အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ
တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား
အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။ တူးတဲ့အခါ ဒီလိုဓာတုပစ္စည်းတွေ ထွက်လာပါတယ် တူးတဲ့အခါ Acrylamide, HCAsနဲ့ PAHsဆိုတဲ့ ဓာတုပစ္စည်း ၃မျိုးထွက်လာပါတယ်။ တူးတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်ဆိုတဲ့ စကားကလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ Acrylamide ကတော့ သကြားဓာတ်ပါတဲ့ အစားအစာတွေ (ဥပမာ ဂလူးကို့စ်၊ ဖရက်စ်တို့) နဲ့ asparagine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တို့ ဓာတ်ပြုရာက ဖြစ်လာတာပါ။ လွယ်လွယ်ပြောရရင် ပေါင်မုန့်တို့၊ အာလူးတို့လို အစားအစာတွေကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းပါ။ HCAsနဲ့ […]