backup og meta

အဆုတ်ကင်ဆာ အဆင့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာ အဆင့်များ

    သင်သည် အဆုတ်ကင်ဆာ ခံစားနေရပြီဆိုလျှင် ဆရာဝန်ကသင့်တွင်ဖြစ်နေသော ကင်ဆာ အဆင့်ကို သတ်မှတ်ပေးပါလိမ့်မည်။ လူအများ၏အမြင်တွင် ကင်ဆာအဆင့်မြင့်လာလေလေ ရောဂါ ကျွမ်းလာလေလေ ဟု မြင်တတ်ကြပါသည်။ ထိုထင်မြင်ချက်သည် အတိုင်းအတာတစ်ခု အထိမှန်ကန်ပါသည်။ အဆုတ်ကင်ဆာတွင် သတ်မှတ်ထားသော အဆင့်များသည် အဆုတ်တွင် ကင်ဆာဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်အပိုင်းတွေကို ပြန့်နှံ့သွားပြီလဲ ဖော်ပြခြင်းဖြစ်ပါသည်။

    ဘာကြောင့် အဆုတ်ကင်ဆာ အဆင့်များခွဲရန် လိုအပ်သလဲ။

    ကင်ဆာ အဆင့်များကို ကြည့်ခြင်းဖြင့် ကင်ဆာ၏ အရွယ်အစား၊ ပြန့်နှံ့မှုတို့ကို သိနိုင်ပါသည်။ ထို့ပြင် ကင်ဆာနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် လူနာကြားထဲတွင် အကောင်းဆုံး နားလည်အောင် ရှင်းပြနိုင်မည့်နည်း ဖြစ်သလို ကင်ဆာကြောင့် လူနာ၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကောင်းသော နည်းလည်းဖြစ်ပါသည်။

    ထို့ကြောင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို ရွေးချယ်နိုင်ပါသည်။

    အဆုတ်ကင်ဆာ အနုစားများကို ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည် ပြခြင်းများဖြင့် ကုသနိုင်ပါသည်။

    အဆုတ်ကင်ဆာ အဆင့်များက ဘာလဲ။

    အဆုတ်ကင်ဆာကို ဆဲလ်အသေးများမှဖြစ်သော ကင်ဆာနှင့်

    ဆဲလ်အသေးများမှမဖြစ်သော ကင်ဆာဟူ ၂ မျိုးခွဲထားပါသည်။

    ဆဲလ်အသေးများမှဖြစ်သော ကင်ဆာ

    ယင်းသည် အဆင့် ၂ ဆင့်ရှိပြီး ပြန့်ပွားမှုနှုန်းမြန်ပါသည်။

    ပထမအဆင့်မှာ အဆုတ်တနေရာတည်းတွင် ဖြစ်ပြီး ဒုတိယအဆင့်မှာ အဆုတ် နှစ်ခုလုံးတွင် ပြန့်သွားခြင်း ဖြစ်ပါသည်။

    ဆဲလ်အသေးများမှ မဖြစ်သော ကင်ဆာ

    ယင်းသည် ဆဲလ်အသေးများမှဖြစ်သော ကင်ဆာထက် ပိုရှုပ်ထွေးပြီး အဆင့်များလည်း ပိုများပါသည်။

    အပုန်းအဆင့်

    အဆင့် 0

    အဆုတ်တွင် ကင်ဆာလုံးကို မတွေ့ရသေးသော်လည်း စစ်ဆေးမှုများ အရ ကင်ဆာဆဲလ်များ တွေ့ရသော အဆင့်ဖြစ်ပါသည်

    အဆင့်1A

    ကင်ဆာဆဲလ်များကို အဆုတ်၏ အတွင်းဆုံးနှင့် အနက်ရှိုင်းဆုံး တစ်သျုးအလွှာများတွင် တွေ့ရပါသည်။ အရွယ်စားသည် ၃ မီလီမီတာအောက်ဖြစ်ပြီး လေပြွန်များ၊ ပြန်ရည်ကြောဖုများသို့ မပြန့်နှံ့သေးပါ။

    အဆင့်1B

    ကင်ဆာဆဲလ်များသည် ပိုကြီးလာပြီး အဆုတ်တစ်သျူးများအတွင်းသို့ ပိုပြန့်နှံ့လာသည်။ ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာထက်ကြီးပြီး အဆုတ်အမြှေး သို့မဟုတ် ပင်မလေပြွန်အတွင်းသို့ပြန့်သွားသည်။

    သို့သော် ပြန်ရည်ကျောဖုများထဲသို့ မပြန့်သေးပါ။ ခွဲစိတ်ခြင်းနှင့် တစ်ခါတစ်ရံတွင် ကင်ဆာဆေးများဖြင့် အဆင့် ၁အေ နှင့် ၁ ဘီ တို့ကို ကုသပါသည်။

    အဆင့်2A

    ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာအောက်ငယ်ပြီး ကင်ဆာဖြစ်သော ဘက် ပြန်ရည်ကြောဖုများသို့ ပြန့်နေပါသည်။

    အဆင့်2B

    ကင်ဆာသည် ပြန်ရည်ကြောဖုများသို့ မပြန့်သော်လည်း ရင်ဘတ်၊ ပင်မလေပြွန်နှင့် နှလုံးကြွက်သားများသို့ ပြန့်နေပါသည်။

    သို့သော် အောက်ပါအချက်များအနက်မှ တစ်ချက်နှင့် ကိုက်ညီလျှင် ကင်ဆာသည် ပြန်ရည်ကြောဖုများသို့ ပြန့်နေကြောင်း ယူဆနိုင်ပါသည်။ ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာထက်ကြီးခြင်း၊ ပင်မလေပြွန်နှင့် အဆုတ်အမြှေးသို့ ပြန့်နေခြင်း တို့ဖြစ်ပါသည်။

    အဆင့်3A

    ကင်ဆာဆဲလ်များကို အဆုတ်နှင့် ရင်ဘတ်အလယ်ရှိ ပြန်ရည်ကြောဖုများတွင် တွေ့ရပါသည်။ ထိုအဆင့်သည် အခြားနေရာများကို မပြန့်သေးသောကြောင့် ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။

    အဆင့်3B

    ကင်ဆာကြိတ်သည် မည်သည် အရွယ်အစားမဆို ဖြစ်နိုင်ပါသည်။ ကင်ဆာသည် အဆုတ် ၂ ဖက်စလုံး၊ လည်ပင်း၊ နှလုံး၊ ပင်မသွေးကြောများ နှင့် အစာရေမြုပြွန်းများကို ပြန့်သွားပြီး ထိုအဆင့်တွင် ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ ထို့ပြင် ဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

    အဆင့်4

    ထိုအဆင့်တွင် ကင်ဆာဆဲလ်များသည် တစ်ကိုယ်လုံးသို့ ပြန့်သွားသော ကင်ဆာနောက်ဆုံးအဆင့် ဖြစ်ပါသည်။ လူနာအနေဖြင့် ကောင်းနိုးနိုးဆေးဝါးစမ်းသပ်မှုများကို ပြုလုပ်မှုခံယူခြင်း ၊ ရောဂါဝေဒနာများကို သက်သာစေခြင်း နည်းလမ်းများသာ ရှိပါတော့သည်။

    အထက်ပါ အဆင့်သတ်မှတ်ချက်များအပြင် TNM စနစ်ဖြင့်လည်း ကင်ဆာ အဆင့်များကို သတ်မှတ်နိုင်ပါသည်။ T သည် ကင်ဆာကြိတ်ကို ကိုယ်စားပြုသည်။ N သည် ပြန်ရည်ကြောဖုများနှင့် M သည် ကင်ဆာပြန့်နှံ့မှုကို ကိုယ်စားပြုပါသည်။

    ဥပမာ T0သည် ကင်ဆာကြိတ်မရှိဟု ဆိုလိုပြီး N1သည် ကင်ဆာသည် ပြန်ရည်ဖုများသို့ ပြန့်နေကြောင်း ဆိုလိုခြင်းဖြစ်သည်။

    အချုပ်အားဖြင့် ဆိုသော် အဆုတ်ကင်ဆာကို အဆင့်များခွဲခြင်းဖြင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို ရွေးချယ်နိုင်ပါသည်။ သို့သော် ထို အဆင့်များသည် လူနာ၏ ရောဂါအခြေအနေ ကြိုတင်သုံးသပ်ချက်များနှင့် အမြဲမသက်ဆိုင်ကြောင်း သတိပြုပါ။ လူနာ၏ ရောဂါအခြေအနေ ကြိုတင်သုံးသပ်ချက်များသည် လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေ၊ ဆေးကုသမှုကို ခံနိုင်ရည်ရှိခြင်း၊ တိုးတက်မှု ရှိခြင်း မရှိခြင်းများ အပေါ်တွင် များစွာ မူတည်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement