နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။
သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ ရေပိုက်တွေ သုံးတာကြာလာရင် ချေးကိုက်လာသလိုပေါ့။ ဒီလိုအဆီဖတ်လေး သွေးကြောနံရံမှာ လာကပ်တဲ့အခါ သွေးထဲက အညစ်အကြေးတွေ၊ ဆဲလ်တွေ၊ ကယ်လ်ဆီယမ်တွေကပါ အပြင်ကနေ လာဝိုင်းလာပါတယ်။ မြင်အောင် ပြောရရင် ဆေးဘဲဥများလိုပေါ့။ အထဲမှာ ခပ်ပျော့ပျော့ အပြင်မှာ မာခဲခဲလေးပါ။
မတော်တဆများ အပြင်က အကာလေးပွင့်သွားပြီး အထဲက အဆီတွေ ထွက်လာရင် သွေးဥမွှားက သွေးကြောပေါက်သွားတယ်ထင်ပြီး ပေါက်သွားတဲ့နေရာကို လာကပ်ပါတယ်။ ဒီတော့ သွေးကြောက ပိုကျဉ်းလာပါတယ်။ တစ်ခါ သွေးကြောနံရံကလည်း သူ့ကိုယ်သူ ဒဏ်ဖြစ်သွားပြီထင်လို့ သွေးကြောကြွက်သားတွေကို ကောက်ညှစ်ပြီး ကျဉ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ နှလုံးသွေးကြာက ကျဉ်းသထက် ကျဉ်းလာပြီး နောက်ဆုံး နှလုံးကြွက်သားတွေဆီ သွေးမပို့နိုင်တော့ပါဘူး။
သွေးမပို့တဲ့အခါကျတော့ နှလုံးကြွက်သားက သူလိုအပ်တဲ့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ မရတော့ပါဘူး။ ဒါကြောင့် ဆဲလ်တွေသေပြီး ကြွက်သားတွေ တဖြည်းဖြည်း ပုပ်လာပါတယ်။ ဒါကြောင့် အပြင်က လူက ရင်ဘတ်အောင့်တယ်ဆိုတဲ့ ဝေဒနာကို ခံစားရပါတော့တယ်။
လက္ခဏာတွေ
ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။