မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
ကင်ဆာ အဆင့်ဆိုတာက လူတစ်ဦးမှာ ခံစားနေရတဲ့ ကင်ဆာ အမျိုးအစားကို ရည်ညွှန်းပါတယ်။ ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။ ကင်ဆာအဆင့်ကို ဘယ်လို သတ်မှတ်လဲဆိုတော့ ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာက ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပြန့်နှံ့နေပြီလား ဆိုတဲ့အပေါ်ကို မူတည်ပြီး သတ်မှတ်တာပါ။
ကင်ဆာ အဆင့်သတ်မှတ်တာတွေက ကင်ဆာ အမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကင်ဆာအဆင့်တွေကြားက ကွာခြားချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။
ကင်ဆာရောဂါ တစ်မျိုးမျိုး ဖြစ်လာပြီဆိုရင် အရင်ဆုံး လုပ်ဆောင်ရတာ တစ်ခုက ကင်ဆာအဆင့်ကို သတ်မှတ်တာပါ။ ဒီလို သတ်မှတ်တာက ဆရာဝန်တွေကို ကင်ဆာ အခြေအနေကို သတ်မှတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဆရာဝန်တွေက ကင်ဆာ အဆင့်သတ်မှတ်ချက်ကို အသုံးချပြီး ကင်ဆာကျိတ် အရွယ်အစား နဲ့ဘယ်အစိတ်အပိုင်းတွေကို ပြန့်နေပြီလဲဆိုတာကို ဖော်ပြကြပါတယ်။ ကင်ဆာ အဆင့် သတ်မှတ်ချက်က
အမေရိကန် ကင်ဆာ ကုသရေး အဖွဲ့အစည်းကတော့ ကင်ဆာ အဆင့်သတ်မှတ်ချက်က အတော်လေး အရေးပါပါတယ်။ ကင်ဆာ အစောပိုင်းအဆင့်မှာဆိုရင်
နောက်ပိုင်းအဆင့်ရောက်လာပြီဆိုရင်တော့ တုံ့ပြန်မှု ကောင်းပြီး ရလဒ် ကောင်းစေဖို့အတွက်
ကင်ဆာရောဂါတွေက အမျိုးမျိုးရှိပါတယ်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ တို့ကစလို့ ဆီးကျိတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာတွေအထိ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။
ကင်ဆာရောဂါတိုင်းကို အဆင့် ၄ ဆင့် ခွဲပြီး သတ်မှတ်ကြပါတယ်။ အစောပိုင်း အဆင့်ကနေ အပြင်းထန်ဆုံး အဆင့် ဆိုပြီးတော့ပေါ့။ အဆင့် သတ်မှတ်ချက်မှာ ဂဏန်းတန်ဖိုးတွေ ကြီးလာလေလေ ကင်ဆာက ပြင်းထန် လေလေ ဖြစ်ပြီး အသက်ရှင်နိုင်ခြေကလည်း နည်းလေလေပါ။
ကျွမ်းကျင်သူတွေရဲ့ ကင်ဆာအဆင့် သတ်မှတ်မှု အသုံးအနှုန်းတွေကိုလည်း ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ်ပြောပြချင်တဲ့ အချက်တစ်ရပ်ကတော့ ကင်ဆာအားလုံးမှာ အဆင့်သတ်မှတ်ချက်တွေ မရှိပါဘူး။ သွေးကင်ဆာကို အဆင့် သတ်မှတ်လို့ မရပါဘူး။ ဦးနှောက်ကင်ဆာလိုမျိုး အချို့ကင်ဆာတွေမှာတော့ ရောဂါအခြေအနေကို ဆန်းစစ်နိုင်တဲ့ ကိုယ်ပိုင်စနစ်တွေ ရှိနေပါတယ်။
ကုထုံးကလည်း အခြေအနေကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ များသော အားဖြင့်ကတော့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတာ အနီးတဝိုက်က တစ်ရှူးတွေကို ဖယ်ရှားတာကို အများဆုံး လုပ်ကြပါတယ်။ ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား တိုက်ဖျက်တဲ့ ကုသမှုမျိုး မလိုပါဘူး။
ကင်ဆာအဆင့် ၀ မှာ ရှင်သန်နိုင်ခြေက အခြား အဆင့်တွေထက် ပိုများပါတယ်။ ကင်ဆာ အမျိုးအစားကို လိုက်ပြီးတော့ ကွာခြားတာမျိုးတော့ ရှိနိုင်ပါတယ်။ ဥပမာ ပြောပြရရင် ရင်သားကင်ဆာ အဆင့် 0 က ရှင်သန်နိုင်ခြေ ၉၉ ရာခိုင်နှုန်း အထိ ရှိပါတယ်။
အဆင့် ၁ က ကင်ဆာ အစောပိုင်း အဆင့် တစ်ဆင့်ပါ။ ကင်ဆာကျိတ် စဖြစ်နေပါပြီ။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက အနီးတဝိုက်က တစ်ရှူးတွေနဲ့ ပြန်ရည်ကျိတ်တွေဆီကို ပြန့်သွားတာမျိုးတော့ မရှိသေးပါဘူး။
ကင်ဆာ အဆင့် ၁ အတွက် ကုထုံးမှာ ကင်ဆာဆဲလ်တွေကို ခွဲစိတ် ကုသတာ၊ ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသတာတွေ ရှိပါတယ်။ ကင်ဆာ အမျိုးအစားပေါ်လိုက်ပြီး ကုထုံးကတော့ ကွာခြားနိုင်ပါတယ်။
ကင်ဆာ အဆင့် ၁ က ကင်ဆာ အစောပိုင်း အဆင့်တစ်ရပ်ပါ။ အခြား ကင်ဆာ အဆင့်တွေထက် ရှင်သန်နိုင်ခြေ တော်တော်လေး များပါတယ်။
ကင်ဆာ အဆင့် ၂ ဆိုတာက ကင်ဆာကျိတ်က နည်းနည်းလေး ကြီးလာပါပြီ။ အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်နေပါပြီ။
ကင်ဆာ အမျိုးအစား၊ အသက်အရွယ် နဲ့ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအပေါ်မူတည်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။ အဆင့် ၂ မှာ ကုထုံးအနေနဲ့ ကင်ဆာကျိတ်တွေကို ခွဲစိတ်ဖယ်ရှား ကုသတာ၊ ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသတာတွေ ရှိပါတယ်။
ကင်ဆာ အဆင့် ၂ ကလည်း ကုသလို့ ရသလို ရှင်သန်နိုင်ခြေ များတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီ ရှင်သန်နိုင်ခြေက အသက်အရွယ်၊ ကျန်းမာရေး အခြေအနေတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။
ကင်ဆာ အဆင့် ၃ မှာ ကင်ဆာကျိတ်ကတော့ ဖြစ်နေပါပြီ။ ဒီအခြေအနေမှာ ကင်ဆာကျိတ်က သိပ်မကြီးတာမျိုး ဖြစ်နိုင်သလို အဆင့် ၁ နဲ့ အဆင့် ၂ ထက် အကျိတ်က ပိုကြီးနေပြီး အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာ တစ်ခါတလေ ပြန်ရည်ကျိတ်တွေ အနီးတဝိုက်ထိပါ ကင်ဆာဆဲလ်တွေ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။
တိတိကျကျ သိရှိနိုင်ဖို့ကတော့ ကင်ဆာအမျိုးအစားနဲ့ လူနာပေါ်မှာ လိုက်ပြီး ကွာခြားနိုင်ပါတယ်။
ကုထုံးကတော့ အဆင့် ၁ နဲ့ ၂ ထက်ပိုပြင်းထန်နိုင်ပါတယ်။ ကင်ဆာဖြစ်တဲ့နေရာကို လိုက်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။
ကင်ဆာအဆင့် ၃ မှာ ရှင်သန်နိုင်ခြေက ကင်ဆာအဆင့် ၁ နဲ့ ၂ ထက် ပိုနည်းပါတယ်။ ရှင်သန်နိုင်ခြေက လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ အားလုံးအပေါ်မူတည်နေပါတယ်။
ကင်ဆာအဆင့် ၄ က ကင်ဆာရဲ့ အပြင်းထန်ဆုံး အဆင့်ပါ။ ဆရာဝန်က ကင်ဆာအဆင့် ၄ လို့ သိရှိချိန်မှာ ကင်ဆာကျိတ်က တော်တော်လေး ကြီးနေပါပြီ။ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်က အခြား အစိတ်အပိုင်းတွေဆီကို ပြန့်နေပါပြီ။
ဒီအဆင့်မှာတော့ ဆရာဝန်က ပြင်းထန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့ အကြံပြုပါလိမ့်မယ်။ ဒီအခြေအနေမှာ ကုထုံးပေးရတာက ကင်ဆာ ပြန့်တဲ့နှုန်းကို နှေးသွားစေဖို့နဲ့ ကင်ဆာ ပြန့်ပွားမှုကို ရပ်တန့်ဖို့ပါ။ လူနာကို သက်တောင့်သက်သာ ရှိစေဖို့ပါ။
ကုထုံးက ကင်ဆာအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားသွားနိုင်ပါတယ်။ ဒီအဆင့်မှာတော့
-Radiation therapy (ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း)
-ခွဲစိတ်ကုသမှု
-Chemotherapy (ဆေးသွင်းကုသခြင်း)
-ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား တိုက်ဖျက်တဲ့ ဆေးသွင်းကုထုံးတွေ အပါအဝင် ကုထုံး များစွာကို အသုံးပြုပြီး ကုသပေးမှာ ဖြစ်ပါတယ်။
ကင်ဆာ အဆင့် ၄ မှာ အသက်ရှင်နိုင်ခြေက တော်တော်လေး နည်းသွားပါပြီ။ ဒီအဆင့်မှာ ရှင်သန်နိုင်ခြေက လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေတို့အပါအဝင် အလုံးစုံသော အချက်အလက်တွေနဲ့ သက်ဆိုင်နေပါတယ်။
ကင်ဆာတိုင်းကို အပေါ်မှာ ပြောခဲ့တဲ့ အဆင့်တွေလိုမျိုး တထစ်ချ ဆုံးဖြတ်လို့ မရပါဘူး။ အကြောင်းကတော့ ကင်ဆာတိုင်းက အကျိတ်တွေ ဖြစ်တာ မဟုတ်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို ပြန့်တာမျိုး မဟုတ်ပါဘူး။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။