ လုပ်ပေးလို့ ရပါတယ်။

ပျားရည်

ပျားရည်က မျက်လုံးဓာတ်မတည့်မှုကို သက်သာစေနိုင်သလို အခြားသော ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးဓာတ်မတည့်မှု ခံစားရတဲ့အခါ ပျားရည်ကို ရေနဲ့ ရောစပ်ပြီး ဖြစ်ဖြစ် ဒါမှမဟုတ် ပျားရည်ကိုပဲ ဖြစ်ဖြစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် စားပေးပါ။

ပျားရည်နဲ့ မတည့်ဘူးဆိုရင်တော့ ဒီနည်းလမ်းကို မလုပ်ကြည့်ဖို့ ပြောပါရစေ။ ပျားရည် စစ်စစ် ဖြစ်ဖို့တော့ လိုပါမယ်။

လေ့ကျင့်ခန်း လုပ်ပါ

မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက လေ့ကျင့်ခန်း လုပ်တာပါ။ လေ့လာမှုတွေအရ မိနစ် ၃၀ လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။

လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပြီး ဓာတ်မတည့်မှု လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက လေ့ကျင့်ခန်း လုပ်တဲ့အခါ အိမ်တွင်းမှာပဲ လုပ်ဖို့ပါ။

အကျိုးပြု ဘက်တီးရီးယား (PROBIOTICS)

တစ်ခါတလေမှာ ဓာတ်မတည့်မှုတွေ ဖြစ်ရတာက ကိုယ်ခံအားစနစ် ဟန်ချက်ပျက်နေတာကြောင့်ပါ။ ဒီအနေအထားက ပြင်ပနေ ထိတွေ့မိနိုင်တဲ့ ဝတ်မှုန်၊ ဖုန်မှုန့်။ တိရစ္ဆာန်အမွေး၊ အညစ်အကြေးတွေ၊ မြက်ပင်တွေနဲ့ ထိတွေ့မှုကို ပြင်းထန်စွာ တုံ့ပြန်စေပါတယ်။

ဒီအနေအထားကို အကောင်းဆုံး ကိုယ်တွယ် ဖြေရှင်းပေးမယ့် အရာကတော့ အစာခြေစနစ်ထဲကမှာ ရှိတဲ့ သက်ရှိလေးတွေ ဖြစ်ကြတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ။ ဒါကြောင့် အကျိုးပြု ဘက်တီးရီးယား ရရှိစေနိုင်မယ့် ဒိန်ချဉ်၊ ကင်မ်ချီ စတာတွေကို စားသုံးပေးပါ။

အာပူရွက်

အာပူရွက်က ဓာတ်မတည့်မှု​ကြောင့် ခံစားရတဲ့ ယားယံမှု နဲ့ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ histamine ထုတ်လုပ်မှုကို ဟန့်တားပေးပါတယ်။ ဒါ​ကြောင့် မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ အာပူရွက် နည်းနည်းကို ပူဒီနံ နည်းနည်း၊ ပျားရည်နည်းနည်းနဲ့ ရောစပ်ပြီး ရေနွေးကြမ်း အဖြစ် သောက်သုံးပေးလို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ .....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read