အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု၊ လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း

အရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး၊ သဲဝဲ၊ ညှင်း စတာတွေ ပေါက်တာပါ။ ဒါတွေက အဖြစ်လည်း များပါတယ်။ ကူးလည်း ကူးလွယ်ပါတယ်။ ဒါပေမယ့် သေချာကုရင် ပျောက်တဲ့ရောဂါတွေပါ။ ဒီလိုမဟုတ်ဘဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အမြစ်မပြတ်ဘဲ ကိုယ့်ဆီမှာ သံယောဇဥ်လာတွယ်နေရင်တော့ တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ အရေပြားမှိုစွဲတာ ကလည်း အရေပြားရောဂါပဲ ဖြစ်တာကြောင့် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ ဘာကြောင့် အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတာလဲ။ ဒါက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်း ဆိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ဒီအချက်တွေထဲက တစ်ခုခု တိုက်ဆိုင်နေမယ်ဆိုရင် မှိုစွဲတာက အမြစ်မပြတ်ဘဲ ခဏခဏပြန်ဖြစ်နေမှာပါ။ ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နေတာ မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း

ပဲနံ့သာစေ့လို့ ပြောလိုက်ရင် ပဲဟင်းတွေ၊ အသားဟင်းတွေထဲကို ထည့်စားတာမျိုးပဲ အတွေ့ရများမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲနံ့သာစေ့က ဆေးဖက်ဝင်သလို အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ အလှအပဆိုတဲ့နေရာမှာ ဆံသားရော အသားအရေရောအတွက် အသုံးဝင်တာပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ပဲနံ့သာစေ့က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ .... ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေး အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာစေ့ ဆိုတာ ပဲနံ့သာပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ပဲနံ့သာပင် ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အထိမြင့်နိုင်ပြီး အစေ့အိမ်လေးတွေထဲမှာ ဝါညိုရောင်ရှိပြီး ခပ်ပြားပြားသေးသေး သဏ္ဍာန်ရှိတဲ့ ပဲစေ့ငယ်လေးတွေ ၁၀ […]


အသားအရေ ထိန်းသိမ်းခြင်း

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

အသားအရေ ကျန်းမာလှပဖို့က လူတိုင်းအတွက် အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေက အသားအရေကို ဂရုစိုက်ဖြစ်နိုင်ခြေ များပေမယ့် အမျိုးသားတွေလည်း အသားအရေကို ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ အသားအရေကို သေချာ ဂရုစိုက်မှ အရေပြား ပိုးဝင်တာ၊ မှိုစွဲတာကစလို့ အရေပြား ပြဿနာ အမျိုးမျိုး ကင်းဝေးမှာပါ။ ဒီတစ်ခေါက်တော့ Royal Jelly နဲ့ အသားအရေ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ Royal Jelly ဆိုတာ Royal jelly ဆိုတာက အနှစ်တစ်မျိုးပါ။ ခပ်ဖြူဖြူလေးရှိပြီး လေနဲ့ ထိတွေ့မိချိန်မှာ အဝါရောင်လေး ပြောင်းသွားတတ်ပါတယ်။ ပရိုတင်း ကြွယ်ဝပြီး လုပ်သားပျားတွေရဲ့ ဂလင်းတွေကနေ ထုတ်လုပ်ထားတဲ့ အရာတစမျိုးပါ။ ပျားဘုရင်မ အသက်ရှည်စေဖို့နဲ့ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ

ပွေးဆိုတာ အရေပြားမှာ ယားယံပြီး နေရခက်စေတဲ့ အရေပြား ပြဿနာတစ်မျိုးပါ။ Dermatophytes လို့ ခေါ်တဲ့ မှိုပိုးကြောင့် ဖြစ်ရတာပါ။ သူ့ကြောင့်ဖြစ်တဲ့ ရောဂါတွေကို စုပြီး Tinea လို့ခေါ်ပါတယ်။ ကူးစက်မြန်ပါတယ်။ လူတိုင်း အရွယ်သုံးပါးစလုံး ပွေးပေါက်နိုင်ပါတယ်။ ကလေးငယ်လေးတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ အဖြစ်များပါတယ်။ ဒီတစ်ခါက်တော့ ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ပွေးဖြစ်နေလား ဘယ်လိုသိနိုင်မလဲ! ပွေးက အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ရပ်ပါ။ ပွေး ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ အရေပြားက နီရဲမယ် အဖက်တွေ လန်မယ် အရေပြားပေါ်မှာ ခပ်ဝိုင်းဝိုင်း အကွက်ဖြစ်မယ် အနားသတ်တွေက ဖောင်းကြွနေပြီ အလယ်ပိုင်းအရေပြားက အနည်းငယ် ချိုင့်နေမယ် ယားယံမယ်။ ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့ ကြက်သွန်ဖြူ ကြက်သွန်ဖြူက မှိုပိုးကူးစက်တာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ပွေးရှိရင် ဘာတွေ မစားရဘူးလဲ

ပွေး ဆိုတာ အရေပြားမှာ မှိုစွဲတာကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ ဘေဘီလေးတွေ ကစလို့ ဘိုးဘိုးဘွားဘွားတွေအထိ အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရေပြားရောဂါတော်တော်များများက အစားအသောက် ဂရုစိုက်ဖို့ လိုတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ရပ်ဖြစ်တဲ့ ပွေးရှိရင် ဘာတွေ မစားရဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ပွေး ဆိုတာ ပွေး ဆိုတာက အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါ တစ်မျိုးပါ။ ကူးစက်နှုန်းလည်း မြန်ပါတယ်။ ပွေးက လူတွေမှာတင် ဖြစ်တတ်တာမဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ပွေးကူးခံရပြီဆိုရင် အရင်ဆုံး အရေပြားပေါ်မှာ ခပ်ဝိုင်းဝိုင်း အကွက်လေး ဖြစ်လာပါမယ်။ အကွက်လေးက နီရဲနေပြီး ဘေးအနားသတ်လေးတွေက ဖောင်းကြွကြွလေး ဖြစ်နေမယ်။ အတွင်းအရေပြားက အနားသတ်ထက် ချိုင့်နေမယ်။ ရက်နည်းနည်း […]


အသားအရေ ထိန်းသိမ်းခြင်း

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

အသားအရေ ထိန်းသိမ်းမှုတော့ လုပ်ချင်ပါရဲ့။ ဘယ်ကနေ စလုပ်ရမလဲ မသိဘူးဆိုပြီး ဖြစ်နေပြီလာ။ ဒါဆိုရင်တော့ အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ ရေနွေးငွေ့ ခံပေးတာက စတင်လိုက်ပါ။ ဒါဆို မေးချင်နေလောက်မှာက ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုပြီးဟုတ်။ အသားအရေ အထူးသဖြင့် မျက်နှာကို ရေနွေးငွေ့ ခံပေးတာ အသားအရေကို ကျန်းမာစေသလို လှပချောမွေ့စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးတာက အသားအရေ ကျန်းမာလှပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ရေနွေးငွေ့ခံပေးတာ အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။ အသားအရေ သန့်စင်စေတယ် ရေနွေးငွေ့  ခံပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားယားယံတာ မှိုစွဲနေလို့လား

အရေပြားယားယံတယ်ဆိုတာ အင်မတန်မှ ကသိကအောက်ဖြစ်စရာ လက္ခဏာပါ။ ကုတ်လေ ကုတ်လေ ယားမပြေဖြစ်သလို လူကြားထဲရောက်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အရေပြားယားယံတာ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ ဥပမာ သာမန်ခြင်ကိုက်ရင်လည်း ယားတတ်ပါတယ်။ အရေပြားပိုးဝင်တာ၊ မှိုစွဲတာတွေ ဖြစ်ရင်လည်း ယားယံတတ်တာပဲ။ နောက်ဆုံး ကျောက်ကပ်ရောဂါ၊ အသည်းရောဂါလို ရောဂါကြီးတွေမှာတောင် ယားတတ်ပါသေးတယ်။ ဒီတော့ အရေပြားယားပြီဆို ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲပါတယ်။ အရေပြားယားယံတာ မှိုစွဲနေလို့လား အရေပြားယားယံပြီဆိုရင် ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပြီး ဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ အရေပြားယားယံတာက မှိုစွဲတာကြောင့် အဖြစ်များပါတယ်။ ခုလို မိုးတွင်းဆို ပိုတောင် ဆိုးပါသေးတယ်။ မှိုစွဲတာက ခန္ဓာကိုယ်ရဲ့ ချွေးထွက်များတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဇီးဖြူသီး အသားအရေ လှစေသလား ....

ဇီးဖြူသီးလို့ ပြောလိုက်ရင် တော်တော်များများ အာရုံထဲကို ရောက်လာမယ့် အချက်က ငယ်ငယ်က အဖွားက စားကြည့် ဆေးဖက်ဝင်တယ်ဆိုလို့ စားလိုက်မိတုန်းက ခံစားမိဖူးတဲ့ ဖန်သလိုလို ခါးသလိုလိုနဲ့ ရေသောက်ချလိုက်ရင် ချိုသွားတဲ့အရသာကိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဇီးဖြူသီးက ကျန်းမာရေးအတွက် ကောင်းကျိုးများသလို အသားအရေကိုရော ထောက်ကူပေးနိုင်သလား။ ပြောချင်တာကတော့ ဇီးဖြူသီး အသားအရေ လှစေသလား .... ဆိုတာပါ။ ဒီတော့ ဇီးဖြူသီးက အသားအရေအတွက် ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဇီးဖြူသီး ဆိုတာ ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။ အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တွေကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း […]


အသားအရေ ထိန်းသိမ်းခြင်း

ဖန်ခါးသီးက အသားအရေ လှစေသလား

ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ပြီး ခါးပါတယ်။ ချဉ်ဖန်ဖန် အရသာမျိုးလည်း ရှိပါတယ်။ ဖန်ပြီးခါးတဲ့ ဖန်ခါးသီးကို ဆီးချိုကျစေဖို့အတွက် အသုံးပြုကြတာကို တွေ့ရများပါတယ်။ ဖန်ခါးသီးကို ပြုတ်သောက်တာ၊ တို့စားတာ၊ သတ္တုရည်ကို သောက်တာမျိုးတွေ ရှိသလို ကြက်သွန်ဖြူလေး ဆားမီးကင်လေးနဲ့ ထောင်းစားကြတာလည်း ရှိပါတယ်။ စားရတာ ဖန်ပြီးခါးတယ်ဆိုပေမယ့် အနံ့မွှေးမွှေးလေးကြောင့် ဖန်ခါသီးကို လူကြီးတွေကတော့ တော်တော်လေး နှစ်သက်ကြပါတယ်။ ဒီလို အခါးဓာတ်ရှိတဲ့ ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုတော့ အသားအရေကိုရော ကျန်းမာစေမလားဆိုပြီး သိချင်နေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆောင်းပါးလေးထဲမှာ ဖန်ခါးသီးက အသားအရေ လှစေသလား  ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်။ ဖန်ခါးသီး ဆိုတာ ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)