ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သစ်တိုသီးစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်တော်သီးကို လူတိုင်း သိကြပေမယ့် သစ်တိုသီးကိုတော့ သိသူ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ သစ်တိုသီးကို ငါးနဲ့ ချဉ်ရည် ချက်စားတာမျိုး ရှိသလို အသီးကို ထောင်းပြီး ငပိ၊ ငံပြာရည်တွေနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက သစ်တိုသီးရဲ့ ကျန်းမာရေးကို မဟုတ်ပါဘူး။ အသီးရဲ့ အလယ်ထဲမှာပါတဲ့ သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။ သစ်တိုသီးစေ့ ဆိုတာ သစ်တိုသီးစေ့ ဆိုတာက သစ်တိုသီးရဲ့ အလယ်က အစေ့ပါ။ အစေ့က အမွှာလိုက် ရှိပြီး မင်းဂွတ်သီးနဲ့ တူပါတယ်။ ခွာခွာစမှာ  အဖြူရောင် ရှိပြီး ကြာရင်တော့ ညိုတိုတိုလေး ဖြစ်သွားပါတယ်။ အရသာက ချိုတာမျိုး ရှိသလို ချဉ်ပြုံးပြုံးလေးလည်း ရှိပါတယ်။ အသားကတော့ ကနစိုးသီးလိုလို မင်းဂွတ်သီးလိုလိုပါ။ ဘယ်လို အာဟာရဓာတ်တွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား!

ရေနွေးကြမ်း သောက်တာကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသတော်တော်များများမှာ တွေ့ရပါတယ်။ ရေနွေးကြမ်းကို အပျင်းပြေ အမောပြေ အနေနဲ့ သောက်ကြသလို စကားဝိုင်းတွေမှာ ဧည့်ထောက်ခံတဲ့ အနေနဲ့လည်း သောက်ကြပါတယ်။ ရေနွေးကြမ်းကို လက်ဖက်၊ အကြော်၊ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်းစတာတွေနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။ ဒီလို တစ်နေ့တာမှာ တော်တော်များများ သောက်ဖြစ်နေတဲ့ ရေနွေးကြမ်းကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်ဖြစ်ရဲ့လား! ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား! ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ကိုယ်တိုင်ဆန်းစစ် လိုက်ရအောင်နော်။ ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား! တစ်နေ့တာရဲ့ စားသောက်မှုမှာ ပါဝင်လေ့ရှိတဲ့ ရေနွေးကြမ်းသောက်တဲ့အခါ အခုလို အချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေနွေးကြမ်း မသောက်သင့်တဲ့အချိန်က ဘယ်အချိန်၊ ဘယ်လိုတွေ သောက်သင့်တယ်ဆိုတာကို နားလည်ထားမှ ကျန်းမာရေးကို မထိခိုက်မှာ ဖြစ်ပါတယ်။   […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်!

ပဲပင်ပေါက်လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို အားလုံး သိထားပြီး ဖြစ်မှာပါ။ ပဲပင်ပေါက်ကို အချဉ်တည်စားသလို၊ ပဲတီချဉ်ကို သုပ်စားတာလည်း ရှိပါတယ်။ နောက်ပြီး ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်တွေထဲမှာ ထည့်စားကြသလို ကွေ့သယို၊ ဆီချက်၊ မြေအိုးမြီးရှည် စတာတွေထဲလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အစိမ်းလိုက်လေး တို့စားရတာ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်ပြောချင်တာကလည်း အဲ့လိုစားတာနဲ့ ပတ်သက်ပြီး ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေးပါ။ ပဲပင်ပေါက် ကျန်းမာစေသလား! ပဲပင်ပေါက် ပဲပြားကြော်က ကလေးဘဝကတည်းက ကျန်းမာအောင် ဆိုပြီး စားခဲ့ရတယ်နော်။ ပဲပင်ပေါက်က ကျန်းမာစေလို့လား ဆိုတော့ ဟုတ်ပါတယ်။ ပဲပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို ထောက်ကူပေးနေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ

အပူချိန်မြင့်တက်လာတာနဲ့အတူ နွေအပူချိန်ကို အံတုဖို့အတွက် လူတိုင်းလူတိုင်းက အေးမြမယ့် နည်းလမ်းလေးတွေကို ရှာဖွေကြပါတယ်။ ဒီလို နွေပူပြင်းချိန်မှာ လူတော်တော်များများက အပူကြောင့် ခြေကုန်လက်ပမ်း ကျတာ၊  အပူလျှပ်တာ တွေကို ခံစားကြရပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်မှု ကင်းစေဖို့အတွက် နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထလေးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့နွေရဲ့ အပူချိန်ကို အလူးအလဲ ခံကြရတာက အသက်အရွယ် ရနေကြပြီ ဖြစ်တဲ့ လူကြီး မိဘတွေနဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဆိုတာနဲ့ အပူဒဏ်ပြဿနာကို လူကြီးတွေနဲ့ ကလေးတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာ၊ အပူလျှပ်တာတွေကို အရွယ်တိုင်း ခံစားရနိုင်ပါတယ်။ နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ဘာတွေ ခံစားရနိုင်လဲ! နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ချွေးထွက်များတာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ

နွေရာသီမှာ အေးမြခြင်းက အတော်လေးကို တန်ဖိုးရှိပါတယ်။ နွေရာသီမှာ ကိုယ်တွင်းက အပူချိန် မြင့်တက်မှုကြောင့်လည်း အရမ်းပူတယ်လို့ ခံစားရတာပါ။ ဒီလို အရမ်းပူတာကို သက်သာစေဖို့ဆိုရင် ကိုယ်တွင်းအပူချိန်ကို လျှော့ချနိုင်ဖို့က အတော်လေး အရေးကြီးပါတယ်။ ဒီလို လျှော့ချတယ်ဆိုတဲ့နေရာမှာ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာ၊ အရမ်းပူနေချိန်မှာ နားနားနေနေ နေတာတွေ ပါသလို အစားအသောက်ကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ ဒီတော့ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ နွေရာသီမှာ ပြင်ပက အပူချိန် မြင့်တက်မှုနဲ့ လေထုထဲမှာ စိုထိုင်းဆ များတာကြောင့် အပူချိန်ကို ပြင်းပြင်းထန်ထန် ခံစားရတာပါ။ ရောဂါအခြေအနေတွေနဲ့ သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မာလကာသီးဖျော်ရည် (သို့မဟုတ်) နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်ခု

နွေရာသီမှာ ရာသီဥတုပူမှာကတော့ မလွဲပါပဲ။ ဒီလို ရာသီဥတု ပူနေချိန်မှာ အစားအသောက် အနေအထိုင်ကို သေသေချာချာ ဂရုစိုက်ရတာက ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါပဲ။ အခုတစ်ခေါက်တော့ နွေပူပူမှာ အပူလည်း သက်သာ၊ ကျန်းလည်း ကျန်းမာစေမယ့် သောက်စရာလေး တစ်ခုအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ နွေပူပူမှာ ရင်အေးစေမယ့် မာလကာသီးဖျော်ရည် လေးပါ။ မာလကာသီးဖျော်ရည် ဆိုတာ မာလကာသီးဖျော်ရည် ဆိုတာက မာလကာသီးကို အစေ့ထုတ်ပြီး ဖျော်ထားတဲ့ ဖျော်ရည်ပါ။ မာလကာသီးကို ဖျော်သောက်တာကတော့ ရှားပါတယ်။ အစိမ်းလိုက် ဆားလေးနဲ့ စားတာမျိုး ရှိသလို ငံပြာရည် ငရုတ်သီးမှုန့်တွေနဲ့ သုပ်စားတာမျိုးလည်း ရှိပါတယ်။ မာလကာသီးမှည့်ကိုတော့ သကြားလေးနဲ့ တို့စားကြပါတယ်။ မာလကာသီးက ရေဓာတ် ကြွယ်ဝပြီး အဆီပါဝင်မှု နည်းတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။

ငယ်ငယ်က ခေါက်ဆွဲပြုတ်တွေ စားပြီဆိုရင် လူကြီးတွေက မစားရဘူး။ ဆံပင်တွေ ဖြူမယ်ဆိုပြီး ဆူတာခံရဖူးမှာပါ။ ကြီးလာတော့လည်း ညဘက်စားစရာမရှိရင် ခေါက်ဆွဲပြုတ်ပဲ စားရတာပါပဲ။ အဲ့လိုစားတိုင်းလည်း လူကြီးတွေဆူသလို ဆံပင်ဖြူမှာလားဆိုပြီး ကြောက်ကြောက်နဲ့ စားရတာာပေါ့။ တကယ်ပဲ ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တာလား။ ဆံပင်ဖြူရတဲ့ အကြောင်းရင်း ခေါက်ဆွဲပြုတ်အကြောင်း မပြောခင် ဆံပင်ဖြူရတဲ့ အကြောင်းကို အရင်ဆုံး ပြောပြပါ့မယ်။ အဲ့တာမှ ခေါက်ဆွဲပြုတ်နဲ့ ဆိုင်မဆိုင် တွေးကြည့်လို့ ရမှာပါ။ အသက်ကြီးလာရင် ဆံပင်ဖြူတာက မထူးခြားပေမယ့် အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေပြီဆိုရင်တော့ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေကတော့ မျိုးဗီဇ ကိုယ့်မိဘတွေ၊ မောင်နှမတွေက ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရင် ကိုယ့်မှာလည်း အရွယ်မတိုင်ခင်  ဆံပင်ဖြူနိုင်ခြေ ရှိပါတယ်။ စိတ်ဖိစီးမှုများတာ စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်ရဲ့ ရောင်ခြယ်ပစ္စည်းကို ဖြစ်စေတဲ့ ဆဲလ်တွေ ပျက်စီးတာကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပုံ

ဆောင်းလေးအေးလာတော့ ရေသိပ်မသောက်ဖြစ်တော့ဘူးဟုတ်။ ရာသီဥတုအေးတော့ နွေလောက် ရေမသောက်ဖြစ်တာတော့ အမှန်ပဲနော်။ ဒါက ကိုယ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လူတိုင်း ဆောင်းရောက်လာရင် ရေသောက်နည်းတာကတော့ ပုံမှန်ပဲလို့ ဆိုရပါမယ်။ ဒီလို ရေသောက်နည်းတာက ဘာဖြစ်လာလဲဆိုရင် ကိုယ်တွင်းမှာ ရေဓာတ်နည်းလာတာပေါ့။ ဒါကြောင့်ပဲ ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေ ဖြစ်လာတာပေါ့။ ဒီတစ်ခေါက်တော့ အေးမြတဲ့ ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ ဘယ်လိုနေကြမလဲဆိုတာကို နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဆောင်းတွင်းမှာ ရေဓာတ်မပြည့်ရင် ဘာတွေ ဖြစ်နိုင်လဲ! ဆောင်းတွင်းမှာ အသားပက်တယ်။ နှုတ်ခမ်းတွေ ခြောက်တယ်ဆိုတာ တကယ်ကတော့ ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးနေတာရဲ့ အမြင်သာဆုံး လက္ခဏာပါပဲ။ ဒါတွေအပြင် ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးတာကြောင့် အခုလို လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ ရေအရမ်းဆာတာ ဆီးအရောင်ရင့်တာ ချွေးမထွက်တော့တာ ဆီးသွားနည်းလာတာ ခြေကုန်လက်ပမ်းကျတာ ခံတွင်းခြောက်တာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး

အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ စာရင်းထဲမှာ တွေ့ရလေ့ရှိတဲ့ sauerkraut လို့ သိကြတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် စားပေးရင် အစာခြေစနစ် ကျန်းမာတာအပြင် ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အကျိုးကျေးဇူးတွေ ရရှိနိုင်ဦးမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဖြေထုတ်ပေးနိုင်မှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut ရေစင်အောင်ဆေးလို့ ရိတ်ရိတ်လှီးပြီး ရေစစ်ထားတဲ့ ဂေါ်ဖီထုပ်ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ ရိုးရိုးဆားကြမ်းနဲ့ ဗီနီကာတို့နဲ့ စိမ်ပြီး လေလုံအောင် ဖန်ပုလင်းလေးနဲ့ ပိတ်ထားပါ။ ဒီလို အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ချဉ်က အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား

ချင်း (ဂျင်း) ဆိုတာက ဆေးဖက်ဝင်တယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သဘာဝ အစားအစာ တစ်မျိုးပါ။ ချင်း (ဂျင်း) ပင်က ကျန်းမာစေဖို့ရော ဖျတ်လတ်တက်ကြွစေဖို့ရော ထောက်ကူပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဟင်းလျာတွေထဲမှာ အညှီပျောက်စေဖို့ ထည့်သုံးကြသလို ချင်း(ဂျင်း) ချဉ်ထည့်ပြီး သုပ်စားတာလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ချင်း( ဂျင်း) နုနုလေးကို ရှာလကာရည်နဲ့ စိမ်ထားပြီး ဆူရှီနဲ့ တွဲစားတဲ့ ချင်း (ဂျင်း) ချဉ်ပါ။ ချင်း (ဂျင်း) ချဉ်က ဆူရှီနဲ့ တွဲစားစား သူ့အတိုင်းစားစား စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်နုနုလေး ရှိတဲ့ ချင်း (ဂျင်း) လွှာလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးနိုင်လဲ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)