ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အရောင်ဆိုးထားတဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

အရောင်ဆိုးထားတဲ့ဆံပင်ဟာ ဘာမှမလုပ်ထားတဲ့ဆံပင်ထက် မတူညီတဲ့လိုအပ်ချက်တွေရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့တွေဟာ ဆံပင်ကို အရောင်ဖျော့လိုက် ရင့်လိုက်နဲ့ပဲ အရောင်တွေကို ကျွန်တော်တို့ဘဝထဲ ပိုပိုပြိး ထည့်သွင်းနေကြပါတယ်။ highlights ဖြစ်စေ၊ Lowlights ဖြစ်စေ တစ်ခေါင်းလုံးဆိုးထားသည်ဖြစ်စေ ဒီဆေးဆိုးဆံပင်တွေကို ကျန်းမာသန်စွမ်းနေအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ကြည့်လိုက်ရအောင်။   ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။ သင့်ဆံပင်က ပိုကျန်းမာနေလေ အရောင်ကပိုကြာကြာခံလေပါပဲ။ ဒါကြောင့် ရက်သတ္တပတ် ၆ပတ်ကိုတစ်ခါလောက်တော့ salon ကိုပုံမှန်သွားကိုသွားသင့်ပါတယ်။   နေရောင်ကာခရင်မ်တွေကိုအသုံးပြုပါ။ နေရောင်ခြည်ကနေ သင့်အသားအရည်တစ်ခုတည်းကို ကာကွယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ သင်ဆိုးထားတဲ့အရောင်သစ်လေးကို ကြာရှည်ခံဖို့နဲ့ အမြဲတမ်းတောက်ပနေဖို့ သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေကာကွယ်တာ သို့မဟုတ် ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါတယ်။ အရောင်ဆိုးထားတဲ့ဆံပင်အတွက် ရေကိုအခြေခံထားတဲ့ပစ္စည်းတွေက အဆီကိုအခြေခံထုတ်တဲ့ပစ္စည်းတွေထက် ပိုပြီးသင့်လျော်ပါတယ်။   ပျော့ဆေးသုံးပါ။ အရောင်ဆိုးထားတဲ့ဆံပင်ဟာ ပုံမှန်ဆံပင်ထက် ပိုပြီးခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေထဲမှာ တစ်ပတ်တစ်ခါတော့ deep conditioning treatment ယူပေးသင့်ပါတယ်။ ပျော့ဆေးကို ရေနွေးနဲ့နယ်ပြီးဆံပင်ကိုလိမ်းပေးပါ။ ဆေးကိုစုပ်ယူသွားနိုင်စေဖို့ နာရီဝက်ခန့် သဘက်နဲ့ပေါင်းထားပေးပါ။ ခေါင်းလျှော်ချလိုက်ပြီးရင်တော့ […]


အသားအရေနှင့် အလှအပ

ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း

ဆံပင်တခါခြောက်အောင် dryer နဲ့ နာရီဝက်တနာရီ ထိုင်မှုတ်နေရတာ စိတ်ပျက်နေပြီလား။ မပူပါနဲ့တော့။ အဲ့သလိုမျိုး အချိန်မကုန်ရစေဖို့ အောက်က အချက်လေးတွေကိုသာ ဖတ်ကြည့်လိုက်ပါ။ ဆံပင်ကို ညှစ်ပါ။ ဆံပင်ကို မမှုတ်ခင် မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်မယ်ဆိုရင် အချိန်ကုန်အရမ်း သက်သာသွားမှာပါ။ နည်းမှန်လမ်းမှန် သုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ ကြပ်ကြပ်ပတ်ပြီး ရေတွေကို ညှစ်ချပါ။ ခပ်ကြမ်းကြမ်း မပွတ်မိပါစေနဲ့။ အဲ့သလို ပွတ်မိလိုက်ရင် ဆံသားကြမ်းစေတဲ့အပြင် ဆံပင်ကိုလည်း လုံးထွေးသွားစေပါတယ်။ ညှစ်ချတဲ့ အခါမှာလည်း အရမ်းကြီးခြောက်သွားအောင် မညှစ်ပါနဲ့။ စိုထိုင်းထိုင်းလေးတော့ ဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ အရမ်းခြောက်သွားပြန်ရင်လည်း hair-dryer နဲ့မှုတ်တဲ့ အခါ ကိုင်ရခက်လို့ပါ။   နေရာပြောင်းပါ။ ရေချိုးခန်းထဲမှာ ဘယ်တော့မှ ဆံပင်ကို အခြောက်မခံပါနဲ့။ ရေချိုးခန်းဟာ စိုထိုင်းဆများတဲ့အတွက် တော်တော်နဲ့ ခြောက်မှာမဟုတ်ပါဘူး။ Gym တို့ ရေကူးကန်တို့မှာလို အများသုံးနေရာဆိုရင်လည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ ကျန်းမာသန်စွမ်းပုံမပေါက်ဘဲ မွဲခြောက်ခြောက်ဖြစ်နေသည့်အပြင် ခြောက်သွေ့တဲ့ဆံပင်တွေဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြောက်သွေ့နေတဲ့ဆံပင်ရှိရင် အမြန်ဆုံးထိန်းသိမ်းသင့်တာပေါ့။ ဆံပင်တွေရဲ့ အပြင်လွှာတွေဟာ လုံလောက်တဲ့အစိုဓါတ်ကို မထိန်းသိမ်းနိုင် မစုပ်ယူနိုင်တော့တဲ့အခါမှာ ဆံပင်တွေ ခြောက်လာပါတယ်။ ရလဒ် အနေနဲ့တော့ ကြွပ်ဆတ်ပြီး စွမ်းအားမရှိတဲ့ပုံ ပေါက်လာတော့တာပါပဲ။ ဒါကလည်း ဖျားနာခြင်း၊ အာဟာရ လိုအပ်ခြင်း ပြင်းထန်တဲ့ ဆံပင်အလှကုန် တွေသုံးစွဲခြင်း ၊ ခေါင်းလျှော်များခြင်း၊ ကလိုရင်း ပါတဲ့ ရေနဲ့အထိအတွေ့များခြင်းနဲ့ အပူပေးထားတဲ့ ဆံပင်ပုံဖော်ကိရိယာတွေ အသုံးများခြင်း သို့မဟုတ် ဆံပင်ဆေးဆိုးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆံပင်ကို ကောင်းကောင်းဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ သင့်ဆံပင်အမျိုးအစားအတွက် သင့်လျော်ကောင်းမွန်တဲ့ ဆံပင်အလှကုန် တွေသုံးတာ နဲ့ ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ ပျော့ဆေးတွေကိုသုံးတာက သင့်ဆံပ င်ခြောက်သွေ့ခြင်းမှ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Dandruff (ဗောက်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dandruff (ဗောက်ထခြင်း) ကဘာလဲ။ ဗောက်ဆိုတာ ကြာရှည် ဦးရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းကို ခေါ်ပါတယ်။ သည်ဗောက်ဖတ်တွေဟာ သင့်ပခုံးပေါ်တောင် ကျလာနိုင်ပြီး တစ်ခါတစ်ရံ ခြောက်သွေ့ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ Dandruff (ဗောက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ် လက္ခဏာများDandruff (ဗောက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဗောက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မြင်လွယ်သိလွယ်ပါတယ်။ အဖြူရောင်ချောကျိကျိ အရေပြားဆဲလ်သေ အချပ်တွေဟာ သင့်ဆံပင်နဲ့ ပခုံးပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။ အပူလှုံခြင်းဟာအရေပြားကို ခြောက်သွေ့စေတဲ့အတွက် မိုးတွင်းနဲ့ ဆောင်းရာသီမှာ ပိုဆိုးလာနိုင်ပါတယ်။ နွေရာသီရောက်ရင် ပြန်ကောင်းလာမှာဖြစ်ပါတယ်။ Cradle cap လို့ခေါ်တဲ့ အဆီဂလင်းလေးတေရောင်ပြီး ဖြစ်တဲ့ ဗောက်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစကလေးတွေမှာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Alopecia (ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alopecia (ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း) ကဘာလဲ။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ဆိုတာဟာ ပေါက်လာတဲ့ ဆံပင်ပမာဏ ထက် ပုံမှန်မဟုတ်ဘဲ ပိုများတဲ့ ဆံပင်ကျွတ်ခြင်းရောဂါ ဖြစ်ပါတယ်။ တချို့လူတွေမှာ ဆိုလျှင် ဆံပင်ပြန်မပေါက်တော့ဘဲ ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် သင်ဟာ တစ်နေ့လျှင် ဆံပင် ၂၅ ပင် မှ အပင် ၁၀၀ ထိ ကျွတ်နေပါတယ်။ alopecia ကတော့ တစ်နေ့ကို အပင် ၁၀၀ မကပဲ ကျွတ်နေပါတယ်။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း (၃) မျိုးရှိပါတယ်။ ၎င်းတို့မှာ Alopecia areata – ဆံပင် အကွက်လိုက် ကျွတ်ခြင်း Alopecia totalis – ဦးရေပြား ဆံပင်အကုန်လုံး ကျွတ်ခြင်း Alopecia universalis – တစ်ကိုယ်လုံးရှိ အမွေးများ အလုံးစုံ ကျွတ်ခြင်း တို့ဖြစ်ကြပါတယ်။ ဖြစ်ပွားမှု အကြောင်းအရာပေါ်မူတည်ပြီး […]



ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့

ယောက်ျားတို့ဘုန်း လက်ရုံး။ မိန်းမတို့ဘုန်း ဆံထုံး ဆိုတဲ့စကားကြားဖူးကြမှာပါ။ ပိတုန်းရောင် ဆံသားလေးတွေ က လေဒီလေးတွေကို စွဲဆောင်မှုတိုးစေမယ့် အလှအပလျှို့ဝှက်ချက်တစ်ရပ်ပါ။ ဆံပင်က ဒုတိယမျက်နှာဆိုတော့ ဆံသားလှပဖို့က မဖြစ်မနေ လိုအပ်ပြီပေါ့။ ဆံသား လှပဖို့ဆိုတာကလည်း ဒီအတိုင်းဖြစ်လာမယ့်အရာမဟုတ်တော့ သေချာလေးဂရုစိုက်ပေးဖို့တော့ လိုတာပေါ့။ ဘယ်လိုများ ဂရုစိုက်ရမှာလဲ ခေါင်းလျှော်တယ်။ အဆီတစ်ခုခုလူးပေးတယ်ဆိုရင် လုံလောက်ပြီမဟုတ်လားဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်နေဖို့ လိုပြီလို့ပြောပါရစေနော်။ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ဖို့ ဘာလုပ်မလဲ...... ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါမယ်။ ခေါင်းမလျှော်ခင် ဆံပင်ဖြီးဖြစ်အောင် ဖြီးပါ ဆံပင်ကို နေ့စဉ်ဖြီးပေးတာက ဆံသားကျန်းမာစေပြီး ဦးရေပြားကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်ခင်မှာ ခေါင်းဖြီးတာက ဆံသားတွေကို ပြတ်စေပြီး ဆံသားကျန်းမာသန်စွမ်းမှုကိုအားနည်းစေပါတယ်။ ခေါင်းမလျှော်ခင် နာရွဝက်လောက်မှာ ဦးရေပြားကိုရော ဆံသားကိုပါ သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်