အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။ အသည်းအင်ဇိုင်း တွေက ဘာတွေလဲ။ အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေက သည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ

လူနာက ဗိုက်အောင့် လို့ ဆရာရေလို့ ပြောပြီဆိုရင် ဆရာဝန်ခမျာ ရောဂါပေါင်းစုံကို စဉ်းစားရပါတယ်။ ဗိုက်အောင့်တယ်ဆိုတာက ရောဂါမျိုးစုံရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်သမျှရောဂါတွေက ဗိုက်အောင့်တာနဲ့ လာတတ်ပါတယ်။ ခက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကိုယ်တွင်းအင်္ဂါတွေမှ အများကြီး။ ဒါတင်ပဲလားဆိုတော့ အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ ဝမ်းဗိုက်ထဲက သွေးကြောပေါက်တဲ့ ပြဿနာတွေမှာလည်း ဗိုက်အောင့်နိုင်ပါသေးတယ်။ ဒါကြောင့် ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ ဆိုတာက အရေးကြီးပါတယ်။ သာမန်လေထိုးလေအောင့်ကစလို့ နှလုံးရောဂါတွေထိ ဗိုက်အောင့်နေတာဆိုတော့ ဆရာဝန်အနေနဲ့လည်း ရောဂါရှာရခက်ပါတယ်။ လူနာအနေနဲ့လည်း ဗိုက်အောင့်ရင် ဆေးရုံသွားဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းသွားပြီး ကုရမယ်။ […]


အသည်းရောဂါများ

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့ အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။ အသည်းဆိုတာ အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ […]


အသည်းရောဂါများ

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။ အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ...... အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ အသည်းခြောက်တာ အသည်းရောင်တာ အသည်းအဆီဖုံးတာ အသည်းမှာ အနာဖြစ်တာ အသည်းကင်ဆာ ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ https://hellosayarwon.com/digestive-health/liver-diseases/facts-need-to-know-about-liver-diseases/ အသည်းကို အယ်လ်ကိုဟော​ကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ....... အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် […]


အထက်လန်အောက်လျှောခြင်း

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။ အန်လည်း အန်၊ ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။ အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်ထဲမှာဆိုရင် နိုရိုနဲ့ ရိုတာဗိုင်းရပ်စ်က အဖြစ်အများဆုံးပါပဲ။ ဗိုင်းရပ်စ်ကတော့ ဖြစ်ရင် လူအစုအပြုံလိုက်ဖြစ်တတ်ပါတယ်။ နိုရိုကတော့ လူကြီးရော၊ ကလေးမှာပါ ဖြစ်တတ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားထဲမှာဆိုရင်တော့ အီးကိုလိုင်၊ ဆယ်မွန်နဲလား၊ ကမ်ပိုင်လို စတာတွေကြောင့် ဖြစ်တာများပါတယ်။ ကပ်ပါးပိုးထဲမှာဆိုရင်တော့ ဂျီယားဒီးရား Giardiaကြောင့် ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တာကတော့ ရှားပါတယ်။ အထက်လန်အောက်လျှောရဲ့ လက္ခဏာများ အဓိကလက္ခဏာတွေကတော့ ရုတ်တရက် […]


အစာအိမ်အနာ

အစာအိမ်အနာ နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ အနာမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာအဖြစ်များပါတယ်။ သူတို့ နှစ်ခုကို ပေါင်းပြီး peptic ulcer လို့ ခေါ်ပါတယ်။ ခုပြောမှာကတော့ သူတို့ နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အနာ အကြောင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာ ဆိုတာ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲအမြှေးပါးကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေ နည်းသွားပြီး အနာဖြစ်လာတဲ့ အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ အစာအိမ်အနာ ဖြစ်စေတဲ့ အကြောင်းအရင်း အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေက အလွယ်ပြောရရင် အစာအိမ်အချွဲလွှာကို ပါးစေတဲ့ အကြောင်းရင်းတွေပါပဲ။ […]


အူသိမ်တွင်ဘက်တီးရီးယားပိုးပေါက်ခြင်း

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုတာက ဘက်တီးရီးယားတွေ ရှိနေကြပဲလေ။ ဒါအဆန်းတော့ မဟုတ်ဘူးမလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တချို့ဘက်တီးရီးယားတွေဆို အူလမ်းကြောင်းကို ကျန်းမာစေတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေပါ။ ခုပြောမှာက နဂိုရှိရမယ့် ဘက်တီးရီးယားတွေလည်း မဟုတ်၊ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက်လည်း ပိုများပြီး လူကို ဒုက္ခပေးနိုင်တာမျိုးပါ။ ပြီးတော့ အူသိမ်ပိုင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေပါ။ ဒါကို အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)  - Small Intestinal Bacterial Overgrowth (SIBO)လို့ ခေါ်ပါတယ်။ အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း အကြောင်းရင်း အဓိကကတော့ အူသိမ်က ကောင်းကောင်း မလှုပ်တာကြောင့် အစာခြေတာနောက်ကျပြီး ဘက်တီးရီးယားတွေ ပေါက်လာတာပါ။ မြင်အောင် ပြောရရင် အပြင်မှာ ထမင်းဟင်းတွေကို အချိန်အကြာကြီး ထားထားရင် သိုးသွားသလိုပါပဲ။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဘာကြောင့် လေပွ နေရတာလဲ။

လေပွ နေတယ်ဆိုပြီး ပြောလိုက်ရင် ရောဂါတစ်ခု၊ အထူးအဆန်းကိစ္စတစ်ခုလို့ ထင်ကြတယ်။ တကယ်တော့ ဗိုက်ထဲမှာ (အစာအိမ်နဲ့ အူလမ်းကြောင်းမှာ) လေဆိုတာက ရှိပြီးသားပါပဲ။ ဒါပေမယ့် ရှိသင့်တာထက် များလာတဲ့အခါ  ဗိုက်ထဲမှာ ခပ်တင်းတင်း ဖြစ်လာမယ်။ လေနာမယ်။ လေချဉ်တက်မယ်။ လေလည်မယ် စသဖြင့် ခန္ဓာကိုယ်က အချက်ပြလာပါတယ်။ လေပွတာက ယာယီပဲ ဖြစ်ပြီး အများအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ လေတက်မယ်၊ လေလည်လိုက်တယ်ဆိုရင် သက်သာသွားတာပါပဲ။ တချို့တွေမှာတော့ ပုံမှန်အတိုင်း လေပမာဏ နည်းနည်းပဲ ရှိနေတာတောင်မှ လေပွတဲ့ ပြဿနာကို ခံစားရတာမျိုးလည်း ရှိပါတယ်။ လေပွ တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။ အူထဲမှာ လေရှိတာက ပုံမှန်ပဲ ဖြစ်ပြီး ဒီလေတွေက အစားအစာတွေကို ဝါးမျိုတဲ့အခါ အတူပါလာပါတယ်။ လေတွေ များလာရင်တော့ အပေါ်ကနေ လေတက်ပြီးပဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

အစာအိမ် နဲ့ အူလမ်းကြောင်း ဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစားအစာတွေကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။ နေ့စဉ်နဲ့ အမျှ စားသောက်နေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း က နေမကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ က ဘာများလဲ။ ဘယ်လိုတွေ ကုသလို့ရနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကတော့ စားချဉ့်ပြန်ရောဂါ မထင်မှတ်ထားလောက်အောင်ကို ဒီဝေဒနာခံစားနေရတဲ့ လူနာတွေက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်နဲ့ အူလမ်းကြောင်း က အစာတွေကို ဘယ်လိုချေဖျက်ပေးနေသလဲ။

တစ်နေ့ တစ်နေ့ လှုပ်ရှားလုပ်ကိုင်နိုင်ဖို့ဆိုတာ အင်အားတွေ ပြည့်နေရမှာပါ။ ဒီလိုအပ်တဲ့ အင်အားတွေကို စားသောက်နေတဲ့ အစားအစာတွေက ရတာပေါ့။ ဒီအစားအစာတွေကို ချေဖျက်ပေးမယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နေမှ အစားအစာတွေကနေ လိုအပ်တဲ့ အာဟာရတွေ ရပြီး မလိုတာတွေကို ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်အောင် စွန့်ထုတ်နိုင်မှာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာတွေပါ အစာအိမ်နဲ့ အူလမ်းကြောင်းက ခံတွင်းကစပြီး စအိုမှာ ဆုံးပါတယ်။ စားလိုက်တဲ့ အစားအစာတစ်ခုကို ပါးစပ်ကစပြီး စအိုထိ အစာခြေစနစ်တစ်လျှောက် လိုသလို ပြုပြင်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လိုအပ်တဲ့ အင်အားတွေ၊ အာဟာရတွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းပြီး မလိုတာတွေကို မစင်အဖြစ် အပြင်ကို စွန့်ထုတ်နိုင်တာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ တာဝန်များ ပါးစပ်ကစလို့ စအိုအထိ အသုံးမလိုတဲ့ နေရာ၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်