backup og meta

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ

    အရေပြားပြဿနာတွေကတော့ တော်တော်လေး များပါတယ်။ ဒီလို များပြားလှတဲ့ အရေပြား ပြဿနာတွေထဲကမှ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ခံစားနေရတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလို ပြောရတာက ဒီဆောင်းပါးလေးထဲမှာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစား သင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားမှာ မို့လို့ပဲ ဖြစ်ပါတယ်။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။

    ဒီအရေပြားပြဿနာက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အနေအထိုင်၊ အစားအသောက် တစ်ခုခု မှားယွင်းတာနဲ့ အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။

    ဘယ်လို လက္ခဏာတွေရှိလဲ။

    မြင်သာတဲ့ လက္ခဏာ အနေနဲ့

  • အရေပြားမှာ နီမြန်းတာ၊
  • အရေပြားတွေ ထူလာတာ
  • ယားယံတာ
  • နာကျင်တာ
  • စပ်ဖျဉ်းဖျဉ်းဖြစ်တာ
  • အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။
  • ဒီအရေပြားပြဿနာက လက်မောင်း အပြင်ဘက်ခြမ်း၊ ဒူး၊ လက်ဖဝါး၊ ခြေဖဝါးစတာတွေမှာ ဖြစ်နိုင်သလို ဦးရေပြားနဲ့ လက်သည်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ နဲ့ အစားအသောက်တွေကြား ဆက်စပ်မှု ရှိသလား

    ဆိုရီရေးစစ်ဆိုတာက အပေါ်မှာ ပြောခဲ့ဖူးသလို နာတာရှည် autoimmune ရောဂါ တစ်မျိုးပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တစ်ရှူးတွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။

    အရင်ဆုံးအနေနဲ့ ဆိုရီရေးစစ် ဖြစ်ပြီဆိုရင် အရေပြားဆဲလ်တွေ အလွန်အကျွံ ထုတ်ပါတော့တယ်။ ဒီလိုနဲ့ အရေပြားပေါ်မှာ အဖေးတွေ တက်လာပါတော့တယ်။ ဒီလို အဖေးတွေက နီမြန်းပြီး အကွက်လိုက်ဖြစ်တတ်သလို ယားယံပြီး နာကျင်နိုင်ပါတယ်။ တစ်ခါတရံမှာ ဆိုရီရေးစစ် အရေပြားပြဿနာကြောင့် အဆစ်တွေမှာ ရောင်ရမ်းတာမျိုးကို ခံစားရနိုင်ပါတယ်။

    ဆိုရီရေးစစ်က အရေပြားပြဿနာဆိုပေမယ့် နေ့စဉ် စားသောက်မှုတွေနဲ့လည်း သက်ဆိုင်မှု ရှိနေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေက ဆိုရီရေးစစ် အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အချို့သော အစားအစာတွေက ဆိုရီရေးစစ်အရေပြားပြဿနာကို ပိုဆိုးစေနိုင်တာမျိုး ရှိပါတယ်။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစား သင့်ဘူးလဲ

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ

    ကယ်လ်လိုရီ များတဲ့ အစားအစာတွေက ကိုယ်အလေးချိန်ကိုတင် တက်စေတာ မဟုတ်ပါဘူး။ အဝလွန်၊ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်သလို ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ရောင်ရမ်းမှုတွေက ဆိုရီရေးစစ် လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

    ဒီတော့ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အယ်လ်ကိုဟော

    အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ရေရှည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်သလို အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို ပျက်စီးစေနိုင်ပါတယ်။

    နို့ထွက်ပစ္စည်းတွေ

    နို့ထွက်ပစ္စည်း အများစုက အဆီပါဝင်မှု များပါတယ်။ ဒီလို အဆီပါဝင်မှု များတာက ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ နွားနို့ကနေ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ အစာကြေခဲတဲ့ ပရိုတင်း တစ်မျိုးဖြစ်တဲ့ casein ပါဝင်နေပါတယ်။ ဒီလို အစာကြေချက်ရခက်တာက ရောင်ရမ်းမှုတွေကို ပိုဆိုးစေနိုင်ပြီး ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာ ရှိမယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်ကြည့်ပါ။ တချို့သူတွေမှာတော့ သက်သာတာကို တွေ့ရပါတယ်။

    သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ

    ပေါင်မုန့်အဖြူ၊ သန့်စင်ထားတဲ့ cereal တွေလိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ သကြားပါဝင်မှု များသလို အမျှင်ဓာတ် ပါဝင်မှုကလည်း နည်းပါတယ်။ ဒါတွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို  ရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းမှုတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။

    ပြည့်ဝဆီ နဲ့ အသွင်ပြောင်းဆီ များတဲ့ အစားအစာတွေ

    အနီရောင် အသားတွေမှာပါတဲ့ အဆီတွေ၊ ဆီကြော်စာတွေ၊ မာဂျရင်း၊ အမြန်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဆီတွေက သွေးထဲမှာ အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို တိုးစေပါတယ်။ လေ့လာချက်တချို့မှာ ကိုယ်တွင်းမှာ အဆီများတာက ဆိုရီရေးစစ် ဖြစ်စေနိုင်သလို ဆိုရီရေးစစ် ရှိပြီးသူတွေမှာလည်း ပိုဆိုးစေနိုင်တယ်လို့ တွေ့ရပါတယ်။

    သကြားများတဲ့ အစားအစာတွေ

    အချိုကဲတဲ့ သောက်စရာတွေ၊ သကြားထပ်ဖြည့်ထားတဲ့ သစ်သီးဖျော်ရည်တွေ၊ သကြားလုံးတွေလိုမျိုး အစားအစာတွေက အဆီတစ်ရှူးတွေကို ရောင်ရမ်းစေပြီး နာတာရှည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဆိုရီရေးစစ် ရှိသူတွေမှာလည်း အချိုစားမယ်ဆိုရင် ပိုဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။

    gluten ပါတဲ့ အစားအစာတွေ

    Autoimmune ရောဂါတွေက တစ်ခုဖြစ်ရင် နောက်တစ်ခုလိုက်ဖြစ်တတ်ပါတယ်။ ဆိုရီယေးစစ်ရှိသူဆိုရင် အူမှာ celiac diseaseလို့ ခေါ်တဲ့ autoimmuneရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ဒီအူရောဂါရှိရင် gluten ရှောင်ရပါတယ်။ Glutenဆိုတာ ဂျုံနဲ့ တခြားနှံစားတွေမှာ ပါတတ်တဲ့ ပရိုတင်းတစ်မျိုးပါ။ ဆိုရီယေးစစ်ရော celiac diseaseရော ရှိနေရင် Glutenရှောင်သင့်ပါတယ်။ တချို့လူတွေမှာ ဆိုရီယေးစစ်ပဲ ရှိပေမယ့် glutenပါတဲ့ အစားအစာတွေကို ရှောင်လိုက်တဲ့အခါ ခဏခဏ ရောဂါကြွတာ နည်းသွားပါတယ်။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဒါတွေ မစားသင့်ပါဘူး။

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ

    ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိမယ်ဆိုရင်
    • အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာ
    • နွားနို့ကနေ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ
    • သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ
    • ပြည့်ဝဆီ နဲ့ အသွင်ပြောင်းဆီ များတဲ့ အစားအစာတွေ
    • ဂလူတန် ပါဝင်မှု များတဲ့ အစားအစာတွေ
    • အချိုကဲတဲ့ စားစရာသောက်စရာတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement