မျက်စိရောဂါများ

အမြင်ကွယ်စေတဲ့ အကြောင်းရင်းတွေ အများကြီး တစ်ခုနဲ့ တစ်ခု ပြင်းထန်ပုံခြင်းလည်း မတူပါဘူး။ အများအားဖြင့်တော့ မျက်မှန်တပ်တာ၊ ခွဲစိတ်တဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပေမယ့် တချို့ အခြေအနေတွေမှာတော့ ကုသမှု နောက်ကျရင် အမြင်ကွယ်သွားနိုင်ပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် အမြင်ကွယ်တတ်သလဲ၊ ဘယ်လို ကာကွယ်ကုသနိုင်သလဲဆိုတာကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိရောဂါများ

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိရောဂါများ ကို ရှာဖွေမည်။

မျက်စိရောဂါများ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။ မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် Staphylococcus , Streptococcus နှင့် Gram negative ဘက်တီးရီးယားများ၊ Candida , Aspergillus မှိုများကြောင့် မျက်စိ၏အတွင်းပိုင်းရှိ တစ်သျူးများပြင်းထန်စွာရောင်ရမ်းမှုဖြစ်ခြင်း ဖြစ်သည်။ ရေယုန်ဖြစ်စေသော Herpes simplex နှင့် Herpes zoster ဗိုင်းရပ်စ်နှငိ Toxocara, Toxoplas Protozoa များကြောင့် ဖြစ်သောမျကိစိရောင်ခြင်းများရှိသော် လည်း ရှားပါသည်။ ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။ Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည်လူများ၏၂-၁၅ %အထိသာဖြစ်နိုင်သောကြောင့်ရှားပါးသောရောဂါဖြစ်သည်။ ဆေးရုံတက်သူလူတစ်သောင်တွင် ၅ယောက်သာလျှင် ပျမ်းမျှအားဖြင့် ထိုရောဂါဖြစ်ပြီး မျက်စိတဖက်တည်းရောင်သောလူနာများတွင် ညာဖက်မျက်စိသည် ဘယ်ဖက်မျက်စိထက် ထိခိုက်နိုင်ချေ ၂ ဆပိုများသည်။ အကြောင်းမှာ ညာဖက်မျက်စိသည် မျက်စိကို ထောက်ပံ့ပေးနေသော […]


မျက်စိရောဂါများ

Strabismus (မျက်စိစွေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Strabismus (မျက်စိစွေခြင်း) ကဘာလဲ။ မျက်စိစွေခြင်း ဆိုသည်မှာ မျက်စိနှစ်လုံးစလုံးက ဦးတည်ရာ တစ်နေရာတည်းကို ကြည့်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ မျက်စိနှစ်လုံးဟာ တောင်တစ်လုံး၊မြောက်တစ်လုံးဆိုသလို ဖြစ်နေပါလိမ့်မယ်။ မျက်စိတစ်လုံး (သို့) နှစ်လုံး စလုံးက အတွင်းဖက် ဒါမှမဟုတ် အပြင်ဖက်ကို ကြည့်နေတဲ့ ပုံစံ ဖြစ်နေမှာပါ။ ပိုအားကောင်းတဲ့ မျက်လုံးက ထုတ်ပေးတဲ့ အချက်ပြမှုတွေကိုပဲ ဦးနှောက်က အသုံးပြုတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ အားနည်းတဲ့ မျက်လုံးကို အသုံးပြုတာ နည်းလာတာကြောင့် စောစီးစွာ မကုသဖူးဆိုရင် အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ Strabismus (မျက်စိစွေခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးတွေမှာ အလွန်အဖြစ်များသလို အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ မျက်စိစွေတာဟာ မွေးရာပါဖြစ်ပြီး အသက်သုံးလလောက်ရောက်တဲ့အထိ သတိမထားမိဘဲ ရှိနေတတ်ပါတယ်။ လူကြီးတွေမှာ ဆိုရင်တော့ ဆီးချို၊လေဖြတ်တာ ဒါမှမဟုတ် မျက်လုံးထိခိုက်ဒါဏ်ရာ […]


မျက်စိရောဂါများ

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကဘာလဲ။ retinitis pingmentosa ဆိုသည်မှာ မျက်လုံး၏ မြင်လွှာ ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုဖြစ်ပါတယ်။ မြင်လွှာ ဆိုတာ မျက်လုံးအတွင်းအလွှာမှာရှိပြီး ဦးနှောက်ကို ပုံရိပ်တွေ ပို့ပေးတဲ့ အထူးဆဲလ်နှစ်မျိုးပါရှိပါတယ်။ ဒီအလင်းတုံ့ပြန်ဆဲလ်တွေကို rods နှင့် cones လို့ခေါ်ပါတယ်။ retinitis pigmentosa က မျက်ကြည်လွှာအတွင်းရှိ rods တွေကို ထိခိုက်စေခြင်းဖြင့် တဖြည်းဖြည်း အမြင်အာရုံပျောက်ကွယ်စေပြီး နောက်ဆုံးမှာ လုံးဝကန်းသွားသည်ထိ ဖြစ်နိုင်ပါတယ်။ Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ စာရင်းပြုစုထားခြင်းများအရ လူ ၄၀၀၀ မှာ ၁ ယောက်ဟာ ဒီရောဂါဖြစ်နေပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါမဖြစ်အောင် […]


မျက်စိရောဂါများ

မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ( Conjunctivitis )

မျက်စိနီရဲရောင်ရမ်းခြင်းလို့ခေါ်တဲ့ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းက မျက်ခွံနဲ့ မျက်လုံးအဖြူသားကြားရှိ ပါးလွှာကြည်လင်သော အမြှေးပါးရောင်ရမ်းတဲ့ အခြေအနေတစ်ခုဖြစ်ပြီး နီရဲခြင်းနဲ့ နာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ မျက်စိနီရဲရောင်ခြင်းသည် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါသည်။ မျက်စိနီရဲရောင်ခြင်းသည် သက်တောင့်သက်တာမရှိဖြစ်စေကာအရုပ်ဆိုးစေသော်လည်းမျက်စိအမြင်ကိုထိခိုက်ခြင်းရှားပါသည်။ မျက်စိနီရဲရောင်ခြင်းသည် ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပြီးအခြားလူများသို့ မကူးစက်စေရန် အချိန်မီကုသသင့်ပါသည်။ Conjunctivitis (မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းသည် အလွန်အဖြစ် များသောမျက်စိရောဂါတစ်မျိုးဖြစ်ပါသည်။ ဆေးမသောက် ပါကပျောက်ကင်းမသွားပါ။ မည်သူမဆိုမျက်ခွံအတွင်းသားရောင်ရမ်းခြင်း ဖြစ်နိုင်ပါသည်။ ဆောင်းဦးရာသီတွင် ပို၍ ဖြစ်တတ်ပါသည်။ Conjunctivitis (မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းဖြစ်ပါကမျက်လုံး၏ အဖြူသားများသည် မျက်ခွံအတွင်းသားသွေးကြောများရောင်ရမ်းခြင်းကြောင့် နီရဲလာပါသည်။ ဓါတ်မတည့်မှု ကြောင့် မျက်လုံးနီခြင်းတွင် သင်သည် ယားယံခြင်းကိုခံစားရမည်။ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကို ဖြစ်စေသောအရာများမှာဝတ်ဆံမှုန်များ၊ အိမ်မွေးတိရစ္ဆာန်မှ ဖောက်များ နှင့် အိမ်ရှိ ဖုန်မှုန့်ေများဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်ဖြစ်ပါကမျက်လုံးသည် ရောင်ရမ်းခြောက်ကပ်လာပြီးမျက်ရည်များစီးကျလာပါ […]


မျက်စိရောဂါများ

မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း

ရှေ့တည့်တည့်မြင်ကွင်းကို မြင်ရအောင် အဓိကလုပ်ဆောင်ပေးတဲ့ macula ခေါ် မျက်ကြည်လွှာ အစိတ်အပိုင်း ပါးသွားခြင်းကြောင့် အမြင်အာရုံဝေဝါးခြင်း၊ ရှေ့တည့်တည့်မြင်နိုင်စွမ်း လျော့ကျခြင်းကို ဆေးပညာအရ dry macular degeneration တနည်းအားဖြင့် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းလို့ခေါ်ပါတယ်။ ဒီရောဂါဟာ မျက်စိတစ်ဖက်မှာ စတင်ဖြစ်ပေါ်ပြီး အချိန်ကြာလာတာနဲ့အမျှ နောက်တစ်ဖက်မှာပါ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အမြင်အာရုံတဖြည်းဖြည်း ကျဆင်းလာမှုကြောင့် စာဖတ်တဲ့နေရာ၊ ကားမောင်းတဲ့နေရာနဲ့ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားတဲ့နေရာတွေမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံလုံးဝဆုံးရှုံးသွားမှာတော့ မဟုတ်ပါဘူး။ ရောဂါရှိမှန်း စောစောသိပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ဒီရောဂါကြောင့် အမြင်အာရုံဆုံးရှုံးမှုကို နှောင့်နှေးအောင်တားဆီးနိုင်ပါတယ်။ မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းရဲ့ ရောဂါလက္ခဏာများ မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ အမြင်အာရုံပျက်ယွင်းခြင်း (ဥပမာ မျဉ်းဖြောင့်များကို မျဉ်းကွေးအဖြစ်မြင်ရခြင်း) မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ ရှေ့တည့်တည့်မြင်နိုင်စွမ်း ကျဆင်းခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်