မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး
မျက်လုံးက ယားလို့ ပွတ်ရင်းက မျက်သားတွေ နီရဲလာပြီး မျက်ရည်တွေပါ ကျတဲ့အထိ ဖြစ်လာပြီလား။ ဒါဆိုရင်တော့ မျက်လုံးက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် မျက်လုံး ဓာတ်မတည့်မှု ဖြစ်ရတာပါ။ မျက်လုံး ဓာတ်မတည့်မှု ဘာကြောင့်ဖြစ် မျက်လုံး ဓာတ်မတည့်ခြင်း ဖြစ်ရတာက ကိုယ်ခံအားစနစ်က ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာပေါ်မှာ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ရတာပါ။ ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေထဲမှာ မြက်ပင်တွေ၊ သစ်ပင်တွေ၊ ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ စတာတွေလည်း ပါဝင်နေပါတယ်။ ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံးက ဓာတ်မတည့်မှုကို ခုခံကာကွယ်ဖို့ histamines နဲ့ အခြား ဓာတုပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီလိုခုခံမှုကြောင့် မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ၊ […]